သန်းလှိုင်၊ ကို
ကိုသန်းလှိုင် (၁၉၃၃-၁၉၈၃) သည် မြန်မာ အဆိုတော်နှင့် စာရေးသူ တစ်ဦး ဖြစ်သည်။
ငယ်ဘဝ[ပြင်ဆင်ရန်]
ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်တွင် ကုန်သည် ဦးရွှေလင်း၊ ဒေါ်စောဥ တို့မှ ၁၉၃၃ ခုတွင် မွေးသည်။ မွေးချင်း ၅ ယောက်အနက် အငယ်ဆုံးသား ဖြစ်သည်။
ရန်ကုန်မြို့ မက်သဒစ်ကျောင်း (အထက (၁) ဒဂုံ) တွင် ပညာသင်ပြီး စိန့်ဂျွန်းကျောင်းမှ ဆယ်တန်း အောင်သည်။ ရန်ကုန်တက္ကသိုလ်၌ ပညာဆက်သင်ရာ ဝိဇ္ဇာဘွဲ့ ရသည်။
ဂီတ လှုပ်ရှားမှု[ပြင်ဆင်ရန်]
ငယ်စဉ်က ဒေးဒရဲမြို့ ဂီတဆရာ ဦးချမ်းအေးထံတွင် သင်ယူဖူးသည်။ ဘွဲ့ရပြီးနောက် အစ်ကို ခင်မောင်မြင့်ရှိရာ ပဲခူးသို့လိုက်ကာ ကျောင်းဆရာလုပ်ရင်း ပဲခူးမေတ္တာ ဂီတအဖွဲ့ကို ထောင်သည်။ ရွှေဒုံး ဂီတအဖွဲ့မှ မမေ့နိုင် သီချင်းဖြင့် ဂီတနယ်သို့ စရောက်သည်။
ရန်ကုန်သို့ ပြောင်းလာပြီးနောက် အစိုးရဝန်ထမ်း ဝင်လုပ်ကာ သီတဂူ ဂီတအဖွဲ့ကို တည်သည်။
တက္ကသိုလ်အနုပညာအသင်းတွင် အဆိုနည်းပြ တာဝန်ယူသည်။ စကားပြောကောင်းတဲ့ မသဲအူ သီချင်းမှာ ဓာတ်ပြားရခဲ့သည်။
ယဉ်ကျေးမှု ဝန်ကြီးဌာန၌ ဂီတသုတေသနမှူး အဖြစ် တာဝန်ထမ်းစဉ် ဂီတပဒေသာ မဂ္ဂဇင်းကို ဦးစီးထုတ်ဝေသည်။ ထိုဌာနတွင် လက်ထောက်ညွန်ကြားရေးမှူး အဆင့်အထိ ရောက်ခဲ့သည်။
ကျော်ကြားသော တေးများ[ပြင်ဆင်ရန်]
ခေါင်းစဉ် | တေးဆို | တေးရေး | မှတ်ချက် |
---|---|---|---|
ဥဿာလှိုင်ထိပ်ထား | ကိုသန်းလှိုင် | ကိုသန်းလှိုင် | |
တစ်ဆောင်း သစ်ပြန်ပြီ | ကိုသန်းလှိုင် | ||
လှယမင်းနဲ့ တွေ့ဆုံခြင်း | ကိုသန်းလှိုင် | ||
ဂန့်ဂေါ်မြိုင်တန်း | ကိုသန်းလှိုင် | ကိုသန်းလှိုင် | |
ချစ်သော ဧရာဝတီ | ကိုသန်းလှိုင် | ကိုသန်းလှိုင် | |
ကိုယ်မမေ့သည် | ကိုသန်းလှိုင် | ကိုသန်းလှိုင် | |
သည်နွေမိုးဆောင်း ပြောင်းသော်လည်း | ကိုသန်းလှိုင် | စန္ဒယား မြတ်ဦး | |
ချစ်ရသည်က အသက်ထက်ဆုံး | ကိုသန်းလှိုင် | ကိုသန်းလှိုင် | |
ဖူးပွင့်ဝေစည် ၁၂ ရာသီ | ကိုသန်းလှိုင် | ကိုသန်းလှိုင် | |
ငြင်းပယ်မှာဘဲ စိုးမိတယ် | ကိုသန်းလှိုင် | ကိုမြတ်လင်း | |
ကြင်နာခြင်းတဝက် ရှုပ်ထွေးခြင်းတဝက် | ကိုသန်းလှိုင် | ||
စကားပြောကောင်းတဲ့ မသဲအူ | ကိုသန်းလှိုင် | မောင်ဆွေနွယ် | |
အချစ်စိမ်းမလေး မပလီ | ကိုသန်းလှိုင် | ဟင်္သာတ မြင့်ငွေ | |
အလွမ်းနွေကို စမ်းရေထဲမှာ မျှောလိုက်ပြီ | ကိုသန်းလှိုင် | ||
