သားရွှေကြူ ဆုံးမစာ

ဝီကီပီးဒီးယား မှ

သားရွှေကြူ ဆုံးမစာ ကို ကျောင်းစာရေး မောင်စံထိန် (မြန်မာ ၁၁၈၀-ခန့်)က ရေးသားခဲ့သည်။

“သားရွှေကြူ”၊ သူတော်တကား၊ ချီးမွမ်းရာသား၊ သားတကာထက်၊ ကျေးဇူးနက်၍၊ အဖက်မဲ့စွာ၊ ဂုဏ်ပညာနှင့်၊ သမ္မာစာရ၊ မြတ်ဓမ္မဖြင့်၊ မိဘတို့ထက်၊ ဆထက်လွန်စွာ၊ အတိဇာဟု၊ သမ္ဘာရင့်ညောင်း၊ သားသူကောင်းလျှင်၊ ဖြစ်စေချင်၍၊ မိခင်ဘချစ်၊ အသစ်သစ်ဖြင့်၊ ကွပ်မြစ်ဆုံမ၊ ညွှန်ပြသ၏၊ သားလှရွှေကြူ၊ မယ့်သည်းအူလျှင်၊ နည်းယူဖွေရှာ၊ ကြံစာနာလျက်၊ သည်မှာမတော်၊ သည်မှာတော်ဟု၊ လျော်လျော်ကန်ကန်၊ မှန်မှန်ဖြောင့်ဖြောင့်၊ မထောင့်မကွေ့၊ ကျင့်လေ့ကျင့်ရာ၊ အဖြာဖြာကို၊ လူမှာလူလျောက်၊ ချီးမွမ်းလောက်၍၊ ခေါင်မြတ်ပညာ၊ ရဟန်းမှာလည်း၊ ပြုရာပြုခွင့်၊ ဝတ်ရင့်ဝတ်နု၊ ထောက်ရှုမျှော်တွေး၊ ကြံစည်မေးလျက်၊ စစ်ဆေးစင်စွာ၊ ဉာဏ်ပညာဖြင့်၊ သီတာပြည့်လျှံ၊ ရေကန်ပမာ၊ မြတ်ဆရာ၌၊ စင်စွာကြည်လင်၊ ဆေးစေချင်သည်။ ။ “မိခင်သည်းအူ သားရွှေကြူ

ကိုးကား[ပြင်ဆင်ရန်]

  1. ရင်နှစ်သည်းချာ နိုင်ငံရတနာ ဆုံးမစာများ - အခြေခံပညာဦးစီးဌာန (ဒုတိယအကြိမ် ed.)။ ၁၈၁-၁၈၃၊ ဆူးလေဘုရားလမ်း၊ ရန်ကုန်မြို့: မြဝတီပုံနှိပ်တိုက်၊။ စက်တင်ဘာ ၁၉၉၂ ခုနှစ်။ pp. ၁၄၉။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)