သတ္တဘိသျှနက္ခတ်
သတ္တဘိသျှနက္ခတ် မှာ ဆုံကြီးသဏ္ဌာန် ခြောက်လုံးရှိသည်။ တနည်း မှန်ကူနှင့် တူ၏။ ထိုနက္ခတ်ကို ဝရုဏာနတ်မင်း အစိုးရကြောင်း ဆိုသည်။ သတ္တဘိသျှနက္ခတ် မှာ ဆုံကြီးသဏ္ဌာန် ခြောက်လုံးရှိသည်။ တနည်း မှန်ကူနှင့် တူ၏။ ထိုနက္ခတ်ကို ဝရုဏာနတ်မင်း အစိုးရကြောင်း ဆိုသည်။
၂၄။ သတဘိသ=သတဘိသျှနက္ခတ်
[ပြင်ဆင်ရန်]ရာဇမတ္တဏ်ကျမ်း၌ ဝရုဏနတ်မင်း အစိုးရသည် ဆိုသော သတဘိသျှနက္ခတ်ကို ဝါရုဏော၊ ဝါရုဏချာတော၊ သတဘိသော” ဟူ၍ ပရိယာယ် (၃) ပုဒ် ပြဆိုပါသည်။ အဘိဓာန် ဋီကာတွင်ကား “ဧတ္ထ၊ ဤနက္ခတ်၌။ သတံ၊ များစွာသော။ ဘိသဇာ၊ ဆေးတို့သည်။ သန္တိ၊ ရှိကုန်၏။ ဣတိ၊ ထို့ကြောင့်။ သတဘိသဇော၊ သတဘိသဇမည်၏။ (တစ်နည်းကား) သတဘိသဇာနံ၊ များစွာသော ဆေးတို့ကို။ အဓိပတိ၊ အစိုးရသည်တည်း။ ဣတိ၊ ထို့ကြောင့်။ သတဘိသဇော၊ သတဘိသျှနက္ခတ် မည်၏” ဟူ၍ တွေ့ရသည်။ ဤနက္ခတ်ကား ဆေးဝါးရှိသည်။ ဆေးဝါးတို့ ဝါးတို့ကို အစိုးရသည်ဟု အဓိပ္ပာယ် ရပေသည်။
သတဘိသျှနက္ခတ်၏ လုံးရေသင်္ချာ အဆင်း သဏ္ဌာန်ကို အောက်ပါအတိုင်း တွေ့ရပေသည်။
- -သေနင်္ဂဗျူဟာကျမ်း(၄) လုံး၊ သဏ္ဌာန်မပါ
- -ပေါတ္တရသာဒိကျမ်း၊ လုံးရေမပါ၊ ဆန်ကွဲ ကြဲသကဲ့သို့ သဏ္ဌာန်
- -ဂြဟသျှန္တိကျမ်း၊ လုံးရေ (၁၀၀)၊ ပန်းခိုင် သဏ္ဌာန်
- -လဃုင်္ဂြသဟကျမ်း၊ လုံးရေများစွာ၊ ပန်းဝတ်မှုန် ဝတ်ဆန်သဏ္ဌာန်
- -အာကာသသျှတ္တရကျမ်း၊ (၆) လုံး၊ ဆီပွတ်ဆုံ သဏ္ဌာန်
- -သိင်္ဃဗောဓကျမ်း၊ လုံးရေ (၁၀၀)၊ သဏ္ဌာန်မပါ
- -ကပ္ပဝဏ္ဏနာကျမ်း၊ (၁) လုံး၊ မှန်ကူသီးသဏ္ဌာန်
- -ရွှေမင်ရေး ပုရပိုက်ဖြူ (၆) လုံး၊ စိုင်သတ္တဝါ သဏ္ဌာန်
- -နက္ခတ်လင်္ကာ (၄) လုံး၊ ကျောက်ပျဉ်သဏ္ဌာန် ခက်ရင်းသဏ္ဌာန်[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ နက္ခတ်တာရာသိမှတ်စရာ အာကာသသျှတ္တရကျမ်း၊ အရှင်အာလောက (မုံရွာ)