သတိစကား
ပုံပန်းသွင်ပြင်
သတိစကား ကဗျာကို လယ်တီဆရာတော် ရေးသားခဲ့သည်။
သတိစကား
[ပြင်ဆင်ရန်]မျက်မြင်လောက ဤဘဝကား
ဒုက္ခစင်းစင်း ချမ်းသာကင်း၏
သေမင်းအစာ နင့်ခန္ဓာကို
တဏှာဘီလူး အမှောင့်ပူး၍
အရူးပြင်ပြင် နင့်ကိုယ်ထင်၏
နင်နှင့်မဆိုင် နင်ပိုင်မဟုတ်
နင့်ရုပ်နင့်နာမ် နင့်သန္တာန်ကို
နင့်ဉာဏ်မစူး မူးမူးမေ့မေ့
အများလေ့ဖြင့် နေ့ရက်အပုံ
လွန်ခဲ့တုံပြီ။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ဆန်းလွင်။ ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်လာသူတစ်ယောက် အကြောင်း (စတုတ္ထအကြိမ် ed.)။ ဘဝတက္ကသိုလ်စာပေ။