သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ (May 2011) |
အိုင်စီတီသည် information and communications technology ၏ အတိုကောက်အမည်ဖြစ်သည်။ သတင်းနှင့်ဆက်သွယ်ရေးနည်းပညာ ဟုလည်းခေါ်ဆိုနိုင်မည် ဖြစ်သည်။ သတင်းသိပ္ပံပညာနှင့် ဆက်သွယ်ရေးနည်းပညာတို့သည် သမိုင်းတလျှောက် ဆက်စပ်နေသော နည်းပညာများဖြစ်ကြသော်လည်း ပညာရပ်ပိုင်းဆိုင်ရာမှာ သီးခြားစီရှိခဲ့ကြ၏။ သို့ရာတွင် ၁၉၉၀ခုနှစ်ပိုင်းမှစ၍ အင်တာနက်၊ မိုဘိုင်းတယ်လီဖုန်း၊ ကြိုးမဲ့ ကွန်ပျူတာအစရှိသည့်ပစ္စည်းများ၏ အသုံးများလာမှု့၊ အစရှိသည့် ကရိယာများကိုအခြေခံသော ဝန်ဆောင်လုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်လာမှု့တို့က သတင်းသိပ္ပံပညာနှင့် ဆက်သွယ်ရေးနည်းပညာတို့၏ နယ်နမိတ်ကို ကျဉ်းမြောင်းစေခဲ့ပြီး အိုင်စီတီဟု သုံးစွဲမှု့များကို တွေ့လာရ၏။ နောက်ပိုင်း အိုင်စီတီဆိုသည့်စကားလုံးတွင် သတင်းသိပ္ပံအထောက်အကူနှင့် ဆက်သွယ်ရေး ပံ့ပိုးမှု့တို့တွင် တနည်းနည်းဖြင့် ပတ်သက်နေသော နည်းပညာများ၊ ကွန်ပျုတာနှင့် ဆက်သွယ်ရေး အထောက်အကူလျှပ်စစ် ကရိယာများ၊ Network တွင်အသုံးပြုမည့်ပစ္စည်းကရိယာများ အစရှိသည့် ကရိယာများနှင့်၊ အခြေခံ ဆော့ဖ်ဝဲများကိုလည်း ခေါ်ဝေါ်အသုံးပြုပါသည်။