သစ်ကျားပင်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
သစ်ကျားပင်
Juglans major Morton.jpg
သစ်ကျားပင်
Morton Arboretum acc. 614-47*1
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Rosids
မျိုးစဉ်: Fagales
မျိုးရင်း: Juglandaceae
မျိုးရင်းသေး: Juglandoideae
မျိုးဇာတ်: Juglandeae
မျိုးဇာတ်သေး: Juglandinae
မျိုးစု: Juglans
လင်း.
Type species
သစ်ကျားပင်
မျိုးစိတ်

စာတွင်ရှု

Synonyms[၁]

Wallia Alef

ဆိမ့်အီသောအရသာနှင့်ပြည့်စုံပြီးလျှင် အဖိုးတန်သော အသီးဆန် ရရှိသဖြင့်၎င်း၊ လှပသော အကြောအကွက်ပေါ်သည့် သစ်သားကြောင့်၎င်း ရှေးပဝေဏီခေတ်ကပင် သစ်ကျားပင်ကို လူတို့ စိုက်ပျိုး အသုံးချခဲ့ကြောင်း သိရလေသည်။ ဘီစီ ၁ဝ ရာစုနှစ်တွင် ပေါ်ထွန်း ဘုန်းတောက်ခဲ့သော ဣသရေလ (အဇ္ဇရီယယ်) ပြည့်ရှင် ဆော်လမွန်ဘုရင်ကြီးတွင် သစ်ကျားဥယျာဉ် ရှိခဲ့သည်ဟု ဆိုကြ သည်။ ရှေးဂရိလူမျိုးတို့သည် အာတီးမစ်နတ်သမီးအား ရည်စူး၍ သစ်ကျားပင်၌ ပူဇော်ပသခြင်း ပြုကြ သည်။ ရောမ လူမျိုးတို့ကမူ သစ်ကျားသီးကို ဂျူပီတာနတ်မင်း၏ သစ်သီးတော်ဟု သတ်မှတ်ကြသည်။

သစ်ကျားပင်သည် ဂျူဂလန်ဒေစီအီးမျိုးရင်းတွင်ပါဝင် ၍ မျိုးခွဲ၏အမည်မှာ ဂျူဂလန် ဖြစ်လေ သည်။ သစ်ကျား မျိုးစိတ်တွဲပေါင်း ၁ဝမျိုးခန့်ရှိ၍ ဥရောပ၊ အာရှ၊ အမေရိကတိုက် စသော ကမ္ဘာ့ မြောက်ဘက်ပိုင်း သမပိုင်းဒေသများ၌ မူလပေါက်ရောက်ခဲ့သည်။ သစ်ကျားပင်တို့ကို သိသာနိုင်သည့် သွင်ပြင်လက္ခဏာတို့မှာ ပင်စည်အခေါက်ကြမ်းခြင်း၊ အရွက်များသည် ထိပ်ရွက်မြွာပါသော ရွက်ပေါင်း (ငှက်မွေးရွက်မြွာမစုံ) ဖြစ်၍ အရွက်များကို ချေလိုက်လျှင် အနံ့သင်းသင်းမွှေးခြင်းတို့ ဖြစ်သည်။ ရွက်ပေါင်းတစ်လက်လျှင် မျိုးစိတ်အလိုက် ခြောက်လက်မမှ ဆယ့်ငါးလက်မအထိ ရှည်နိုင်၍ ရွက်မြွာ ငါးခုမှ ဆယ့်သုံးခုအထိ ပါရှိသည်။ ဆိုင်၍ထွက်သော အရွက်များသည် ပြောင်ချောနေပြီးလျှင် ဘဲဥပုံ သဏ္ဌာန်ရှိ၍ ထိပ်ချွန်သည်။ အကိုင်းနုများတွင် အမွေးထူသည်။ တစ်ပင်တည်းတွင် အဖို၊ အမ နှစ်မျိုးပွင့်ရာ နှစ်လက်မမှ ငါးလက်မအထိရှည်သော ကြောင် မြီးပန်းခိုင်မျိး ဖြစ်သည်။ အမပွင့်သည် အည|ာမဲ့သော အစိမ်းရောင်ပန်းကလေးများပါသည့် ပန်းခိုင်မျိုး ဖြစ်သည်။ အသီးတို့သည် အတွင်းခွံမာသီးမျိုး ဖြစ်၍ လုံးဝန်းသော ပုံသဏ္ဌာန်ရှိပြီးလျှင် အနံ့မွှေးသည်။ ထိုအသီးအတွင်း၌ အခွံရှုံ့တွမာကြောသော အဆန်ချောင် အစေ့သီးရှိသည်။ မြန်မာနိုင်ငံတွင် ထိုအဆန်ချောင် အစေ့သီး ကို သစ်ကျားသီးဟု ခေါ်ဝေါ်ကြသည်။ ထိုအစေ့သီးကို ခွဲလိုက်လျှင် အခြမ်းတခြမ်းစီ၌ အစေ့ဆန်တို့သည် ဦးနှောက်နေပုံကဲ့သို့ တွန့်ခေါက်လျှက် အကန့်လိုက် တည်ရှိနေသည်။ ထိုအစေ့ဆန် တို့သည် အီဆိမ့်သော အရသာရှိ၍ ကမ္ဘာပေါ်တွင် ပထမတန်းစားအစေ့ဆန်၌ ပါဝင်သည်။ မြန်မာနိုင်ငံ တွင် အစေ့ဆန်တို့ကို ထိုအတိုင်းလည်း စားသုံးကြသည်။ မန္တလေးထိုးမုံ့၊ ရွှေကြည်၊နနွင်းမကင်းစသော မုံ့မျိုးတို့ လုပ်ကိုင်ရာ၌လည်း အသုံးပြုကြသည်။ အနောက်နိုင်ငံများတွင်လည်း မုံပဲသရေစာ လုပ်ကိုင် ရာတွင် ထည့်၍ အသုံးပြုကြသဖြင့် အဖိုးတန်သော အစေ့ဆံ ဖြစ်လေသည်။ ထိုအစေ့ဆန်မှ ဆီထုတ်ယူ ၍လည်း ရရှိနိုင်သည်။

