သိင်္ဃသူ

ဝီကီပီးဒီးယား မှ

သိင်္ဃသူ ဟူသည်မှာ ရှေးမြန်မာမင်းလက်ထက် မင်းသားတို့ကို ချီးမြှင့်လေ့ရှိသော ဘွဲ့အမည်တခု ဖြစ်သည်။

ဝေါဟာရဖြစ်ပေါ်ပုံ[ပြင်ဆင်ရန်]

သိင်္ဃသူ သည် သိင်္ဃ နှင့် သူရ ဟူသော ပါဠိဝေါဟာရ ၂ ခုကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။ သိင်္ဃ သည် သီဟကို မြန်မာမှုပြုခြင်းဖြစ်ပြီး ရဲရင့်ခြင်းဟု အနက်ရသည်။ [၁] သူရ သည်လည်း အနက်တူသော စကားလုံးပင် ဖြစ်၏။ အချို့သူတို့မှာ သိခါ မှဖြစ်သော သိင်္ခနှင့် လွဲကာ သိင်္ခသူ ဟု ရေးတတ်၏။ သိခါမှာ ဦးစွန် သို့ သျှောင်ဟု အဓိပ္ပာယ်ရ၏။ [၂] သိင်္ခသူရေးက သျှောင်ဖြင့်ရဲရင့်သူဟု မရမကအနက်ယူသော် သင့်နိုင်သည်။

သိင်္ဃသူဘွဲ့ခံများ[ပြင်ဆင်ရန်]

သိင်္ဃသူ (ကျစွာမင်း သား)[ပြင်ဆင်ရန်]

အစောဆုံးတွေ့ရသော သိင်္ဃသူဘွဲ့ခံမှာ ကျစွာမင်း၏ သားတော်တပါး ဖြစ်သည်။ သူ၏သမီး ရေးထိုးသော သိင်္ဃသူ့သမီးကျောက်စာမှာ ဆုတောင်းပုံလှသဖြင့် ထင်ရှား၏။

သိင်္ဃသူ (တောင်တွင်း သီဟပတေ့ သား)[ပြင်ဆင်ရန်]

တောင်တွင်း သီဟပတေ့ သား စောနှောင်းသည်လည်း သိင်္ဃသူဘွဲ့ ခံသည်။ ဖခင်ရှိစဉ် စကုကိုစား၍ သိင်္ဃသူဘွဲ့ခံသော်လည်း မည်သူပေးကြောင်း မသိရ။ [၃]

သိင်္ဃသူ (စကုစား သိင်္ဃသူ သား)[ပြင်ဆင်ရန်]

သိင်္ဃသူငယ်ဟု ရာဇဝင်များတွင် ရေးခြင်းခံရသူမှာ အထက် သိင်္ဃသူ စောနှောင်း သား ဖြစ်၏။ မင်းကြီးစွာ၏ သမီးနှင့်လက်ထပ်သူဖြစ်၍ ဤဘွဲ့ကို မင်းကြီးစွာပေးကြောင်း ယုံကြည်ရသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာဇေယသင်္ခယာ။ "ဝေါဟာရလီနတ္တဒီပနီ"။ ဟံသာဝတီစာပုံနှိပ်တိုက်။ ၁၉၆၃၊ ဇူလိုင်။ စာ ၃၂၂။ "... မိဿသိင်္ဃဓနုမာသေ ဟူ၍ ဗေဒင်ကျမ်းတွင် ဟအက္ခရာ ဃပြုကြောင်း ..."
  2. ဦးဟုတ်စိန်။ "ပါဠိ-မြန်မာအဘိဓာန်"။ ပိဋကဗျူဟာအဖွဲ့။ ၁၉၉၉။ စာ ၁၀၃၃။
  3. "မှန်နန်းမဟာရာဇဝင်တော်ကြီး"၊ ဆဋ္ဌမတွဲ၊ တတိယအကြိမ်။ ပြန်ကြားရေးဝန်ကြီးဌာန။ ၁၉၉၂၊ ဒီဇင်ဘာ။ စာ ၃၉၈။ "ထိုအခါ ငနွယ်ကုန်စား ဘယကျော်သူ ခြားနားလေ၏။ တောင်တွင်းကြီးစား သီဟပတေ့လည်း ခြားနားလေ၏။ စကုစား သိင်္ဂသူလည်း ခြားနားလေ၏။ ..."