မာတိကာသို့ ခုန်သွားရန်

သတင်း

ဝီကီပီးဒီးယား မှ

သတင်းဆိုသည်မှာ လတ်တလောဖြစ်ပျက်နေသော အဖြစ်အပျက်များနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ဆိုလိုသည်။ ဤအချက်အလက်များကို နုတ်ဆင့်စကားဖြင့်သော်လည်းကောင်း၊ ပုံနှိပ်ခြင်း၊ စာပို့စနစ်၊ ရေဒီယိုနှင့် ရုပ်သံထုတ်လွှင့်ခြင်း၊ အီလက်ထရွန်နစ် ဆက်သွယ်ရေး သို့မဟုတ် ဖြစ်ရပ်ကို ကိုယ်တိုင်မြင်တွေ့ခဲ့သူများ၏ ထွက်ဆိုချက်များမှတစ်ဆင့်သော်လည်းကောင်း နည်းလမ်းမျိုးစုံဖြင့် ဖြန့်ဝေပေးနိုင်သည်။ သတင်းကို ဖျော်ဖြေရေးဆန်သော သတင်းများနှင့် ခွဲခြားနိုင်ရန် Hard news ဟုလည်း တစ်ခါတစ်ရံ ခေါ်ဆိုလေ့ရှိသည်။

သတင်းအစီရင်ခံစာများတွင် စစ်မက်ရေးရာအစိုးရနိုင်ငံရေးပညာရေးကျန်းမာရေးစီးပွားရေးဖက်ရှင်အားကစားဖျော်ဖြေရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာများအပြင် ထူးခြားဆန်းပြားသော ဖြစ်ရပ်များလည်း ပါဝင်သည်။ ရှေးခေတ်ကာလများကပင် တော်ဝင်အခမ်းအနားများ၊ ဥပဒေများ၊ အခွန်အတုတ်များ၊ ပြည်သူ့ကျန်းမာရေးနှင့် ရာဇဝတ်သားများဆိုင်ရာ အစိုးရ၏ ထုတ်ပြန်ကြေညာချက်များကို သတင်းအဖြစ် သတ်မှတ်ခဲ့ကြသည်။ နည်းပညာနှင့် လူမှုရေးဆိုင်ရာ တိုးတက်မှုများသည် သတင်းပျံ့နှံ့မှု အရှိန်ကို မြှင့်တင်ပေးခဲ့သကဲ့သို့ သတင်းပါ အကြောင်းအရာများအပေါ်တွင်လည်း လွှမ်းမိုးမှုရှိခဲ့သည်။

သမိုင်းတစ်လျှောက်တွင် လူသားတို့သည် သတင်းအချက်အလက်အသစ်များကို နှုတ်ဖြင့် တစ်ဦးမှတစ်ဦးသို့ သယ်ဆောင်ခဲ့ကြသည်။ တရုတ်နိုင်ငံတွင် ရာစုနှစ်ပေါင်းများစွာ ထွန်းကားခဲ့သော သတင်းစာလုပ်ငန်းသည် ခေတ်သစ်ဦးကာလတွင် ဥရောပတိုက်၌ အခြေခိုင်လာခဲ့သည်။ ၂၀ ရာစုအတွင်း၌ ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့သည် သတင်းဖြန့်ဝေရာတွင် အရေးပါသော အခန်းကဏ္ဍသို့ ရောက်ရှိလာခဲ့သည်။ ၂၁ ရာစုတွင်မူ အင်တာနက်သည်လည်း ထိုကဲ့သို့ပင် အရေးကြီးသော သတင်းစီးဆင်းမှု လမ်းကြောင်းတစ်ခုအဖြစ် စတင်အခန်းကဏ္ဍယူလာခဲ့သည်။

ကိုးကား

[ပြင်ဆင်ရန်]