သာမညဖလသုတ်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ဤသုတ်တွင် မြတ်စွာဘုရားနှင့် တစ်ခေတ်တည်း ထွန်းကားခဲ့သော တိတ္ထိဆရာကြီး ၆ ဦး၏ အတ္ထုပ္ပတ္တိကို လေ့လာနိုင်ပါသည်။

ဟောပြောရသောအကြောင်းရင်း[ပြင်ဆင်ရန်]

ဤသုတ်ကို ဟောပြောရခြင်း၏ အကြောင်းရင်းမှာ ဘုရင် အဇာတသတ်သည် ခမည်းတော် ဗိမ္ဗိသာရမင်းကြီးအား လုပ်ကြံပြီးနောက် နောင်တများစွာရကာ ဇီဝက၏ သရက်ဥယျာဉ်တွင် စံပယ်နေတော်မူသော မြတ်စွာဘုရားထံ သွားရောက်ဖူးမျှော်ကန်တော့ခြင်းကြောင့် ဖြစ်သည်။

အဇာတသတ်မင်းသညက မြတ်စွာဘုရားအား တောထွက်ကာ ရဟန်းပြူခြင်း၏ အကျိုးထူးများကို မေးမြန်းလျောက်ထားသည်။ မြတ်စွာဘုရားက ဤပြဿနာနှင့်ပတ်သက်၍ မိမိမှအပ အခြားတပါးသော အဘိဓမ္မာဆရာကြီးတို့အား စူးစမ်းမေးမြန်း ပြီး မပြီး ဘုရင်ကို ပြန်၍စစ်ဆေးမြန်းသည်။ ထိုအခါအဇာတသတ်မင်းက ဤပြဿနာကို ပူရဏကဿပ ၊ မက္ခလိဂေါသာလ စသော တိတ္ထိဆရာကြီးတို့ကို စူးစမ်းမေးမြန်းပြီးကြောင်း၊ သို့သော် သူသိလိုသောပြဿနာကို တိတ္ထိဆရာကြီးတို့သည် တိုက်ရိုက်မဖြေကြားပဲ သူတို့သက်ဝင်ယုံကြည်ကြသောဝါဒတို့ကိုသာလျင် အသီးသီးရှင်းလင်းဟောပြောကြသဖြင့် မကျေမနပ်ပြန်လာခဲ့ရကြောင်း မြတ်စွာဘုရားကို လျှောက်ထားခဲ့သည်။

ရဟန်းပြုခြင်း၏အကျိုးကျေးဇူးများ[ပြင်ဆင်ရန်]

မြတ်စွာဘုရားက အဇာတသတ်သိလိုသော ပြဿနာကို အထွေထွေအပြားပြား ပြန်ကြားရာတွင် သာမန်ပုထုဇဉ်လူသားများ မည်သည့်အခါမျှရရှိနိုင်လိမ့်မည်ဟု မမြှော်မှန်းနိုင်သော အကျိုးထူးများကို ရဟန်းတို့ ရရှိနိုင်ကြောင်း ရှေးဦးစွာ ဖော်ပြတော်မူသည်။ ဥပမာပြရသော် ဘုရင့်အမှုထမ်းတစ်ယောက်သည် ရဟန်းပြုကာ ဘုရင့်ထံကြွလာပါက ဘုရင်သည် ထိုရဟန်းကို ခရီးဦးကြိုပြုရန် ဝန်မလေးသည့်အပြင် မင်းအမှုထမ်းအနေဖြင့် မည်သည့်အခါမျှမရရှိနိုင်သော ရိုသေခြင်း၊ လေးစားခြင်း၊ ဝတ်ကြီးဝတ်ငယ်ပြုစုခြင်း စသောအကျိုးတို့ကို ထိုရဟန်းသည် မုချရရှိနိုင်သည်။ ဤအကျိုးကား သာမန်အကျိုးသာဖြစ်သည်။ စိတ်ကိုလေ့ကျင့်ခြင်းနှင့် စာရိတ္တကို ပြုပြင်ခြင်းတို့ကြောင့် ရှိအပ်သော အဇ္ဈတ္တအကျိုးထူးတို့မှာ ရဟန်းတို့အဖို့ နိုင်းရာကင်းလေသည်။ အာသဝေါကုန်ခန်းကာ မဂ်ဖိုလ်ရခြင်းထက် ထူးကဲသော အကျိုးကျေးဇူးကာ မရှိချေဟူ၍ မြတ်စွာဘုရားသည် အဇာတသတ်၏ ပြဿနာကို ဖြေကြားတော်မူလေသည်။

ဤဒေသနာတော်၏အဆုံး၌ အဇာတသတ်ဘုရင်သည် ပီတိကျလှသောကြောင့် ခမည်းတော်ကို လုပ်ကြံမိသည်အတွက် သူ့အားခွင့်လွှတ်ပါမည့်အကြောင်း မြတ်စွာဘုရားက အသာတကြည်ခွင့်လွှတ်တော်မူသည်ဟု လာရှိသည်။

သာမညဖလသုတ်အဆုံးတွင် အဇာတသတ်မင်းသည် ဘုရား၊ တရား၊ သံဃာ တည်းဟူသော ရတနာသုံးပါကို ခိုလှုံကာ ဗုဒ္ဓဘာသာအဖြစ်ကူးပြောင်းခဲ့သည်။ [၁]

အကိုးအကား[ပြင်ဆင်ရန်]

  1. ပါဠိစာပေသမိုင်း။ ဒေါ်အုန်း မဟာဝိဇ္ဇာ။ ဒုကြိမ်၊ ဇန်နဝါရီလ ၁၉၈၁။ သာသနာရေးဦးစီးဌာန။ ရန်ကုန်။