သာသနာ့ အလံ
ဗုဒ္ဓသာသနာ့ အလံတော်
[ပြင်ဆင်ရန်]သာသနာ့ အလံတော် ဖြစ်ပေါ်လာပုံ
[ပြင်ဆင်ရန်]ရှေးနှစ်ပေါင်းများစွာကပင် ကိုးကွယ်လာခဲ့ကြသော သာသနာတော်၏ အခွင့်အရေး များယိုယွင်းပျက်စီးလာခြင်းကို ကာကွယ်ရန် သာသနာ့ဝန်ထမ်းရဟန်းတော်များနှင့် လူဒါယကာအပေါင်းတို့ အတူပူးတွဲ၍ ဘာသာရေး အဖွဲ့အစည်းတစ်ခုဖွဲ့ရန် စိတ်အား ထက်သန်စွာဖြင့် အထူးကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည်။
(၁၈၈၅) ခုနှစ်၊ ဧပြီလ(၂၈)ရက်တွင် (သီဟိုဠ်ကျွန်း) သီရိလင်္ကာနိုင်ငံတွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့)ကို ခမ်းနားကြီးကျယ်စွာ ကျင်းပရန် အထူးအစီအစဉ်ရှိ နေသည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်ပွဲတော်ကြီးနှင့် အခြား ဘာသာရေးပွဲတော်များတွင်ပါ အမှတ်တရ အဖြစ်လွှင့်ထူရန် စဉ်းစားခဲ့ကြသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် ကိုလံဘို မြို့သူမြို့သားတို့သည် မိရိုးဖလာ ကိုးကွယ်မှုအထိမ်းအမှတ်အဖြစ် ဗုဒ္ဓအလံတော် တစ်ခုကို တီထွင်ပြုလုပ်ရန်အတွက် ကြိုးပမ်းကြ၏။
ထိုအလံတော်ကို (၁၈၈၅) ခုနှစ်တွင်ပြုလုပ်ခဲ့သော်လည်း ဗုဒ္ဓအလံတော်ကို ကမ္ဘာအရပ်ရပ်ရှိ ဗုဒ္ဓဘာသာဝင်များက အသိအမှတ် ပြုလာကြသည်မှာ နှစ်ပေါင်း ၁၀၀ ကျော်ခန့်မျှသာ ရှိပေသေးသည်။ ကမ္ဘာ့ဗုဒ္ဓသာသနာ့အလံတော်အဖြစ် (၁၉၅၁) ခုနှစ်သို့ ရောက်သောအခါမှသာ ကမ္ဘာတစ်ဝန်းလုံးတွင်ရှိသော ဗုဒ္ဓဘာသာဝင်နိုင်ငံများမှ လက်ခံလာခြင်းဖြစ်ပေသည်။
မြန်မာနိုင်ငံ နှင့် သာသနာ့အလံ
[ပြင်ဆင်ရန်]သာသနာ့အလံတော်ကို သီဟိုဠ်တစ်ကျွန်းလုံးတွင် ရင့်ညောင်းသော ဂိုဏ်းချုပ် ဆရာတော် အရှင်သီရိသုမင်္ဂလာထေရော သည် များစွာသဘောကျသည်ဟုဆိုသည်။ ၁၉၅၀ ပြည့်နှစ်တွင် သီဟိုဠ်နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အဖွဲ့ကြီး၏ ဥက္ကဋ္ဌ ဒေါက်တာဂျီပီမာလာဆေထေရာ ၏ စိတ်အားထက်သန်မှုအရ ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အစည်းအဝေးကြီးကို ဖိတ်ခေါ်၍ အစည်းအဝေးပြုလုပ် ခဲ့သည်။ မြန်မာနိုင်ငံတွင် (၁၉၅၄) ခုနှစ် ဆဌသင်္ဂါယနာ တင်သည့်နေ့မှစ၍ အထက်ပါ ကမ္ဘာ့ ဗုဒ္ဓသာသနာ့အလံတော် ကို သာသနာ့ အလံတော်ကြီး အဖြစ် အောင်မြင်စွာ အတည်ပြုလွှင့်ထူနိုင်ခဲ့လေသည်။ ၁၉၈ဝပြည့်နှစ်တွင် ကျင်းပသည့် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ဂိုဏ်းပေါင်းစုံ သံဃအစည်းအဝေးမှလည်း ဗုဒ္ဓသာသနာ့ အလံတော်နှင့် ပတ်သက်၍ အညီအညွတ်ဆုံးဖြတ်ပြီး သံဃနာယက လက်စွဲကျမ်းတွင် ပြဋ္ဌာန်း ခဲ့သည်။
