မာတိကာသို့ ခုန်သွားရန်

သီရုဝဝီလမင်္ဂလရာဇမဟာဝိဟာရ

ဝီကီပီးဒီးယား မှ
သီရုဝဝီလမင်္ဂလရာဇမဟာဝိဟာရ
සේරුවාවිල මංගල රජ මහා විහාරය
အချက်အလက်များ
တည်နေရာSeruwawila, Sri Lanka
ကိုဩဒိနိတ်8°22′15″N 81°19′09.8″E / 8.37083°N 81.319389°E / 8.37083; 81.319389ကိုဩဒိနိတ်: 8°22′15″N 81°19′09.8″E / 8.37083°N 81.319389°E / 8.37083; 81.319389
ဘာသာရေး နှီးနွယ်မှုBuddhism
ခရိုင်Trincomalee
စီရင်စုEastern Province
နိုင်ငံသီရိလင်္ကာနိုင်ငံ
အမွေအနှစ် သတ်မှတ်ခြင်းArchaeological protected monument[] (1962)
ဗိသုကာ
ဗိသုကာ အမျိုးအစားBuddhist Temple
တည်ထောင်သူKing Kavantissa

သီရုဝဝီလမင်္ဂလရာဇမဟာဝိဟာရ သည် သီရိလင်္ကာနိုင်ငံ၊ အရှေ့ပိုင်းစီရင်စုနယ်၊ ထရင်ကွန်မလီးမြို့တွင် တည်ရှိသည့် ရှေးဟောင်းဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။ ဤဝိဟာရသည် သီရိလင်္ကာနိုင်ငံ၏ အထွတ်အမြတ်ထားရာ နေရာ ၁၆ သို့မဟုတ် ၁၇ နေရာထဲတွင် ပါဝင်သည်။

ကျောင်းတော်ကို Ruhuna မင်းသားဖြစ်သည့် ဘုရင် Kavan Tissa (ဘီစီ၂ ရာစု) အုပ်စိုးသည့်ကာလတွင် တည်ထားခဲ့သည်။ ကျောင်းတော်တွင် ဗုဒ္ဓ၏ နဖူးအရိုးဓာတ်တော်လည်း ကိန်းဝပ်တည်ရှိခဲ့သည်။ ကျောင်းတော်ကို ကုန်းလမ်းကြောင်း၊ ရေလမ်းကြောင်း စသည်များမှ ရောက်ရှိနိုင်သည်။ ပင်လယ်ရေလမ်းကြောင်းမှ သွားမည်ဆိုပါက ထရင်ကွန်မလီးမှ မတ်တာ (Muttur) သို့ ရေလမ်းကြောင်းမှ သွားရပြီး ထို့နောက်တွင် ကုန်းလမ်းကြောင်း ၁၆ ကီလိုမီတာ ခရီးကို သွားရမည် ဖြစ်သည်။ ထို့နောက်တွင် သွားရမည့် ကုန်းလမ်းကြောင်းခရီးသည် ကန်တလီမှ တစ်ဆင့် Allai အထိ ဖြစ်ပြီး ၎င်းလမ်းကြောင်းသည် တောထူထပ်က ခန့်မှန်းခြေအားဖြင့် ၄၅ ကီလိုမီတာခရီး ရှိသည်။

သမိုင်းကြောင်းနှင့် ဖွံ့ဖြိုးတိုးတက်လာမှု

[ပြင်ဆင်ရန်]

လက်ရှိကာလ ထိန်းသိမ်းစောင့်ရှောက်မှု

[ပြင်ဆင်ရန်]

ပြင်ပလင့်များ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. Seruwila Department of Archaeology 29 March 2016 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]