သီရိလင်္ကာလွှတ်တော်ရွေးကောက်ပွဲ(၂၀၁၀)

ဝီကီပီးဒီးယား မှ

၂၀၁၀ခုနှစ်၊ ဧပြီလ (၉)ရက်တွင် ပြုလုပ်ခဲ့သော သီရိလင်္ကာ လွှတ်တော်ရွေးကောက်ပွဲ၌ သမ္မတ မဟင်ဒါရာဇာပက်ဆာ၏ ပါတီကအနိုင်ရခဲ့သည်။ သမ္မတ၏ United People's Freedom Alliance (UPFA) က အမတ်နေရာ ၂၂၅ နေရာအနက် ၁၁၇နေရာရရှိခဲ့ပြီး အမတ် ၄၅ နေရာ ကိုကြေညာရန် ကျန်ရှိနေသည်ဟု ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်အရ သိရသည်။ အဓိကအတိုက် အခံ United National Party (UNP) ကအမတ်နေရာ ၄၆ နေရာရရှိခဲ့ သည်။ မကြေညာရသေးသော အမတ်နေရာ ၂၅ နေရာအနက် ၂၄ နေရာကို UPFA ပါတီက ရရှိနိုင်သည်ဟုဆိုသော်လည်း အခြေခံဥပဒေပြင်ဆင်ရေး လုပ်ဆောင်နိုင်မည့် အမတ်နေရာ သုံးပုံနှစ်ပုံရရှိရန် အမတ်ကိုးနေရာ လိုအပ်ဆဲဖြစ်သည်။ ယခုလွှတ်တော်ရွေးကောက်ပွဲ သည် ၂၀၀၉ခုနှစ်၊ မေလတွင် တမီလ်သူပုန်များကို အောင်နိုင်ခဲ့ပြီးနောက် ပထမဆုံးပြုလုပ်ခြင်းဖြစ်ပြီး မဲပေးသူအရေအတွက် စံချိန်တင် လျော့ကျခဲ့ကြောင်း သိရကာ မဲအတုပြုလုပ်ခြင်းရှိခဲ့ကြောင်းသိရသည်။ သမ္မတရာဇာပက်ဆာသည် သမ္မတရွေး ကောက်ပွဲတွင် အနိုင်ရပြီးသုံးလအကြာတွင် လွှတ်တော်ရွေးကောက်ပွဲ၌ ထပ် မံအနိုင်ရရန် အခြေအနေ ကောင်းနေသည်။ တမီလ်သူပုန်များကို တိုက်ခိုက်ရာတွင် ပူးတွဲဦးဆောင်ခဲ့ပြီး သမ္မတ ရွေးကောက်ပွဲ၌ အဓိကပြိုင်ဘက်ဖြစ်ခဲ့သူ စစ်ဦးစီးချုပ်ဟောင်း ဆာရတ်ဖွန်ဆီကာ၏ပါတီသည်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမတ်ငါးနေရာသာ ရရှိခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]