အဓိပ္ပာယ်
[ပြင်ဆင်ရန်]ကမ္ဘာ့ဗုဒ္ဓသာသနာ့အလံတော်ကြီးသည် ငြိမ်းချမ်းသာယာခြင်း၊ သည်းခံခြင်း၊ စိတ်ထားဖြူစင်ခြင်းတို့၏ အထိမ်းအမှတ် ကိုဖော်ပြလေသည်။ ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားရှင်အားအထူးကြည်ညိုကြသဖြင့် ဘုရားရှင်၏ ရောင်ခြည်တော် ခြောက်သွယ် ဖြင့် ကွန့်မြူးကာ တရားတော်များ ဟောကြားနေတော်မူသည့် ဘုရားရှင်၏ အံဩဖွယ် ခြောက်သွယ်သော ရောင်ခြည်တော်သည် ကြည်ညိုမဝ၊ ဖူး၍မဝ၊ အံ့မခန်းအထူးပင် ခန့်ညားတင့်တယ်စွာ ရှိနေသည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် ကမ္ဘာ့ဗုဒ္ဓသာသနာ့အလံတော်ကြီးကို ရောင်ခြည်တော် ခြောက်သွယ် မှ ပေါ်ထွက်သည့်အရောင်များကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြသည်။
အရွယ်အစား/အရောင်
[ပြင်ဆင်ရန်]- အကြီး = အလျား - ၉ပေ x အနံ - ၅ပေ
- အလတ် = အလျား - ၄ပေ ၆လက်မ x အနံ - ၂ပေ ၆လက်မ
- အလတ် = အလျား - ၂ပေ ၃လက်မ x အနံ - ၁ပေ ၃လက်မ
- အသေး = အလျား - ၉လက်မ x အနံ - ၅လက်မ ဟူ၍ လေးမျိုးလေးစား သတ်မှတ်ထားသည်။
ရောင်ခြည်တော် ခြောက်သွယ် သတ်မှတ်ပြဋ္ဌာန်း ထားသည့်အတိုင်း အလံတော်တိုင်ဘက်မှ စတင်၍ သတ်မှတ်ရသည်ရှိသော်
- နီလ = အပြာရင့်ရောင်
- ပီတ = အဝါရင့်ရောင်
- လောဟိတ = အနီရောင်
- ဩဒါတ = အဖြူရောင်
- မဥ္ဇီဋ္ဌ = ပန်းနုရောင် ထိုအရောင်(၅)မျိုးကို ဒေါင်လိုက်ထားရှိပြီးလျှင်-
- ပဘဿရ = ပြိုးပြိုးပြက်ပြက် တစ်ခဲနက် ထွက်နေသော အရောင် အဖြစ် အလံတော်၏ အစွန်အဖျား(အထက်)အပေါ်ဘက်မှ နေ၍ အပြာ၊ အဝါ၊ အနီ၊ အဖြူ၊ ပန်းနုရောင် တို့ကိုပင် အစဉ်အတိုင်း အောက်ဘက်သို့ ထားရှိချုပ်လုပ်ရမည်။
အသုံးပြုပုံ
[ပြင်ဆင်ရန်]မြန်မာနိုင်ငံရှိ နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့သည် သာသနာ့အလံကို စနစ်တကျ အသုံးပြုနိုင်ရန် အောက်ပါအတိုင်း ပြဋ္ဌာန်းထားသည်။ သံဃနာယက လက်စွဲ၊ အပိုဒ်(၅)၊ အခန်း(၂၉) အထွေထွေကဏ္ဍ၌ သာသနာ့အလံတော် အခန်း အပိုဒ်(၃၅၅)၌ အသုံးပြုရမည့်နေ့ရက်များ သတ်မှတ်ထားသည်မှာ-
(က)အခါကြီး ရက်ကြီးများ
- ကဆုန်လပြည့်(ဗုဒ္ဓနေ့)
- နယုန်လပြည့်(မဟာသမယနေ့)
- ဝါဆိုလပြည့်(ဓမ္မစကြာနေ့)
