မာတိကာသို့ ခုန်သွားရန်

သန္တိစေတီတော်၊ ပေါခရာ

ဝီကီပီးဒီးယား မှ
သန္တိစေတီတော်
အချက်အလက်များ
တည်နေရာPokhara
နိုင်ငံNepal

သန္တိစေတီတာ် (နီပေါအသံထွက်: သန္တိ) သည် နီပေါနိုင်ငံ၊ ကက်ကီ (Kaski) ခရိုင်၊ Pumdi Bhumdi ကျေးရွာရှိ Anadu တောင်ကုန်းပေါ်တွင် တည်ထားသည့် ဗုဒ္ဓဘာသာစေတီတော်တစ်ဆူ ဖြစ်သည်။ [](ထိုနေရာသည် ယခုအခါတွင် ပေါခရာမြို့၏ အစိတ်အပိုင်းတစ်ခု အဖြစ် တည်ရှိသည်။)

သန္တိစေတီတော်သည် ပေါခရာ (Pokhara) တွင် တည်ရှိပြီး နိပွန်ဇင်မိဟိုးဂျိရဟန်း Morioka Sonin နှင့်အတူ ဒေသတွင်းရှိ ထောက်ပံ့သူများက Nichidatsu Fujii ၏ လမ်းညွှန်မှုဖြင့် တည်ခဲ့ခြင်း ဖြစ်သည်။ Nichidatsu Fujii သည် နိပွန်ဇင်မိဟိုးဂျိကို တည်ထောင်သူ ရဟန်းတစ်ပါး ဖြစ်သည်။ သန္တိဆိုသည်မှ သင်္ကသရိုက်စကားလုံးတစ်ခု ဖြစ်ကာ "ငြိမ်းချမ်းရေး" ဟု အဓိပ္ပာယ်ရသည်။ ထိုစကားလုံးကို နီပေါနှင့် ဟိန္ဒီဘာသာစကားများတွင် တွင်ကျယ်စွာ အသုံးပြုကြသည်။ ထို့အတွက်ကြောင့် သန္တိစေတီတော်သည် "ငြိမ်းချမ်းရေးစေတီတော်" ဟု အဓိပ္ပာယ်ရသည်။ သန္တိစေတီတာ်ကို ငြိမ်းချမ်းမှု၏ သင်္ကေတအဖြစ် တည်ထားခဲ့သည်။ စေတီတော်သည် ၁၁၀၀ မီတာမြင့်သည် Anadu တောင်ကုန်းပေါ်တွင် တည်ရှိသည်။ ၁၉၇၃ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် Nichidatsu Fujii သည် စေတီတော်၏ အောက်ခြေကျောက်တုံးတွင် ဗုဒ္ဓ၏ ဓာတ်တော်များကို ဌာပနာခဲ့သည်။ [][] ကမ္ဘာပေါ်တွင် ငြိမ်းချမ်းရေးစေတီတော် စုစုပေါင်း ရှစ်ဆူ တည်ရှိရာ နီပေါနိုင်ငံတွင် နှစ်ဆူ ရှိသည်။ တစ်ဆူမှာ သိဒ္ဓတ္ထမင်းသားအား ဖွားမြင်ရာ လုမ္ဗနီဥယျဉ်တွင် ဖြစ်ပြီး နောက်တစ်ဆူမှာ ပေါခရာရှိ သန္တိစေတီတော် ဖြစ်သည်။ဤပေါခရာရှိ စေတီတော်သည် ခရီးသွားများကို ဆွဲဆောင်မှုရှိသည့် နေရာတစ်ခုလည်း ဖြစ်သည်။ စေတီမှနေရ Annapurna တောင်တန်း၏ မြင်ကွင်းကျယ်၊ ပေါခရာမြို့နှင့် Fewa ရေကန်များကို ကြည့်ရှုနိုင်သည်။[]

ကမ္ဘာ့ငြိမ်းချမ်းရေးစေတီတော်၊ ပေါခရာ
ဗုဒ္ဓရုပ်ပွားတော်
သန္တိစေတီတော်ရှိ ဗုဒ္ဓရုပ်ပွားတော်
ကမ္ဘာ့ငြိမ်းချမ်းရေးစေတီတော်/ သန္တိစေတီတော်၊ ပေါခရာ

အသွင်အပြင်နှင့် ဖော်ပြချက်များ

[ပြင်ဆင်ရန်]