မျိုးစိတ် ၁ဝမျိုးခန့်ရှိသည်ဟု အထက်တွင် ဆိုခဲ့သည့် အနက် အစေ့ဆန်အကောင်းဆုံး ရရှိသော သစ်ကျားပင်မျိုးကို အဂ‡လိပ်၊ သို့မဟုတ် ပါးရှင်းသစ်ကျား (ရုက္ခဗေဒအမည်မှာ ဂျူဂလန်ရီဂျီယား ဖြစ်သည်၊)ဟု ခေါ်၍ တရုတ်နိုင်ငံမှ အရှေတောင်ဒေသများအထိ မူလပေါက်ရောက်ခဲ့သည်။ မြေထဲ ပင်လယ်ဒေသ၌ ထိုသစ်ကျားမျိုးကို ရာစုနှစ်ပေါင်းများစွာ စိုက်ပျိုးလုပ်ကိုင်ခဲ့ကြ၍ ထိုမှတစ်ဆင့် ရာသီဥတု သင့်တင့်မျှတသော အခြားဒေသများသို့လည်း မျိုးပျံ့ခဲ့သည်။ ထိုအပင်မျိုးသည် အမြင့်ပေ ၄ဝမှ ပေရဝအထိရှိတတ်၍ အခေါက်သည်ချောမွတ်ကာ အရောင်မွဲသည်။ ထိုသစ်ကျားမျိုး၏ သစ်သား သည်လည်း လှပသော အကွက်များ အကြောများပါရှိ၍ နေအိမ်အဆောက်အအုံများအတွင်း မံလွှာ၊ သို့မဟုတ် မှန်ကူကွက်များအတွက် အသုံးပြုကြလေသည်။ ထိုသစ်ကျားမျိုး၏ အစေ့ဆံကို ပို၍ အရောင်းအဝယ် ပြုကြသဖြင့် အမေရိကန်ပြည်ထောင်စု၌ ၁၉ရာစုနှစ် နောက်ပိုင်းတွင် စိုက်ပျိုးခဲ့ရာ အထူးသဖြင့် ကလီဖိုးနီးယားပြည်နယ်တွင် အကြီးအကျယ် စိုက်ပျိုးခဲ့သည်။ အမေရိကန်ပြည်ထောင်စုတွင် အထက်ပါ သစ်ကျားပင်မျိုး အပြင် အခြား လေးမျိုးကိုလည်း တွေ့ရှိရရာ အရေးအပါဆုံးတစ်မျိုးမှာ သစ်ကျားမည်း(ရုက္ခဗေဒအမည်ဖြင့် ဂျူဂလန်နီဂရာဟု ခေါ်သည်၊) ပင်မျိုး ဖြစ်သည်။ ထိုသစ်ကျားပင်မျိုးတို့ကို မာဆာချူးဆက်ပြည်မှ တောင်ဘက်ဖလော်ရီဒါပြည်နယ် အထိ၎င်း၊ အနောက်ဘက်မှ မင်နီဆိုတာ ပြည်နယ်အထိ၎င်း တွေ့ကြရသည်။ အပင်သည် အမြင့်ပေ ရဝမှ ပေ ၁ဝဝကျော်ခန့်အထိ ရှိ၍ အပင်အနေအထား ခန့်ညားကြော့ရှင်းခြင်း၊ ကြံ့ကြံ့ခိုင်ခိုင် ရှိခြင်းကြောင့် ဥယျာဉ် ပန်းခြံကြီးများ၌ ကျက်သရေဆောင် အဖြစ်လည်း စိုက်ပျိုးကြသည်၊ ပင်စည်၏ အခေါက်သည် ကြမ်းတမ်း၍ ပတ်ကြားအက်များထနေသည်။ သစ်ကျားမည်း၏ အစေ့ဆန်သည် အဂ‡လိပ်သစ်ကျား အစေ့ဆံလောက် အရသာ မရှိသော်လည်း ယင်းကို အရောင်းအဝယ် ပြုတန်သလောက် ပြုကြသည်။ သစ်ကျားမည်းပင်၏ တန်ဖိုးအထားရဆုံးသော အစိတ်အပိုင်းသည် သစ်သားဖြစ်သည်။ အရောင်သည် အညိုရင့် ဖြစ်၍ အရောင်တင်၍လည်း ကောင်းသည်။ ပင်စည်၏အသား၌ လှိုင်းများထနေသကဲ့သို့ရှိ သော အကွက်များ၊ဖုအဆစ်အမြစ် အသားတို့၌ ဒေါင်းမြီး၊ သို့မဟုတ် ငှက်မျက်ဆန်ကဲ့သို့ အကွက်များ လှပစွာ ပေါ်လွင်နေသည်။ ထိုကြောင့် အနုသုံး အိမ်ထောင်ပရိဘောဂပစ္စည်းများ လုပ်ကိုင်ရာ၌၎င်း၊ အိမ် အဆောက်အအုံ၏ အတွင်းပိုင်း မွမ်းမံရာ၌၎င်း သစ်ကျားမည်းကို အသုံးပြုကြသည်။ ထိုသစ်မျိုးသည် အလွန် ပါးလွှာသည်အထိ လွှာထုတ်နိုင်၍ ကောက်ခြင်း လိမ်ခြင်းလည်း မရှိချေ။ ပိုးစား ချကိုက် ခြင်းတို့ကိုလည်း အသင့်အတင့် ခံနိုင်ရည်ရှိ၍ အိမ်တွင်းပစ္စည်းအဖြစ် ထားရှိပါက ကြာရှည် အသုံးခံလေသည်။