- ဝါခေါင်လပြည့်(မေတ္တာအခါတော်နေ့)
- တော်သလင်းလပြည့်(ဂရုဓမ္မအခါတော်နေ့)
- သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)
- တန်ဆောင်မုန်းလပြည့်(သာမညဖလအခါတော်နေ့ နှင့် သံဃာတော်များနေ့)
- တပို့တွဲလပြည့်(ဩဝါဒ ပါတိမောက် ဓမ္မနေ့)
(ခ)ပွဲတော်နှင့် အခမ်းအနားများ
- ဝါဆိုပွဲတော် အခမ်းအနား
- အဘိဓမ္မာအခါတော်နေ့
- ကထိန်ပွဲတော်
- ရဟန်းခံရှင်ပြုပွဲ
- ဆွမ်းကြီးလောင်းလှူပွဲ
- စာပြန်ပွဲ နှင့် ဘွဲ့နှင်းသဘင်
- နိကာယစာမေးပွဲ၊ တိပိဋကစာမေးပွဲနှင့် ပူဇော်ပွဲ
- ခွင့်ပြုချက်ရရှိပြီသည့် တရားပွဲ
- ဘုရားထီးတင်ပွဲ
- ဗုဒ္ဓပူဇနိယပွဲတော်
- အသံမစဲ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ
- သံဃာ့အစည်းအဝေး
- သံဃဝိနိစ္ဆယအဖွဲ့ စစ်ဆေး ဆုံးဖြတ်ရာဌာန
- ဘာသာရေး၊ သာသနာရေးနှင့် စပ်ဆိုင်သော သင်တန်းများတို့ ဖြစ်ကြသည်။
(ဂ)လွှင့်ထူ အသုံးပြုနည်း၊ အပိုဒ်(၃၅၈) အထိမ်းအမှတ်အလံအားလုံး၏ အလယ်တွင် ဖြစ်စေရမည်။ လက်ယာအစွန်းမှ အရောင်ငါးမျိုး ရောယှက်ရောင်တွင် အပြာရင့်ရောင်သည် အပေါ်တွင်လကျ်ာဘက်ရှိနေစေရမည်။ မော်တော်ယာဉ်တွင် စိုက်ထူပါက ကားကြီးများ၏ အမိုးအရှေ့ပိုင်းတွင် ဖြစ်ရမည်။ ကားငယ်များတွင် လက်ယာဘက် အရှေ့ပိုင်းတွင် ဖြစ်ရမည်။ သံဃာများကို ကြိုဆိုသည့်အခါ သံဃာပါလာသည့်အခါတွင်သာ တပ်ဆင်ရမည်ဟူ၍ ဖော်ပြ ထားသကဲ့သို့၊ (ဃ)ရှောင်ကြဉ်ရမည့်အချက်များ၊ အပိုဒ်(၃၉၅)
- ရဟန်းသံဃာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ မည်သည့်ဘုရားဖူးယာဉ်တွင်မှ မသုံးစွဲရ။
- လမ်းဘေး၊ လမ်းခွ၊ ယာဉ်ဆိပ်၊ သင်္ဘောဆိပ်များတွင် မသုံးရ။
နိုင်ငံအလိုက်သာသနာ့အလံများ
[ပြင်ဆင်ရန်]-
Jōdo Shinshū's flag.
-
တိဗတ် သာသနာ့အလံ
-
မြန်မာ သာသနာ့အလံ
-
နီပေါ သာသနာအလံ
-
ဂျပန်သာသနာအလံ "goshikimaku" (五色幕).
-
A common variant with the dharmachakra.
-
Laotian Buddhist flag.
-
ထိုင်း သာသနာ့အလံ (The dhammacakka flag, Thong Dhammacak ธงธรรมจักร).
-
ကိုရီးယား သာသနာ့အလံswastika
-
Karma Kagyu flag (Rangjung Rigpe Dorje, 16th Karmapa's "dream flag").
စာကိုး
[ပြင်ဆင်ရန်]- ↑ အရှင်စန္ဒောဘာသ(ရွှေဘို)ရေး `သာသနာ့အလံတော်´
- ↑ http://www.centrebouddhique.net/content/view/68/31/ Archived 30 June 2013 at the Wayback Machine.