သိန္ဓုနယ်

ဝီကီပီးဒီးယား မှ

သိန္ဓုနယ်[ပြင်ဆင်ရန်]

ပါကစ္စတန်နိုင်ငံ၊ အနောက်ပါကစ္စတန်ပြည်နယ်တွင်တည်ရှိ၍ အိန္ဒုမြစ်ဝှမ်း အောက်ပိုင်းမှ နယ်ကြီးဖြစ်သည်။ ယခင်ကဘုံဘိုင်ပြည်နယ်၏ လက်အောက်ခံဖြစ်ခဲ့ဘူးသောနယ်ပင် ဖြစ်သည်။ ၁၉၃၆ ခုနှစ်မှစ၍ သိန္ဓုနယ်သည် သီးခြားဘုရင်ခံအုပ်ချုပ်သော ပြည်နယ်တစ်နယ်ဖြစ်လာသည်။ ၁၉၄ရ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် အိန္ဒိယနှင့်ပါကစ္စတန်ဟူ၍ ဓနသဟာယနိုင်ငံနှစ်ခု ကွဲသောအခါ သိန္ဓုနယ်သည်ပါကစ္စတန်နိုင်ငံအပါအဝင် နယ်တစ်နယ်ဖြစ်လာလေသည်။

သိန္ဓုနယ်မြေသည် အိန္ဒုမြစ်ဝကျွန်းပေါ်အတွင်း များသောအားဖြင့် ကျရောက်လျက် နုံးတင်မြေ များဖြစ်၍ မြေဩဇာထက်သန်သည်။ အနောက်ဘက်ပိုင်းသည် တောင်ကုန်းထူထပ်၏။ အရှေ့ဘက်အစွန်တွင်ကားသာ သဲကန္တာရ၏ အနောက်ဘက်စွန်းတည်ရှိသည်။ စပါးသည်ထိုနယ်၏အဓိကသီးနှံဖြစ်၍ အကြီးအကျယ်စိုက်ပျိုးလုပ်ကိုင်ကြသည်။ နယ်လူဦးရေ၏ ၄ဝ ရာနှုန်းသည်လယ်ယာလုပ်ကိုင်စားသောက်သူများဖြစ်၏။ စပါးမှတစ်ပါး တောင်ပိုင်း၌နှမ်းကိုလည်း စိုက်ပျိုးကြသည်။ အလယ်ပိုင်း၌ဂျုံများစိုက်ပျိုး၍ အောက်ပိုင်းတွင် ဝါဂွမ်းများ စိုက်ပျိုး၏။ လယ်ယာစိုက်ပျိုးရေးအပြင် လက်မှုလုပ်ငန်းများမှာ အိုးခွက်လုပ်ငန်း၊ အုတ်ကြွပ်လုပ်ငန်း၊ ယွန်းထည်၊ ပိုးထည်နှင့် ကော်ဇောလုပ်ငန်းစသည်တို့ဖြစ်၏။ စက်မှုကိရိယာများ ထွန်းကားလာသောအခါ လက်မှုလုပ်ငန်းများတိမ်ကောသ လောက်ဖြစ်သွား၏။ ဝါဂွမ်း၊ ရိုင်းဂျုံ၊ ဂျုံမှုန့်၊ စပါး၊ သားရေစိမ်းများကိုတင်ပို့ရောင်းချသည်။ သိန္ဓု နယ်သည် အိန္ဒိယနိုင်ငံအနောက်မြောက်ဒေသများနှင့် မီးရထားလမ်း အားဖြင့် ဆက်သွယ်ထားလေသည်။ မြို့ကြီး များမှာ ဟိုက်ဒရာဗတ်၊ နာဝဗ်ရှားနှင့် မီရပူခတ်မြို့၊ စသည်တို့ဖြစ်၏။

သိန္ဓုနယ်၏အကျယ်အဝန်းမှာ ၅ဝ၃၉ရ စတုရန်းမိုင် ရှိ၍၊ ၁၉၅၁ ခုနှစ်၊ သန်းခေါင်စာရင်း အရ လူဦးရေ ၄၆ဝ၈ဝဝဝရှိသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)