သစ်တောက်ကျား
ပုံပန်းသွင်ပြင်
| သစ်တောက်ကျား | |
|---|---|
| Female at Jayanti in the Buxa Tiger Reserve (Jalpaiguri district, West Bengal, India) | |
| မျိုးရိုးခွဲခြားခြင်း | |
| လောက: | တိရစ္ဆာန် |
| မျိုးပေါင်းစု: | |
| မျိုးပေါင်း: | ငှက် |
| မျိုးစဉ်: | ပီစီဖောမီး |
| မျိုးရင်း: | ပီစီဒီး |
| မျိုးစု: | |
| မျိုးစိတ်: | D. canicapillus |
| ဒွိနာမ | |
| Dendrocopos canicapillus (Blyth, 1845) | |
| Synonyms | |
|
Dryobates semicoronatus | |
ဝမ်းဗိုက်နှင့် ရင်အုပ်ပေါ်တွင် အနက်ပြောက်နှင့် အပေါ်ပိုင်းတွင် အဖြူနှင့် အနက်စင်း ရှိပြီး သေးငယ်သော ငှက်မျိုးဖြစ်သည်။ အဖိုများတွင် ဦးခေါင်း၌ အနီပြောက်များရှိသည်။ ကိုယ်အလျား ၆ လက္မခန့်ရှိသည်။ ကုန်းနိမ့် မြင့်မရွေး သစ်တောများတွင် တွေ့ရသည်။ လှုတ်ရှားသည့်အခါ လျင်မြန်သွက်လက်သည်။ စုံတွဲတွေ့ရလေ့ရှိသည်။ ကစ် (သို့) ပစ် ဟု သံပြတ်အော်ပြီး ကွိုက် ကွိုက် ကွိုက် ဟု ခေါ်သံပေးသည်။ ဒီဇင်ဘာလမှ ဧပြီလအတွင်း သားပေါက်သည်။ ဌာနေငှက် ဖြစ်သည်။ [၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Dendrocopos canicapillus။ IUCN Red List of Threatened Species. Version 2013.2။ နိုင်ငံတကာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး အသင်း (2012)။ 26 November 2013 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာနိုင်ငံငှက်များ