သမ္ဗန္ဓ

ဝီကီပီးဒီးယား မှ

သမ္ဗန္ဓ[ပြင်ဆင်ရန်]

ပုဒ်တို့ကိုဖြစ်စေ၊ ဝါကျတို့ကိုဖြစ်စေ ဆက်စပ်ပေးသောစကားရပ်ကိုသမ္ဗန္ဓဟု ခေါ်သည်။ သမ္ဗန္ဓ၏အနက်မှာဆက်စပ်ခြင်းဟုရ၏။ သမ္ဗန္ဓနှစ်မျိုးရှိသည်။

သမာနသမ္ဗန္ဓနှင့်နိဿိတသမ္ဗန္ဓတို့ဖြစ်သည်။ သမာနသမ္ဗန္ဓဆိုသည်ကားသ ဘောတူသည့်ပုဒ်ဝါကျတို့ကို ဆက်စပ်ရန်သုံးခြင်းဖြစ်သည်။ နိဿိတသမ္ဗန္ဓဆိုသည်ကား သဘောမတူ သည့်ဝါကျတို့ကိုဆက်စပ်ရန် သုံးခြင်းဖြစ်သည်။ သမ္ဗန္ဓများသည်အကြောင်းအမျိုးမျိုးကိုဖော်ပြသည့် ထပ်တိုးခြင်း၊ ခွဲခြားခြင်း၊ သို့မဟုတ် ရွေးချယ်ခြင်း၊ ဆန့်ကျင်ဘက်ပြခြင်း၊ အကျိုးအကြောင်းဆက်စပ်ခြင်း စသည်တို့ကို ဝါကျတစ်ခု၌သမ္ဗန္ဓဖြင့်ထင်ရှား အောင်ပြနိုင်ပေသည်။

ဥဒါဟရုဏ်၊ ဤကျောင်းသားစာကျက်သည်။ ထို့အတူပင်ထိုကျောင်းသားစာကျက်သည်။ မောင်လှသည်ပညာတော်ရုံသာမက ကစားခုန်စားဘက်၌်လည်းဗိုလ်စွဲသူတစ်ဦးဖြစ်သည်။ သူ့လက်ထဲ၌ဈေးခြင်းတောင်းအပြင် လွယ်အိတ်တစ်ခုလည်းပါလာလေသည်။ ထိုဝါကျများ၌သမ္ဗန္ဓများသည်ထပ်၍တိုးခြင်းကိုပြသည်။ သင်စာကြိုးစားလျှင်ကြိုးစား၊ သို့မဟုတ်လျှင်စာမေးပွဲကျလိမ့်မည်။ ဤလုံချည်နှစ်ထည်အနက်သင်နှစ်သက်ရာတစ်ထည်ကိုယူပါ။ ဤဝါကျများ၌ သမ္ဗန္ဓများသည်ခွဲခြားခြင်း၊ရွေးချယ်ခြင်းတို့ကိုဖော်ပြသည်။ ဆန့်ကျင်ဘက်ကိုပြသောသမ္ဗန္ဓများမှာအောက်ပါအတိုင်းပင်ဖြစ် သည်။

ဤမိန်းမပျိုသည်လှသော်လည်းအကျင့်မကောင်းပေ။ သူသည်ချမ်းသာကြွယ်ဝသော်လည်းမရောင့်ရဲနိုင်ချေ။ အကျိုးအကြောင်းဆက်စပ်ပုံကိုပြခြင်းအတွက် ဥဒါဟရုဏ်မှာ·· သူသည်စာကြိုးစားသောကြောင့်စာမေးပွဲ အောင်လာသည်။

ထိုပြင်သမ္ဗန္ဓများသည်အချိန်နှင့်နေရာကိုပြခြင်း၊ အကျိုးအကြောင်းဖော်ပြခြင်း၊ အခြေအနေနှိုင်း ရှည့်ချက်စသည်တို့ကို ပြခြင်းဟူ၍လည်း အမျိုးမျိုးရှိလေသေးသည်။

ဥဒါဟရုဏ်·ရထားမထွက်မီသူရောက်လာသည်။ မိုးရွာသောအခါရေခံမည်။ (အချိန်) ရေရနိုင်သောနေရာသို့ရောက်မှကျွနု်ပ်တို့နားကြစို့။ (နေရာ) သီလကိုမစောင့်ထိန်းခဲ့ကြသောကြောင့်အသက်တို ကြ၏။ (အကျိုး) ထီပေါက်လျှင်ဒါနများပြုမည်။ (အခြေအနေ) ဤသူငယ်ထက်ထိုသူငယ်ကပို၍အရပ်မြင့်သည်။( နှိုင်းယှဉ်ခြင်း)[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)