သနပ်ပစ္စည်း

ဝီကီပီးဒီးယား မှ
Patchouli
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Asterids
မျိုးစဉ်: Lamiales
မျိုးရင်း: Lamiaceae
မျိုးရင်းသေး: Lamioideae
မျိုးစု: Pogostemon
မျိုးစိတ်:
P. cablin
ဒွိနာမ
Pogostemon cablin
(Blanco) Benth.
Synonyms

Nilam, Patchouly

ပုံသဏ္ဌာန် : အပင်----ပင်ပျော့ ပင်ငယ်မျိုး ဖြစ်၏ ။ ၃ ပေ ကျော်ခန့် မြင့်သည်။ ထောင်မတ် ၍ ပေါက်သည်။ ကိုင်းဖြာသည်။ ပင်စည်နှင့် အကိုင်းအခက် လေးထောင့် ပုံရှိသည်။ ပင်စည် ညိုခြောက် ခြောက် ရောင်ရှိ၍ ဖုဖောင်း နေသော အဆစ်များ ရှိ၏ ။ ပဉ္စငါးပါး လုံး မွှေး၏ ။ ကိုင်းနုများ ပေါ်တွင် အမွှေးနု ကလေးများ ရှိသည်။ အရွက်----၂ ရွက်စီ ရွက်ဆိုင် အလှည့်ကျ ထွက်၏ ။ ရွက်ရင်း ဝိုင်း၍ ရွက်ထိပ်ချွန်သည်။ ရွက်နား တွင် ခွေးသွား စိပ်များ ရှိ၏ ။ အရွက် အပေါ် မျက်နှာပြင်တွင် အမွှေးနု ကလေးများ ရှိ၏။ ရွက်လယ်ကြော ထင်ရှားပြီး အနီရောင်ရှိ သည်။ ရွက်ညှာ မရန်းစေ့ရောင် သမ်းကာ အမွေးနုလေး များဖြင့် ဖုံးလွှမ်း နေသည်။ အပွင့်--သေးငယ်၏ ။ ပန်းခရမ်းရောင် ရှိသော ပန်းပွင့်လေးများ ပန်းခိုင်ပေါ်တွင် စုပြုံ ၍ ပွင့်၏။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အရွက် ။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : ဆေးဝါးအလို့ငှာ အိမ်များ တွင် စိုက်ပျိုး လေ့ရှိသည်။ စိုက်ပျိုးပင် ဖြစ်သည်။ အသုံးဝင်ပုံ : ပင်စိမ်းအာနိသင် နှင့်တူ၏ ။ အသုံးပြုပုံ- အရွက် ၁ ။ ဆီး၌ သွေးပါခဲ့သော် အရွက်ရည်ကို ဆေးခြောက် အနည်းငယ် နှင့် ရောသောက် ရ၏။ ၂ ။ ဖျားနာခြင်း နှင့် ကလေးများ အညှော် မိ၍ ငန်းမန်း လိုက်ခြင်း များ အတွက် အရွက်ကို ကြိတ်၍ နှမ်းဆီ နှင့် ရောပြီး ငယ်ထိပ်ပေါ် တွင် လိမ်းပေးခြင်း ၊ အုပ်ပေးခြင်း ပြုရ၏ ။ ၃ ။ မီးယပ်လာစဉ် ကိုက်ခဲခြင်း အတွက် အရွက်ရည်ကို အတွင်းဆေးအဖြစ် သုံး၏။ ၄ ။ ဆီးရွှင်ဆေး လေထိုး လေအောင့် ရောဂါပျောက်ဆေး ဖော်စပ်ရာ တွင်လည်း ထည့်သွင်း အသုံးပြု ၏။ [၁]

ကိုးကား[ပြင်ဆင်ရန်]