သလင်းမြောင်

ဝီကီပီးဒီးယား မှ

သလင်းမြောင်သည် လက်ဝဲမင်းခမ်းတော်တွင် ပါဝင်သည့် ပစ္စည်းတစ်ခု ဖြစ်သည်။ ရွှေသားဖြင့် ပြုလုပ်ထားပြီး အနားတွင် ပတ္တမြားကျောက်မျက်တို့ဖြင့် စီခြယ်ထားကာ ပန်းပြောက်ဖော်ထားသည်။ ရွှေဘုံနိဒါန်းတွင် သလင်းမြောင်သည် လင်းဇင်းမင်း၏ အဆောင်ဖြစ်သည်၊ ပင်းပတစ်စီးရှင်မင်းမြတ်အား လင်းဇင်းမင်းက ဆက်သသည့် ပဏ္ဏာများတွင် တစ်ခုအပါအဝင် ဖြစ်သည်ဟု ဖော်ပြထားသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာမင်းခမ်းတော်များနှင့် အမျိုးသားပြတိုက်တွင် ပြသထားသော ရွှေထည်ငွေထည်ပစ္စည်းများ Text "publisher" ignored (အကူအညီ)