ပေါခရာရှိ သန္တိစေတီတော်သည် ကမ္ဘာတဝှမ်း၌ နစ်ပွန်ဇင်မျောဟိုးဂျိ (Nipponzan-Myōhōji) က တည်ခဲ့သည့် စေတီပိုထိုးများများ ခုနစ်ဆယ့်တစ်ဆူမြောက်‌ စေတီတော်ဖြစ်ကာ နီပေါနိုင်ငံတွင် တည်ခဲ့သည့် ပထမဆုံးသော ငြိမ်းချမ်းရေးစေတီတော်လည်း ဖြစ်သည်။ စေတီတော်သည် ၁၁၅ ပေမြင့်ကာ အချင်းအားဖြင့် ၃၄၄ ပေ ရှိသည်။ အဖြူရောင် စေတီတော်ဖြစ်ကာ အထပ်နှစ်ထပ်ပါဝင်၍ လှည့်လည်ဝတ်ပြုရန် ပတ်လမ်းလည်း ပါဝင်သည်။[] ဒုတိယအထပ်တွင် နိုင်ငံများစွာမှ လက်ဆောင်အဖြစ် ပေးထားသည့် ဗုဒ္ဓရုပ်ပွားတော်အမျိုးမျိုးကို ပြသထားသည်။ ၎င်းတို့တွင် ဂျပန်နိုင်ငံမှ ဓမ္မစကြာမုဒြာ၊ သီရိလင်္ကာနိုင်ငံမှ ဗုဒ္ဓဂါယာရှိ ရုပ်ပွားတော်၊ ထိုင်းနိုင်ငံမှ ကုသိနာရုံရှိ ရုပ်ပွားတော်၊ နီပေါနိုင်ငံမှ လုမ္ဗိနီရှိ ရုပ်ပွားတော် စသည့် ရုပ်ပွားတော်များ ဖြစ်သည်။ ဤရုပ်ပွားတော်များသည် ဂေါတမဗုဒ္ဓ၏ အရေးပါသည့် ဘဝဖြစ်စဉ်များကို ဖော်ပြသည့် ရုပ်ပွားတော်များဖြစ်ကာ ထိုရုပ်ပွားတော်များ၏ ဘွဲ့တော်များကိုလည်း နေရာဌာနကို လိုက်၍ ပေးထားသည်။[][]

စေတီတော်မှ မြင်တွေ့ရသည့် ဖီဝရေကန်နှင့် ဟိမဝန္တာတောင်တန်း

ခရီးသွားဆွဲဆောင်မှု

[ပြင်ဆင်ရန်]

အနဒု(Anadu) တောင်ကုန်းထိပ်တွင် တည်ရှိသည့် သန္တိစေတီတော်သည် ပေါခရာလွင်ပြင်၏ အလှကို ပိုမိုတောက်ပစေခဲ့သည်။ စေတီတော်မှတဆင့် ဟိမဝန္တာတောင်တန်းအား ရှင်းလင်းပြတ်သားစွာ ရှုမြင်ခံစားနိုင်ခြင်၊ ဖီဝရေကန် (Fewa lake) နှင့် ပေါခရာမြို့တို့ကို ကြည့်ရှုခံစားနိုင်ခြင်းတို့ ပြုလုပ်နိုင်သဖြင့် စေတီ‌တော်သည် အားလပ်ရက်ကာလ ပြီးပြည့်စုံသည့် လည်ပတ်စရာနေရာတစ်ခုလည်း ဖြစ်သည်။ စေတီတော်မှနေ၍ အလွန်လှပသည့် နေထွက်နေဝင် အချိန်ကာလများကိုလည်း ကြည့်ရှုနိုင်သည်။ TripAdvisor က သန္တိစေတီတော်သည် ပေါခရာ၌ ခရီးသွားများကို ဒုတိယမြောက် ဆွဲဆောင်မှုအရှိဆုံး နေရာတစ်ခုအဖြစ် ဖော်ပြခဲ့သည်။ စေတီတော်သည် ပေါခရာ၏ အဓိကစီးပွားရေးအချက်အချာနေရာဖြစ်သည့် မဟေန္ဒြပုလ် (Mahendrapool) မှ ၇ ကီလိုမီတာအကွာတွင် တည်ရှိသည်။[] စေတီတော်သို့ နည်းလမ်းမျိုးစုံဖြင့် သွားရောက်နိုင်သည်။ တောင်တက်လမ်းများ၊ စက်ဘီးစီးလမ်းများနှင့် ကားလမ်းဖြင့်လည်း စေတီတော်သို့ တက်ရောက်နိုင်သည်။[] လူသိများထင်ရှားပြီး စိတ်လှုပ်ရှားဖွယ်ကောင်းသည့် တောင်တက်လမ်းသည် ဖီဝရေကန် (Fewa lake) ကို လှေဖြင့် ဖြတ်ကူးကာ ထို့နောက်တွင် ဒေသခံရွာများကို ဖြတ်ကျော်၍ တောင်ပေါ်သို့ တက်ရသည့် လမ်းဖြစ်ပြီး တစ်နာရီခန့် ကြာမြင့်သည်။ Chhorepatan မှ စေတီတော်သို့ ကားလမ်းသည် ၂၅ မိနစ်ခန့် ကြာမြင့်၍ ကိုယ်ပိုင်ကား သို့မဟုတ် တက္ကစီဖြင့် တက်ရောက်နိုင်သည်။ စေတီတော်သို့ တက်ရောက်ရာတွင် အများပြည်သူဆိုင်ရာသယ်ယူပို့ဆောင်ရေးယာဉ်လိုင်းများဖြင့်လည်း တက်ရောက်နိုင်သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 3 4 5 Sulochana Bamanu။ Shanti Stupa(Pokhara) educatesansar.com 18 April 2013 တွင် ပြန်စစ်ပြီး။
  2. World Peace Pagoda - Pokhara Nepal. 28 April 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 April 2013 တွင် ပြန်စစ်ပြီး။
  3. Pokhara sacredsites.com။ 22 April 2013 တွင် ပြန်စစ်ပြီး။
  4. 1 2 Kauba၊ Pat။ Up & Over to The World Peace Pagoda www.ecs.com.np။ 15 April 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 April 2013 တွင် ပြန်စစ်ပြီး။
  5. Peace Temple: Traveler Reviews www.tripadvisor.com။ 19 April 2013 တွင် ပြန်စစ်ပြီး။