သီရိလင်္ကာနိုင်ငံ ဗုဒ္ဓဘာသာနှင့် ပါဠိတက္ကသိုလ်

ဝီကီပီးဒီးယား မှ
Buddhist and Pali University of Sri Lanka
ශ්‍රී ලංකා බෞද්ධ හා පාලි විශ්වවිද්‍යාලය
အမျိုးအစားPublic, Buddhist University
တည်ထောင်1985
အဓိပတိVen.Warakagoda Gnanarathana,Mahanayake Thero Asgiriya Chapter
ဒုအဓိပတိVen. Prof. Gallelle Sumanasiri Thero
မဟာဌာနမှူးVen. Prof. WAWWE DHAMMARAKKHITHA THERO
ဝန်ထမ်းဦးရေ
160 (41 Academics)
သင်တန်းသား600
ဘွဲ့ကြိုဦးရေ1050
ဘွဲ့လွန်ဦးရေ560
ပါရဂူသင်တန်းသား
30
တည်နေရာGurulugomi mawatha, Pitipana North, Homagama, Sri Lanka
နှီးနွယ်အဖွဲ့အစည်းများAssociation of Commonwealth Universities
ဝဘ်ဆိုဒ်bpu.ac.lk

သီရိလင်္ကာနိုင်ငံ ဗုဒ္ဓဘာသာနှင့် ပါဠိတက္ကသိုလ် သည် သီရိလင်္ကာနိုင်ငံ၊ Homagama တွင် တည်ရှိသည့် ဗုဒ္ဓဘာသာတက္ကသိုလ်တစ်ခု ဖြစ်သည်။ ၎င်းကို ၁၉၈၁ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ဌာနနှစ်ခုဖြင့် ဖွဲ့စည်းထားသည်။

ရည်မှန်းချက်[ပြင်ဆင်ရန်]

စာကြည့်တိုက်

တက္ကသိုလ်၏ ရည်မှန်းချက်များသည် သီရိလင်္ကာဗုဒ္ဓဘာသာနှင့်ပါဠိတက္ကသိုလ် ဥပဒေအမှတ် ၇၄/၁၉၈၁ ကို တက္ကသိုလ်က ပြင်ဆင်ထားသည့် သီရိလင်္ကာဗုဒ္ဓဘာသာနှင့်ပါဠိတက္ကသိုလ် ဥပဒေအမှတ် ၃၇/၁၉၉၅ ပါ အချက်အလက်များအတိုင်း ဖြစ်သည်။

သမိုင်း[ပြင်ဆင်ရန်]

တက္ကသိုလ် အဓိကဝင်ပေါက်
တက္ကသိုလ် အဓိကဝင်ပေါက်

သီရိလင်္ကာဗုဒ္ဓဘာသာနှင့် ပါဠိတက္ကသိုလ်ကို ပါလီမန်၏ ဥပဒေအမှတ် ၇၄/၁၉၈၁ ဖြင့် စတင်တည်ထောင်ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ တက္ကသိုလ်တည်ထောင်ရခြင်း ရည်မှန်းချက်များတွင် ဗုဒ္ဓဘာသာထွန်းကားပြန့်ပွားရေး၊ သီရိလင်္ကာနှင့် နိုင်ငံခြားမှ ပါဠိနှင့် ဗုဒ္ဓဘာသာကို လေ့လာမှုများ တိုးတက်စေရေး၊ သက်ဆိုင်ရာနယ်ပယ်များတွင် သုတေသနဌာနများ ပေါ်ပေါက်လာစေရန် ရည်ရွယ်ခဲ့သည်။ အထက်ဖော်ပြပါ ဥပေဒကို တက္ကသိုလ်က ဥပဒေအမျဝ် ၃၇/၁၉၉၅ အဖြစ် ပြင်ဆင်ခဲ့သည်။ ဤတက္ကသိုလ်၏ ဖွဲ့စည်းတည်ဆောက်ပုံကိုလည်း သီရိလင်္ကာရှိ အခြားသော တက္ကသိုလ်များ၏ ဖွဲ့စည်းတည်ဆောက်ပုံများကဲ့သို့ ပြန်လည်ဖွဲ့စည်းပြင်ဆင်ခဲ့သည်။

