သဒ္ဓမ္မာလင်္ကာရဆရာတော်

ဝီကီပီးဒီးယား မှ

သဒ္ဓမ္မာလင်္ကာရဆရာတော်[ပြင်ဆင်ရန်]

စကားပြေခေတ်ဟုခေါ်ဆိုအပ်သော ညောင်ရမ်းခေတ်၌စကားပြေအရေး အသားကိုနိုင်နင်းစွာ ရေးသားနိုင်စွမ်းသော ပုဂ္ဂိုလ်များထဲတွင် သဒ္ဓမ္မာလင်္ကာရဆရာတော်လည်း အပါအဝင်ဖြစ်ပေသည်။

ဆရာတော်သည် အမျိုးလေးပါးတို့အား သဒ္ဒါသီလစသောသူတော်ကောင်းဥစ္စာနှင့်ပြည့်စုံကြွယ်ဝ စေလိုသည့်အာသီသရှိရကား ဓမ္မပဒကျမ်းလာသဒ္ဒါသီလနှင့် သက်ဆိုင်သည့်ပြုံ့ပင်များကိုထုတ်နုတ်၍ ရတနာကရ ဝတ္ထုကျမ်းတစ်စောင်ကိုစကားပြေဖြင့် သက္ကရာဇ် ၁ဝ၄၂ ခုနှစ်တွင်ရေးသားလေသည်။ ထို ဝတ္ထုကျမ်းကိုအစွဲပြု၍ ပိဋကတ်တော်သမိုင်းတွင်ဆရာတော်အားမဟာရတနာကရ ဆရာတော်ဟုဘွဲ့ တော်သထား၏။

ဆရာတော်၏အရေးအသားမှာ စကားလုံးအဆန်းထွင်ခြင်းမရှိဘဲ ပါဠိမှမြန်မာသို့ သက်သက်ပြန်ယူရေးသားထားသကဲ့သို့ရှိ၏။ ဆရာတော်သည် ပင်းယမြို့ရွှေစည်းခုံကျောင်းတိုက်တွင် သီတင်းသုံးတော်မူသည်။ ဖွားသက္ကရာဇ် မိဘမည်ရည်တို့ကိုကားကျမ်းဂန်များတွင်မတွေ့ရချေ။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)