သိတကော့ဝိဟာရ

ဝီကီပီးဒီးယား မှ
သိတကော့ဝိဟာရ
ဒေသခေါ်အမည်
တမ်းပလိတ်:Lang-ben
တည်နေရာDinajpur, Bangladesh
တည်ဆောက်6th century AD

သိတကော့ဝိဟာရ သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Dinajpur ခရိုင်၊ Nawabganj upazila တွင် တည်ရှိသည့် ရှေးဟောင်းသုတေသနနယ်မြေတစ်ခု ဖြစ်သည်။ [၁]ထိုနေရာကို ဒေသခံများက Sita နေထိုင်ခဲ့သည့်နေရာအဖြစ် သိကြသည်။ ပုံမှန်တူးဖော်မှုများကို ၁၉၆၈၊ ၁၉၇၂ - ၁၉၇၃ ခုနှစ်များတွင် လုပ်ဆောင်ခဲ့ပြီး ရှေးခေတ်ဗုဒ္ဓဘာသာကျောင်းတော်တစ်ခုကို တွေ့ရှိခဲ့ကြသည်။ [၂]ကျောင်းတော်ကို တည်ဆောက်ခဲ့သည့်အချိန်မှာ အနီးအနားရှိ Somapura Mahavihara နှင့် Halud Vihara တို့နှင့် အတူတူပင် ဖြစ်သည်။

ဗိသုကာ[ပြင်ဆင်ရန်]

ကျောင်းတော်ကို စတုရန်းဧရိယာ ၆၅ မီတာ ရှိသည့် မြေပေါ်တွင် တည်ဆောက်ထားသည်။[၂]

နယ်နိမိတ်အတွင်းရှိ တောင်ဘက်နှင့် မြောက်ဘက်တို့တွင် ကျယ်ပြန့်သည် နေရာကွက်လပ်ရှိသည်။ တောင်ဘက်တွင် အပြင်ဘက် ဝင်ထွက်ပေါက်ရှိပြီး နယ်နိမိတ်အတွင်းတွင် စောင့်ကြပ်သည့် အခန်းနှစ်ခန်း ရှိသည်။ အတွင်းဘက်ဝင်ထွက်ပေါက်မှတစ်ဆင့် အဝင်ဘက်ခန်းမသို့ ရောက်ရှိသည်။ ခန်းမသည် အခြားသော အခန်းများနှင့် ချိတ်ဆက်ထားသည်။ ထိုအခန်းများသည် ၄၁ ခန်းရှိသည်။ မြောက်ဘက်တွင် ၈ ခန်း၊ အခြားသုံးဘက်တွင် ၁၁ ခန်းစီ ရှိသည်။ အခန်းများသည် အရွယ်အစား (3.66 m by 3.35 m).အတူတူနီးပါး ရှိကြသည်။

အရှေ့ဘက်အခန်း၏ နံရံအထူသည် ၁.၀၇ မီတာ၊ အနောက်ဘက်နံရံသည် ၂.၅၉ မီတာနှင့် ကန့်ထားသည့် နံရံသည် 0.91-1.22 မီတာ ထူကြသည်။ အခန်းတစ်ခုချင်းစီ၏ အရှေ့ဘက်တွင် တံခါးပေါက်ရှိပြီး အခြားနံရံသုံးဘက်တွင် အပေါက်များ ဖောက်ထားကြသည်။

ကျောင်းတော်၏ ပတ်လည်တစ်လျှောက်တွင် ၂.၅၉ မီတာကျယ်သည့် ဝရန်တာ ရှိသည်။ အခန်းများသည် ထိုဝရံတာသို့ အလျား ၁.၆၈ မီတာ၊ အကျယ် ၁.၀၇ မီတာရှိသည့် လမ်းပေါက်မှတဆင့် ဆက်သွယ်ထားသည်။

တွေ့ရှိရသည့် ပစ္စည်းများ[ပြင်ဆင်ရန်]

ကြေးဆင်းတုနှစ်ခုကို တွေ့ရသည်။ ဗောဓိသတ္တ Padmapani နှင့် ဗောဓိသတ္တ Manjushri တို့၏ ဆင်းတုများ ဖြစ်သည်။ တူးဖော်မှုပြုလုပ်စဉ် မြေတွင် မြုပ်နေသည့် မင်အိုးများ၊ မြေစေးအရုပ်များ၊ အလှဆင်အုတ်များနှင့် အိုးကွဲများစွာကို တွေ့ရသည်။

ထိန်းသိမ်းကာကွယ်မှု[ပြင်ဆင်ရန်]

ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရ၏ ရှေးဟောင်းသုတေသနနှင့် ပြတိုက်များဌာနက သိတကော့ဝိဟာရ ကို ထိန်းသိမ်းထားရှိသည်။ သိတကော့ဝိဟာရသည် ပြုပြင်မွမ်းမံမှုများနှင့် ထိန်းသိမ်းမှုများ ကောင်းမွန်စွာ လုပ်ဆောင်ရန် လိုအပ်လျက်ရှိသည်။[၃]

ရုပ်ပုံများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Banglapedia။ Banglapedia။
  2. ၂.၀ ၂.၁ Site Board
  3. The Buddhist Forum။ 7 December 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 January 2021 တွင် ပြန်စစ်ပြီး။