သိသာသိစေ မမြင်စေနှင့်၊ မြင်သာမြင်စေ မသိစေနှင့်

ဝီကီပီးဒီးယား မှ

သိသာသိစေ မမြင်စေနှင့်၊ မြင်သာမြင်စေ မသိစေနှင့် သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[၁]

အနက်အဓိပ္ပာယ်[ပြင်ဆင်ရန်]

မိမိ၏ အတွင်းရေးကိစ္စကို သိရုံသာသိသေးသူအား မမြင်ပါစေနှင့်။ အပေါ်ယံ မြင်ရုံသာ မြင်သေးသူအားလည်း ကိစ္စအလုံးစုံကို မသိပါစေနှင့်။[၁]

အခြားအသုံးအနှုန်း[ပြင်ဆင်ရန်]

သိသာသိစေ မမြင်စေနှင့်၊ မြင်သာမြင်စေ မထင်စေနှင့် ဟူ၍လည်း အဆိုများ ရှိသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။