သိပ္ပံစိုးမြင့်နိုင်

ဝီကီပီးဒီးယား မှ

သိပ္ပံစိုးမြင့်နိုင်သည် မြန်မာအမျိုးသား ကလေးစာပေများ ရေးသားသည့် စာရေးဆရာတစ်ဦး ဖြစ်သည်။ သူသည် အမျိုးသားစာပေဆုတစ်ကြိမ်၊ စာပေဗိမာန်စာမူဆုကို နှစ်ကြိမ် ရရှိခဲ့သည်။ မဂ္ဂဇင်းအမျိုးမျိုးတွင် သူ၏ စာပေများကို တွေ့မြင်နိုင်သည်။

၁၉၉၃ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ကလေးစာပေကဏ္ဍတွင် အမျိုးသားစာပေဆု ရရှိခဲ့သည်။ စာပေဆု ရရှိခဲ့သည့် စာအုပ်၏ အမည်မှာ "ညီထွေးလေးအတွက် ကလေးကဗျာများ" ဖြစ်သည်။ ၂၀၀၄ ခုနှစ်၊ နိုဝင်ဘာလတွင် သူသည် စာပေဗိမာန်စာမူဆု၏ ကလေးစာပေကဏ္ဍအတွက် ပထမဆုရရှိခဲ့သူအဖြစ် ဖော်ပြခြင်း ခံခဲ့ရသည်။ ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် သိပ္ပံစိုးမြင့်နိုင်သည် စာပေဗိမာန်စာမူဆု၏ ကလေးစာပေကဏ္ဍတွင် ဒုတိယဆု ရရှိခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. Winners of Sarpay Beikman Manuscript Award announcedNew Light of Myanmar (23 November 2004)။ 26 December 2005 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2012-02-24 တွင် ပြန်စစ်ပြီး။