သစ်ကျားမည်းပင်တို့ထက် အထက်ပိုင်းကျသည့် ဒေသ များ၌ ပေါက်ရောက်သော အမေရိကန် သစ်ကျားပင်တစ်မျိုးမှာ သစ်ကျားဖြူ၊ သို့မဟုတ် ထောပတ်သစ်ကျားဟု ခေါ်သော သစ်ကျားမျိုးစိတ်ပေတည်း။ ထိုမျိုးစိတ်၏ အရွက်တို့သည် ကပ်စေးစေး ရှိတတ်သည်။ အမေရိကန်ပေါက် အခြား သစ် ကျားမျိုးတို့မှာ အနောက်တောင်ပိုင်း ပြည်နယ်များ၌ ပေါက်ရောက်သော မက္ကဆီကန်သစ်ကျား၊ မြင့်မား လှပသော ကာလီဖိုနီးယား သစ်ကျားတို့ ဖြစ်ကြသည်။ အချို့သစ်ကျားမျိုးတို့၏ အသီးခွံကို ဆိုးဆေး၌ အသုံးပြု ကြရလေသည်။ မြန်မာဆေးကျမ်းများ အလိုအရ သစ်ကျားသီးသည် သည်းခြေ၊ လေ၊ သလိပ်တို့နှင့် ယှဉ်၍ဖြစ်သော နှလုံးပူ ဆာလောင်သော အနာကို၎င်း၊ အသားအရေ သွေ့ခြေက်သော အနာကို၎င်း၊ နှလုံးမမွေ့ လျော်သော အနာကို၎င်း ချမ်းသာစေတတ်၏ဟု ဆိုသည်။

