သန္ဓေပါ ဆရာမနိုင်
ပုံပန်းသွင်ပြင်
သန္ဓေပါ ဆရာမနိုင် သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[၁]
အဓိပ္ပာယ်
[ပြင်ဆင်ရန်]သန္ဓေပါ ဆရာမနိုင်: သန္ဓေတည်ကတည်းက ပါလာတဲ့ အကျင့်ဆိုး (သို့) စရိုက်ဆိုးကို ဘယ်သူကမှ ပြုပြင်ပေးလို့ မရနိုင်ဘူး။
ဆိုလိုသည်မှာ လူတစ်ဦးတွင် ငယ်စဉ်ကတည်းက စွဲကပ်နေသော အကျင့်ဆိုး၊ စရိုက်ဆိုးများကို အရွယ်ရောက်မှ ပြုပြင်ရန် အလွန်ခက်ခဲကြောင်းကို ဖော်ပြသည်။ သန္ဓေတည်ချိန်ကတည်းက ပါလာသည်ဟု ဆိုခြင်းမှာ ထိုအကျင့်ဆိုးသည် အလွန်စွဲမြဲနေပြီး ပြောင်းလဲရန် မလွယ်ကူကြောင်းကို ပိုမိုအားကောင်းစေရန် ဖော်ပြခြင်းဖြစ်သည်။ ဤဆိုရိုးစကားသည် ငယ်ရွယ်စဉ်ကာလတွင် ကလေးများအား ကောင်းမွန်သော အကျင့်အပြုအမူများ ရရှိအောင် သွန်သင်ဆုံးမခြင်း၏ အရေးပါမှုကို အလေးပေးဖော်ပြသည်။
ကိုးကားချက်များ
[ပြင်ဆင်ရန်]"ငယ်ကတည်းက ဉာဉ်ဆိုးစွဲလာရင် သန္ဓေပါ ဆရာမနိုင် ဆိုသလိုကြီးခါ မှ ပြုပြင်လို့တော့ မရဘူးပေါ့၊" [၂]