သယ်စီဗနာအားလပ်ရက်အပန်းဖြေစခန်း
Thalsevana Holiday Resort | |
---|---|
ယခင်အမည်များ | Kankesanthurai Rest House |
အထွေထွေ အချက်အလက်များ | |
မြို့ | Kankesanthurai |
နိုင်ငံ | Sri Lanka |
ကိုဩဒိနိတ် | 9°48′57.30″N 80°02′55.00″E / 9.8159167°N 80.0486111°Eကိုဩဒိနိတ်: 9°48′57.30″N 80°02′55.00″E / 9.8159167°N 80.0486111°E |
လက်ရှိ အငှားနေထိုင်သူ | Sri Lanka Army |
ပြန်လည်မွမ်းမံ | 2 October 2010 |
ပိုင်ဆိုင်သူ | Government of Sri Lanka |
အခြား အချက်အလက်များ | |
အခန်း အရေအတွက် | 31 |
ဝဘ်ဆိုဒ် | |
thalsevanaresort.com |
သယ်စီဗနာအားလပ်ရက်အပန်းဖြေစခန်း သည် သီရိလင်္ကာနိုင်ငံမြောက်ဘက်ကမ်းရိုးတန်း ကန်ကီစန်သုရိုင်မြို့အနီးတွင် တည်ရှိသည့် အားလပ်ရက်အပန်းဖြေစခန်းတစ်ခု ဖြစ်သည်။ ယခင်က ကန်ကီစန်သုရိုင်တည်းခိုအိမ်ဖြစ်ခဲ့ပြီး ပြည်တွင်းစစ်ကာလအတွင်း သီရိလင်္ကာစစ်တပ်က ရယူခဲ့သည်။ ပြည်တွင်းစစ်ပြီးဆုံးပြီးနောက်တွင် အဆောက်အဦများကို ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး အားလပ်ရက်အပန်းဖြေစခန်းအဖြစ်သို့ ပြောင်းလဲခဲ့သည်။
သမိုင်း
[ပြင်ဆင်ရန်]ဗြိတိသျှကိုလိုနီခေတ်ကာလ၌ သီရိလင်္ကာနိုင်ငံအဝှမ်းတွင် နားနေအိမ်များကို ဆောက်လုပ်ခဲ့ကြသည်။[၁] ကန်ကီစန်သုရိုင်နားနေအိမ်သည် မြောက်ပိုင်းစီရင်စုလမ်းကော်မတီက လုပ်ဆောင်လျက်ရှိသည်။[၂] လွတ်လပ်ရေးရပြီးနောက်တွင် ထိုနားနေအိမ်များကို နိုင်ငံက ရယူခဲ့ကာ သီရိလင်္ကာဟိုတယ်များကော်ပိုရေးရှင်းက ပိုင်ဆိုင်ခဲ့သည်။[၁]
၁၉၉၀ ခုနှစ်တွင် သီရိလင်္ကာစစ်တပ်သည် ဗလိကမမ်ဒေသမြောက်ပိုင်းကို လုံခြုံရေးတင်းကြပ်ဇုံအဖြစ်ကြေညာခဲ့သည်။[၃] ထို့နောက်တွင် ထိုနေရာများ၌ နေထိုင်သူများကို လျော်ကြေးပေးခြင်း မရှိဘဲ အတင်းအကြပ် မောင်းထုတ်ခဲ့ကြသည်။ ကန်ကီစန်သုရိုင်နားနေအိမ်သည်လည်း ထိုလုံခြုံရေးတင်းကြပ်ဇုံအတွင်းတွင် ပါဝင်နေခဲ့သည်။ ၎င်းကို သီရိလင်္ကာစစ်တပ်က ရယူခဲ့ကာ အရာရှိရိပ်သာအဖြစ် အသုံးပြုခဲ့သည်။[၄][၅][၆] ပြည်တွင်းစစ်ပြီးဆုံးပြီးနောက်တွင် စစ်တပ်သည် အဆောက်အဦများကို ပြင်ဆင်ခဲ့ပြီး သယ်စီဗနာအားလပ်ရက်အပန်းဖြေစခန်းတစ်ခုအဖြစ် ပြောင်းလဲခဲ့သည်။ ထိုအပန်းဖြေစခန်းကို ၂၀၁၀ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။[၇]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁.၀ ၁.၁ Holmes၊ W. Robert။ Jaffna 1980။ The Christian Institute for the Study of Religion Society of Jaffna College။ p. 100။
- ↑ The Automobile Association Of Ceylon Handbook။ The Automobile Association Of Ceylon။ 1950။ p. 141။ 26 April 2014 တွင် မူရင်း အား မော်ကွန်းတင်ပြီး။ 11 June 2021 တွင် ပြန်စစ်ပြီး။
- ↑ Brady၊ Brendan။ "Soldiers at Your Service"၊ 30 August 2013။
- ↑ "In bigger barracks"၊ 2 June 2011။
- ↑ Bedi၊ Rahul။ "Armed, dangerous and building their own empires"၊ 20 August 2011။
- ↑ Jayasuriya၊ Ranga။ "Army’s new civilian role - is this a good signal?"။ Archived from the original on 25 April 2012။
- ↑ "Thal Sevana Holiday Resort in Kankasanturai"၊ 15 May 2011။ 11 June 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 14 January 2018။