အဂ‡လိပ်ဆေးကျမ်းများအလိုမှာ အရွက်သည် တီဗီဂလင်နာ၊ ကျပ်နာတို့အတွက် ဆေးဖက်ဝင်သည်ဟု ဆို ကြသည်။ အသီးသည် အားသစ်စေသော တန်ခိုးသတ္တိရှိ၍ ရူမက်တစ်ရောဂါအတွက် အသုံး ပြုကြသည်။ မမှည့်သေးသော အသီးသည်ကလေးများအတွက် သန်ချဆေးတစ်မျိုးအဖြစ် သုံးနိုင်သည်။ သစ်ကျားသီး နုနုများ စိမ်ထားသည့် ရှာလကာရည်ဖြင့် အာခလောက်ပေးလျှင် လည်ချောင်းနာသာမက ပြည်တည်သည့်အနာပင် ပျောက်စေနိုင်သည်ဟု ဆိုသည်။ အသီးခွံအစိမ်းသည်လည်း သန်ချဆေး၊ ဆစ်ဖလစ်ရောဂါ ကာကွယ်ဆေးတို့၌ အသုံးဝင်သည်။ အစေ့ဆန်မှ ထုတ်ယူရရှိသော အဆီသည် ဓာတ်ပျော့ပျော့သွားစေသော တန်ခိုးသတ္တိရှိ၍ သန်ချဆေး၊ အထူးသဖြင့် တုပ်ပြားသန်ကောင်ချဆေး တစ်မျိုးအဖြစ်လည်း အသုံးပြုနိုင်လေသည်။

သစ်ကျားပင်များသည် ရာသီဥတုနှင့် နေရာဒေသမရွေးသော အပင်များဖြစ်ကြသည်။ ထိုကြောင့် သစ်ကျားပင်မျိုးတို့ကို စိုက်ပျိုးပြုစုနိုင်သော နေရာဒေသသည် ကျဉ်းမြောင်းလှပေသည်။ ယင်းတို့သည် အပင်ပေါက်စအချိန်တွင် နှင်းရိုက် မခံနိုင်သော်လည်း ကြီးထွားလာချိန်တွင်မူ ခံနိုင်ရည်ရှိသည်။ ပူပြင်းသော ရာသီဥတုသည် အစေ့သီးကို ထိခိုက်စေနိုင်သည်။ မြေပြင်၏အောက်တွင် ပေ ၂ဝ ထက်နီး၍ ရေလွှာရှိနေလျှင်၎င်း၊ မြေစေးမာလျှင်၎င်း သစ်ကျားပင်တို့ မဖြစ်ထွန်းနိုင်ပေ။ သစ်ကျားပင်ကို အစေ့ပျိုး၍ စိုက်ရသည်။ တစ်တန်းနှင့်တစ်တန်း လေးပေကွာသော ပျိုးခင်း၌ အစေ့များကို တစ်ပေခန့်ခွါ၍ စိုက်ပျိုးရသည်။ နွေလယ်ကာလတွင် ရေပေးသွင်းရသည်။ တစ်နှစ်သားခန့် ရှိလျှင် နှစ်ပေခန့်မြင့်လေရာ ထိုအချိန်တွင် နှစ်သက်ရာ သစ်ကျားပင်မျိုးတို့ဖြင့် ကိုင်းကူးပေးနိုင်သည်။ ကိုင်းကူးစိုက်သောအပင်တို့သည် ပထမနှစ်တွင် ရှစ်ပေခန့်အထိ မြင့်လာနိုင်သည်။ ထိုအပင်များ တစ်နှစ်၊ သို့မဟုတ် နှစ်နှစ်ခန့်ရှိလာလျှင် နေရာတကျစိုက်မည့်နေရာသို့ပြောင်း၍ တစ်ပင်နှင့်တစ်ပင် ပေ ၅ဝ ခန့်ခွါ ပြီးလျှင် စိုက်ရသည်။ မြေပြင်မှ ပင်စည်အမြင့် လေးပေခန့်ရှိလာလျှင် အကိုင်းအလက်များ ထွက်စပြု လာသော်လည်း ယင်းတို့ကို အနည်းအကျဉ်းမျှသာ ရှင်းလင်း ချိုင်ပေးရသည်။ အပင်သက် ခြောက်နှစ်ခန့်မှစ၍ အသီးသီးသော အမျိုးအစားလည်း ရှိသော်လည်း ၁ဝနစ်သား အပင်များသည်သာလျှင် အသီးများ ကို အောင်အောင်မြင်မြင် သီးနိုင်သည်။

အသီးလှိုင်လှိုင်သီးချိန်တွင် အပင်သက် ၂ဝ ခန့်အရတွင် ဖြစ်ပေရာ နောက်ထပ်အနှစ်နှစ်ဆယ် ခန့်အထိ သီးနေနိုင်ပေသည်။ ဥရောပတိုက်ရှိ သစ်ကျားပင်အချို့သည် အပင်သက် ၁၁ဝ ကျော်နေပြီကို တွေ့ကြရလေသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. Tropicos | Name - Juglans L.
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)