သီဟတင်စိုး
ပုံပန်းသွင်ပြင်
| ထပ်ဆင့်အကယ်ဒမီ သီဟတင်စိုး | |
|---|---|
| မွေးဖွား | ၁၉၆၇/၁၉၆၈ |
| ကွယ်လွန် | (အသက် ၅၅) |
| သေဆုံးရခြင်း အကြောင်းရင်း | နှလုံးရောဂါ |
| နိုင်ငံသား | မြန်မာ |
| အလုပ်အကိုင် | သရုပ်ဆောင်၊ ဒါရိုက်တာ |
| တက်ကြွလှုပ်ရှားနှစ်များ | -2023 |
| ထင်ရှားသည့် လုပ်ဆောင်မှု | ငရဲသား |
| အိမ်ထောင်ဖက်(များ) | ဇင်မာဦး |
| သားသမီး | သား ၁ ဦး၊ သမီး ၁ ဦး |
| မိဘ(များ) | ဦးတင်စိုး |
| ဆွေမျိုးသားချင်း | ဉာဏတင်စိုး၊ စည်သူတင်စိုး၊ ခင်စံပယ်ဦး |
| ရရှိသည့်ဆုများ | မြန်မာ့ရုပ်ရှင်ထူးချွန်ဆု |
သီဟတင်စိုး(၁၉၆၇/၆၈-၂၁ ဖေဖော်ဝါရီ ၂၀၂၃) သည် မြန်မာ ရုပ်ရှင်နှင့် ဗွီဒီယို ဝါရင့်သရုပ်ဆောင် တစ်ဦး ဖြစ်ကာ ၂၀၀၀ ပြည့်နှစ်တွင် ငရဲသား ဇာတ်ကားဖြင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (သရုပ်ဆောင်ဆုနှင့် ဒါရိုက်တာဆု)ကို ရရှိခဲ့သည်။ တော်လှန်ရေးဇာတ်ကားများ ရိုက်ကူး သရုပ်ဆောင်ခြင်းဖြင့် ကျော်ကြားလာသည်။ ဇနီးမှာ သရုပ်ဆောင် ဇင်မာဦး ဖြစ်သည်။ ၂၀၂၃ ဖေဖော်ဝါရီ ၂၁ (တနင်္လာ)နေ့တွင် နှလုံးဖောက်ရာ သင်္ကန်းကျွန်းဆေးရုံသို့ ပို့ဆောင်သော ဆေးရုံကားပေါ်တွင် ကွယ်လွန်သည်။ နှလုံးရောဂါဖြင့် ကွယ်လွန်ချိန်တွင် အသက် ၅၅ နှစ် ဖြစ်သည်။[၁][၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ သရုပ်ဆောင် သီဟတင်စိုး ကွယ်လွန် (21 ဖေဖော်ဝါရီ 2023)။ 22 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၃ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ဖခင် ရဲ့ ရုတ်တရက် ဆုံးပါးသွားမှုနဲ့ပတ်သက်လို့ ရင်ဖွင့်လာတဲ့ သီဟတင်စိုးရဲ့ သမီးဖြစ်သူ (in my)။ ၂၃ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။