သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနဲ့ လျော့ပါးရေးနေ့

ဝီကီပီးဒီးယား မှ

ပြင်းအား ၇.၉ ရှိတဲ့ ငလျင်ဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်နဲ့ အိမ်နီးချင်း ပြည်နယ်နှစ်ခုမှာ ၂၀၀၈မေလ ၁၃ ရက် ဒေသစံတော်ချိန်မွန်းလွဲ ၂ နာရီ ၂၈ မိနစ်မှာ လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ လူ ၈၀,၀၀၀ ကျော်သေဆုံးပြီး ၅၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ ငလျင်လှုပ်ခဲ့တာ တနှစ်ပြည့်တဲ့ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားမှာ တရုတ်သမ္မတ ဟူဂျင်တောင်းက ငလျင်ကြောင့် တနိုင်ငံလုံး အတူတကွစည်းစည်းလုံးလုံးနဲ့ ဒုက္ခတွေကို မျှဝေခဲ့ကြတဲ့အထိမ်းအမှတ်အဖြစ် မေလ ၁၂ ရက်နေ့ကို တရုတ်နိုင်ငံရဲ့ သဘာဝ ဘေးအန္တရာယ်ကာကွယ်ရေးနဲ့ လျော့ပါးရေးနေ့အဖြစ်သတ်မှတ်လိုက်ပါတယ်။

တရုတ်နိုင်ငံ စီချွမ်ပြည်နယ် ငလျင်ဘေးသင့် ဒုက္ခသည်တွေကို ချက်ချင်းဆိုသလို အကူအညီတွေ ပေးနိုင်ခဲ့လို့ နိုင်ငံတကာအသိုင်းအဝန်းက ချီးကျူးခဲ့ကြပါတယ်။ ဒါပေမယ့် ဖြစ်သလို ဆောက်ထားတဲ့ ကျောင်းတွေပြိုကျပြီး သေဆုံးခဲ့ကြသူ ကျောင်းသားကျောင်းသူတွေရဲ့ မိဘတွေကတော့ အာဏာပိုင်တွေကို အပြစ်တင်ဆဲရှိနေပါတယ်။