သင်္ဃန်းကျွန်းဈေးကြီးမီးလောင်မှု(၂၀၁၀)

ဝီကီပီးဒီးယား မှ

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမပေါ်ရှိ သင်္ဃန်းကျွန်းဈေးကြီးတွင် ၂၀၁၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ၊ ၁၂ရက်နေ့ ည ၇ နာရီ မိနစ် ၃၀ ဝန်းကျင် အချိန်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

မီးလောင်ကျွမ်းမှုမှာ ည ၇နာရီ ၃၀မိနစ်အချိန်တွင် စတင်လောင်ကျွမ်းခဲ့ပြီး ည ၉နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ဈေးကြီးတစ်ခုလုံးနီးပါး လောင်ကျွမ်းခဲ့ပြီးနောက် မီးညွန့်ကျိုးသွားခဲ့ပြီး ည ၉ နာရီ မိနစ် ၅၀ ခန့်တွင် အပြီးသတ်ငြိမ်းသတ်နိုင်ခဲ့သည်။ ၎င်းသင်္ဃန်းကျွန်းဈေးကြီး မီးလောင်မှုမှာ ၂၀၁၀ ပြည့်နှစ်အတွင်း ပထမဆုံးအကြိမ် ဆုံးရှုံးမှုအများဆုံး မီးလောင်ကျွမ်းမှု ဖြစ်နိုင်ကြောင်း သိရသည်။

ကိုးကား[ပြင်ဆင်ရန်]

Weekly Eleven News Journal