သရဝဏ်နက္ခတ်
ပုံပန်းသွင်ပြင်
ဗိဿနိုးနတ်မင်းဟု အဓိပ္ပာယ်ရသည့် သရဝဏ် နက္ခတ်၏ ပရိယာယ်ကို ရာဇမတ္တဏ်ကျမ်း၌ “သာဝဏော၊ မာဓဝေါ၊ ဗိဿ ဏု“အစရှိသည်ဖြင့် (၈)ပါး ပြပါသည်။
သာဝဏဟူသော သက္ကဋဘာသာကို သရဝဏ်ဟု မြန်မာမှု ပြုထားသည့် ထိုနက္ခတ်ကို အဘိဓာန်ဋီကာ၌ “ဧတေန၊ ဤနက္ခတ်ဖြင့်။ သုသာသုတံ၊ ကောင်းကျိုး မကောင်းကျိုဟု ဆိုအပ်သော။ ဖလံ၊ အကျိုးကို။ သဝတိ၊ ယိုစီးတတ်၏။ ဣတိ၊ ထို့ကြောင့်။ သာ၀ဏော၊ သရဝဏ် နက္ခတ်မည်၏ ဟူ၍ အနက်ဝိဂြိုဟ် ဖွင့်ဆိုပါသည်။
ထိုနက္ခတ်၏ လုံးရေ သင်္ချာအဆင်း သဏ္ဌာန်ကို ကျမ်း အချို့၌ အောက်ပါအတိုင်း တွေ့ရပေသည်။
- -ပေါတ္တရသာဒိကျမ်း
- -ဂြဟန္တီကျမ်း
- -လဃုသင်္ဂြဟကျမ်း (၃) လုံး၊ တောင်ဝှေး သဏ္ဌာန်
- -သိင်္ဃဗောဓကျမ်း (၃) လုံး၊ သဏ္ဌာန်မပါ
- -သေနင်္ဂဗျူဟာကျမ်း (၃) လုံး၊ သဏ္ဌာန်မပါ
- -ကပ္ပဝဏ္ဏနာကျမ်း (၃) လုံး၊ မြားသဏ္ဌာန်
- -နက္ခတ်လင်္ကာ (၃) လုံး၊ မြားသဏ္ဌာန်
ရွှေမင်ရေး ပုရပိုက်ဖြူ (၃) လုံး၊ ရေသေ့ သဏ္ဌာန် သရဝဏ် နက္ခတ်ကို ဟရီမည်သော ဗိဿနိုး နတ်မင်းအစိုးရကြောင်း ရာဇမတ္တဏ်ကျမ်းတွင် ပြဆိုပေသည်။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ နက္ခတ်တာရာသိမှတ်စရာ အာကာသသျှတ္တရကျမ်း၊ အရှင်အာလောက (မုံရွာ)