သင်္ဘောမညှိုး

ဝီကီပီးဒီးယား မှ
သင်္ဘောမညှိုး
en:Catharanthus roseus
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Asterids
မျိုးစဉ်: Gentianales
မျိုးရင်း: Apocynaceae
မျိုးရင်းသေး: Rauvolfioideae
မျိုးဇာတ်: Vinceae
မျိုးဇာတ်သေး: Catharanthinae
မျိုးစု: Catharanthus
G.Don
အမျိုးအစား မျိုးစိတ်
Catharanthus roseus
(L.) G.Don.[၁]
Synonyms[၂]
  • Ammocallis Small
  • Lochnera Rchb. ex Endl., illegitimate superfluous name
သင်္ဘောမညှိုး အပွင့်

ပုံသဏ္ဌာန် : အပင် ပင်ပျော့ ပင်ငယ် သက်ပြင်းမျိုး ဖြစ်၏။ အမြင့် ၁ ပေမှ ၂ ပေခွဲ ထိမြင့်၏။ ပင်စည်လုံး သေးငယ်သည်။ အခက်ဖြာ၏။ ပင်စည် ရိုးတံနှင့် အခက်ပါမက ရွက်ညှာများပါ မရမ်းရောင် သမ်း၏။ ပင်စည် အရင်းနားတွင် အပွေး အနည်းငယ် ရှိ၏။ အပင်ကြီးလာသည်နှင့်အမျှ အပွေး ရင့်လာသည်။ ပင်စည် အထက်ပိုင်း ချောမွေ့၏။ အရွက် ရွက်ဆိုင် ထွက်၏။ ထိပ်ဝိုင်းပြီး အရင်းသွယ်သွားသည်။ ရွက်နား ညီသည်။ ရွက်ပြား ချောမွေ့ပြီး ရွက်ကြောများ ထင်ရှားသည်။ ရွက်ညှာ ရှည်သည်။ အပွင့် အဖြုရောင်၊ နီညိုရောင် ၂ မျိုးရှိ၏။ နီညိုရောင်ကိုသာ အသုံးများသည်။ အပွင့်တွင် ပွင့်ဖတ် ၅ ခု ပါရှိသည်။ ၄-၅ ပွင့် စုပြုံပွင့်၏။ ပွင့်ညှာ ရှည်သည်။ အရွက်နှင့် ကိုင်းတံကြားမှသာမက ကိုင်းထိပ် ပင်စည်ထိပ်ဖျားတွင် ပါပွင့်သည်။ ၁၂ ရာသီလုံး ပွင့်၏။ အသီး သီးတောင့်ရှည် ဖြစ်သည်။ အခန်း ၂ ခန်းရှိ၍ ၁ ခန်းစီတွင် အစေ့ငယ်လေးများ များစွာ စီတန်း ပါရှိ၏။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : ပဉ္စငါးပါး၊ အရွက်။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။ ပေါက်ရောက်ပုံ သဘာ၀အလျောက် ပေါက်ရောက်သည်။ အသုံးဝင်ပုံ : အာနိသင် မြန်မာဆေးကျမ်းများ အလိုအရ သင်္ဘောမညှိုးပင်သည် အဆိပ်ကို ပြယ်စေ၏။ အမြစ်နုနု သည် ၀ဖြိုးစေ၏။ ဝမ်းမီးကို တောက်စေ၏။ အသုံးပြုပုံ- ပဉ္စငါးပါး ၁။ ပဉ္စငါးပါးကို ပြုတ်၍သောက်က ဆီးချို ရောဂါ ပျောက်စေ၏။ အရွက် ၁။ အရွက်နုကို ရေနှင့်စိမ်၍ သောက်ပါက မီးယပ်သွေးလွန် ရောဂါကို ပျောက်ကင်း စေသည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. lectotype designated by Pfeiffer, Nom. 1: 627 (1873)
  2. World Checklist of Selected Plant Families။ May 21, 2014 တွင် ပြန်စစ်ပြီး။
  3. http://arogyamonline.com/commodity/materials/?raw=95[လင့်ခ်သေ]