မေတ္တာဘုံက ပုံပြင်သက်ထား | ကိုသန်းလှိုင် | ||
ဒို့များအချစ်က သုံးနဲ့လေး | ကိုသန်းလှိုင် | ||
မောင့်ရင်ထဲမှာ နွေပြီးနွေ | ကိုသန်းလှိုင် | ကိုသန်းလှိုင် | |
ထာဝရအသည်းရဲ့ ရုပ်ပုံလွှာ | ကိုသန်းလှိုင် | ||
မနာတတ်သော အသဲကလေး | ကိုသန်းလှိုင် | ||
မျက်ရည်မိုးဖြင့် ပျိုးပါ့မယ် | ကိုသန်းလှိုင် | ||
ချစ်လိုလျက်နဲ့ ဝေး | ကိုသန်းလှိုင် | ||
တစ်ဝက်မေတ္တာ | ကိုသန်းလှိုင် | ||
တစ်ကမ္ဘာစီ ဝေးကြရတော့မှာလား | ကိုသန်းလှိုင် | ||
မလွမ်းသော မျက်ရည် မောင်လွမ်းပြေ | ကိုသန်းလှိုင် | ||
သဇင်သို့ ပြန်ကြားချက် | ကိုသန်းလှိုင် | ကိုသန်းလှိုင် | |
သူ့ကိုချစ်၍ ခွဲရသည် | ကိုသန်းလှိုင် | ||
အကြောင်းမဆုံ ဝေးကြသော်လည်း | ကိုသန်းလှိုင် | ||
စေတနာ | ကိုသန်းလှိုင် | ကိုသန်းလှိုင် | |
မေတ္တာ ကမ္ဘာများဖြင့် မခြားလိုတယ် | ကိုသန်းလှိုင် | ကိုသန်းလှိုင် | |
မေတ္တာကမ္ဘာ ခြားလေသူ | ကိုသန်းလှိုင် | ကိုသန်းလှိုင် | |
တက္ကသိုလ်မြေမှ ဇာတ်လမ်းတစ်ပုဒ် | ကိုသန်းလှိုင် | ကိုသန်းလှိုင် | |
နှလုံးသားထဲက နွေ | ကိုသန်းလှိုင် | ||
လေးကလေးရဲ့ သုံး | ကိုသန်းလှိုင် | ||
မေတ္တာပန်းများ ပွင့်စေမည် | ခင်မောင်ကြီး | ကိုသန်းလှိုင် | |
ကိုယ်သာတိတ်တိတ် ချစ်စိတ်ရယ်ဖြေ | ခင်မောင်လွင် | ကိုသန်းလှိုင် | |
တူတူရေ | ခင်ယုမေ | ကိုသန်းလှိုင် | |
ပန်းနုမာလာ နှုတ်ဆက်လွှာ | ခင်ယုမေ | ကိုသန်းလှိုင် |
စာပေ ရေးသားခြင်း[ပြင်ဆင်ရန်]
ဂီတနှင့် ပတ်သက်သော ဆောင်းပါးများကို သပြေ တေးမဂ္ဂဇင်းတွင် ရေးသည်။
ထုတ်ဝေခဲ့သော စာအုပ်များ[ပြင်ဆင်ရန်]
ခေါင်းစဉ် | ထုတ်ဝေနှစ် | ထုတ်ဝေသူ | မှတ်ချက် |
---|---|---|---|
ဂင်္ဂါမြစ်မှ နေဝန်းနီ | |||
သမ္မတ ကနေဒီ | |||
ပထမ ခေတ်ဟောင်း သီချင်းပေါင်းချုပ် | |||
မြန်မာ့ဇာတ်သဘင် နှစ်ပါးသွားနှင့် ဇာတ်သဘင် အခေါ်စကားများ |
မိသားစု ဘဝ[ပြင်ဆင်ရန်]
၁၉၆၀ ပြည့်၊ ဇွန်လ ၆ ရက်တွင် ပဲခူးသူ မူမူမြင့်နှင့် အိမ်ထောင်ကျသည်။ ဝင်းဦးလှိုင်နှင့် ဝင်းမြင့်လှိုင် ဟူသော သားနှစ်ယောက် ရသည်။
ဘဝနိဂုံး[ပြင်ဆင်ရန်]
၁၉၈၃ ခု၊ ဇွန်လ ၁၇ ရက်တွင် အစာအိမ်ကင်ဆာ ရောဂါဖြင့် ကွယ်လွန်သည်။ ကွယ်လွန်ချိန်၌ ဇနီးနှင့် သားနှစ်ယောက် ကျန်ရစ်သည်။ [၁]
- ↑ လေးစိုး (ဒေးဒရဲ)။ "တစ်ဆောင်းသစ်ပြန်ပြီ ကိုသန်းလှိုင်"