ဤတက္ကသိုလ်သည် ဓနသဟာယတက္ကသိုလ်များအဖွဲ့၊ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓတက္ကသိုလ်များအဖွဲ့တို့၏ မိတ်ဖက်တက္ကသိုလ်တစ်ခု ဖြစ်သည်။

ဌာနများ[ပြင်ဆင်ရန်]

ဗုဒ္ဓဘာသာလေ့လာရေးဌာန[ပြင်ဆင်ရန်]

တက္ကသိုလ်အုပ်ချုပ်ရေးမှူး၊ ဗုဒ္ဓဘာသာလေ့လာရေးဌာန၊ Prof. Samantha Illangakoon

ဌာနများ:

  • ဗုဒ္ဓဘာသာအတွေးအခေါ်ဌာန
  • ကိုးကွယ်ယုံကြည်မှုနှင့် ခေတ်ပြိုင်အတွေးအခေါ်ဌာန
  • ဗုဒ္ဓဘာသာယဉ်ကျေးမှုဌာန
  • ရှေးဟောင်းသုတေသနဌာန

သင်ကြားရေးယူနစ်များ:

  • ကွန်ပျူတာသင်ကြားရေး (CTU)
CTU

ဘာသာစကားလေ့လာရေးဌာန[ပြင်ဆင်ရန်]

ဘာသာစကားလေ့လောရေးဌာနမှူး - တွဲဖက်ပါမောက္ခ Prof. Ven. Lenagala Siriniwasa Thero

ဌာနများ :

  • ပါဠိဘာသာဌာန
  • သီရိလင်္ကာဘာသာဌာန
  • သက္ကတဘာသာဌာန
  • အင်္ဂလိပ်ဘာသာဌာန
  • ဘာသာစကားစွမ်းရည်တိုးတက်ရေးဌာန
  • အင်္ဂလိပ်ဘာသာသင်ကြားရေးဌာန

ကျောင်းဝင်ခြင်း[ပြင်ဆင်ရန်]

  • ဝိဇ္ဇာဘွဲ့ - အထွေထွေဒီဂရီများ (နိုင်ငံတွင်း)
  • ဝိဇ္ဇာဘွဲ့ အထူးဒီဂရီများ

ဘွဲ့ကြိုနှင့် ပြင်ပစာစစ်ဌာန[ပြင်ဆင်ရန်]

သင်တန်းများ

  • PHD
  • M.Phil
  • M.A
  • P.G.D
  • B.A.

ဒီပလိုမာများ

  • ဗုဒ္ဓဘာသာ/ ပါဠိ/ သက္ကတ ဒီပလိုမာများ
  • သက္ကတဘာသာဒီပလိုမာ
  • ဂျပန်/ ကိုရီးယား/ ပြင်သစ်/ တရုတ်/ ဟိန္ဒီ/ တမီ/ အင်္ဂလိပ်ဘာသာ ဒီပလိုမာများ
  • ဗုဒ္ဓဘာသာအတွေးအခေါ်ဒီပလိုမာ

မိတ်ဖက်အဖွဲ့အစည်းများ[ပြင်ဆင်ရန်]

  • စင်္ကာပူ
  • မလေးရှား
  • တောင်ကိုရီးယား
  • ဂျာမဏီ
  • ဩစတြေးလျ
  • စကော့တလန်
  • အင်္ဂလန်
  • Buddhist & Pali Research Trust [R] (India ) [၁]
  • ဗုဒ္ဓဘာသာနှင့် ပါဠိကောလိပ် (U.S.A)[၂]

စာသင်သားဘဝ[ပြင်ဆင်ရန်]

တက္ကသိုလ်တွင် ကျောင်းသား ၃၀၀၀ နီးပါးတက်ရောက်နေကြသည်။ ထို့အပြင် ပြင်ပဒီဂရီပရိုဂရမ်များကို တက်ရောက်နေကြသူများလည်း ရှိသည်။

သုတေသနနှင့် ထုတ်ဝေခြင်း[ပြင်ဆင်ရန်]

ပြင်ပလင့်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]