သာမောပလီး

ဝီကီပီးဒီးယား မှ

သာမောပလီး[ပြင်ဆင်ရန်]

သာမောပလီးဆိုသည်မှာ ကမ္ဘာ့သမိုင်းတွင် စာတင်ခဲ့ရသောအဖြစ်အပျက်များ ဖြစ်ပွားခဲ့ဖူးရာ ဂရိနိုင်ငံ မြောက်ပိ်ုင်းရှိ တောင်ကြားလမ်း၏အမည်ဖြစ်သည်။ ထိုဒေသ တစ်ဝိုက်တွင်ထုံနာ၊ ကျင်နာကိုက်ခဲနာများကို ပျောက်ကင်း စေနိုင်သည့် ရေပူစမ်းကြီးတစ်ခုနှင့် ရေပူစမ်းငယ်လေး ခုရှိသည်ကိုအစွဲပြု၍'အပူထွက်ပေါက်' ဟုအဓိပ္ပာယ် ရသော ထိုအမည်ဖြင့်တွင်ခြင်းဖြစ်သည်။

သာမောပလီးတောင်ကြားလမ်းသည် အိုအီတာတောင်နှင့် မာလီယက်ပင်လယ်ကွေ့ကြားတွင်ရှိ၍ ပေ ၅ဝ ခန့်သာကျယ် သည်။ ယခုမူ ကာလရှည်ကြာစွာချောင်းမြောင်းတို့၏ ရေတိုက် စားမှုကြောင့်တောင် ကြားလမ်းဟုူ၍မရှိ တော့ဘဲ ပင်လယ် ဘက်သို့ပိုမိုကျယ်ပြန့်သွားသော လွင်ပြင်ကြီးဖြစ်နေလေသည်။ ရှေးအခါက ယင်းသည်ဂရိနိုင်ငံ မြောက်ပိုင်းမှ ဂရိနိ်ုင်ငံ တောင်ပိုင်းသို့ဝင်ထွက်သွားလာရန် တစ်ခုတည်းသော လမ်း ပေါက် ဖြစ်ခဲ့သည်။

ဘီစီ ၄၈ဝ ပြည့်နှစ်တွင် ပါးရှားဘုရင်ဇာဇီး သည်ဂရိနိုင်ငံကို တိုက်ခိုက်သိမ်းပိ်ုက်ရန် စစ်သည်ဗိုလ်ပါ အလုံး အရင်းနှင့် ဂရိကျွန်းဆွယ်သို့ချီတက်လာခဲ့၏။ ဒါးဒနဲရေ လက်ကြားကို အခက်အခဲမရှိဘဲ ဖြတ်ကူးနိုင်သော်လည်း ဟဲ လစပွန့် အငူမှဂရိနိုင်ငံသို့ချီတက်ရာတွင် ပါးရှင်းတို့သည် သာမောပလီးတောင်ကြားလမ်းကျဉ်းကလေးကို ဖြတ်သွားရ မည်ဖြစ်၏။ ထိုတောင်ကြားလမ်းသည် ရန်သူတို့ကိုတားဆီးထား ရန် အလွန်ကောင်းသောနေရာဖြစ်သည်။

ဂရိနိုင်ငံသည် ပါးရှင်းတို့၏ရန်ကိုခုခံရန်ပြင်ဆင် ထားကြရာ ဂရိပြည်နယ်တစ်ခုဖြစ်သော စပါးတားပြည် နယ်သည်လည်းပါဝင်ခဲ့၏။ ထို့ကြောင့်ပါးရှင်းတို့သည်ထို တောင်ကြားလမ်းကို ဖြတ်ကျော်ရမည်ကိုသိသော စပါးတား ဘုရင်လိယွန်နိီဒက်သည် စစ်သား ၃ဝဝ ခန့်နှင့်ထို တောင်ကြားလမ်းမှ ပါးရှင်းတပ်ကြီးကိုဆီးကြို ခုခံ တိုက်ခိုက် လေ၏။ ပါးရှင်းတို့သည် ဂရိတို့အား တစ်နေကုန်ကြိုးစား တိုက်ခိုက်သော်လည်း ရှေ့သို့မတိုးနိုင်အောင်ဖြစ်၍ အကျအဆုံး လည်း များပြားခဲ့လေသည်။ သို့သော် အီဖီယယ်လတီး ဆိုသူ သဘောလွယ်သောဂရိတစ်ဦး၏ သစ္စာဖောက်မှုကြောင့် သာမော ပလီးတောင်ကြားလမ်းကို ကွေ့ရှောင်၍အနောက်ဘက်မှ ဝန်းရံ မိအောင် သွားနိုင်သည့်လမ်းတစ်လမ်းကို ပါးရှင်းတို့သိ သွားကြ ပြီး ပါးရှင်းတပ်တို့သည် တောင်ကြားလမ်းကို ဟန်မပျက် တိုက်သူကတိုက်၍ ဖြတ်လမ်းမှအလုံးအရင်းနှင့် ဂရိ စစ်သည် တို့၏ နောက်ကျောဘက်သို့ချီတက်လေသည်။ တောင်ကြား လမ်းကိုသာ သဲသဲမဲမဲတိုက်နေသောဂရိတို့သည် ရှေ့ရောနောက်ပါ ရန်သူတပ်များဖြင့် ပိတ်ညပ်မိလေသည်။ သို့သော်ဂရိတပ်သည် တစ်ယောက်မကျန်သေဆုံးသည်အထိ ရန်သူတို့ကို ခုခံတိုက် ခိုက်ကြလေသည်။

ဂရိတို့သည် ထိုတောင်ကြားလမ်းမှနေ၍ ဘီစီ ၂ရ၉ ခုနှစ်တွင်ဂရိနိုင်ငံကိုသိမ်းပိုက်ရန် ဝင်လာသောဗရင်နပ် နှင့်ဂေါလ စစ်သည်တို့အားလည်းကောင်း၊ ဘီစီ ၂ဝရ ခုနှစ်တွင် မက်ဆီဒိုးနီးယားပြည့်ရှင် ဘုရင်ဖိလစ်၏ တိုက်ခိုက် လာခြင်းကိုလည်းကောင်း တားဆီးခုခံတိုက်ခိုက်ကြသေး သော်လည်း အရေးမလှခဲ့ကြချေ။ ဤသို့ဖြင့် ကမ္ဘာ့သမိုင်းတွင်သာမောပလီးမှာ အရေးပါ သောတောင်ကြားလမ်းတစ်ခုဖြစ်ခဲ့လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)