သင်းရီ၊ စာရေးဆရာ

ဝီကီပီးဒီးယား မှ

ဦးသိန်းထွန်း(စာရေးဆရာ သင်းရီ)၁၉၄၉-၂၀၁၅[ပြင်ဆင်ရန်]

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်တွင် အဖ ဦးတု၊ အမိ ဒေါ်စိန်မြတို့မှ မွေးဖွားခဲ့သည်။ ၁၉၆၉-ခုနှစ်၊ စက်တင်ဘာလထုတ် သွေးသောက်မဂ္ဂဇင်းတွင် ဖော်ပြသည့် ပါအင်ဒယားမှာ လုပ်သည်ဝတ္ထုတိုကို သကာထွဏ်း(သဲကုန်း) ကလောင်အမည်ဖြင့် ရေးသားပြီး စာပေလောကသို့ စတင်ဝင်ရောက်သည်။ ၁၉၇၄-ခုနှစ်၊ ဦးသန့်အရေးအခင်းတွင် ပါဝင်လှုတ်ရှားခဲ့၍ ခေတ္တဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။ ၁၉၈၃-ခုနှစ်တွင် ထွဏ်းလူအောင်(သဲကုန်း) ကလောင်အမည်သို့ ပြောင်းလဲခဲ့ပြီး စာပေများရေးသားခဲ့ရာ ၁၉၈၅-ခုနှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် စာပေလောကနှင့် ခေတ္တ ဝေးကွာခဲ့သည်။ ၁၉၈၈-ခုနှစ်၊ ရှစ်လေးလုံး အရေးတော်ပုံကြီးတွင် သဲကုန်းမြို့နယ် အထွေထွေသပိတ် ကော်မတီ၌ ဦးဆောင်သူတစ်ဦးအဖြစ် ပါဝင်ခဲ့ပြီး သဲကုန်းမြို့နယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ခဲ့သည်။ ၁၉၉၀-ပြည့် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားပြု သဲကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွေးကောက်ခံခဲ့ရသည်။

၁၉၉၁-ခု၊ ရန်ကုန် ဂန္ဓီအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး၊ မန္တလေးမြို့တွင် ပြုလုပ်သော စင်ပြိုင်အစိုးရဖွဲ့စည်းရေး အစည်းအဝေးတွင် ပါဝင်ခဲ့သည်။ ၁၉၉၈-ခုနှစ်၊ နိုဝင်ဘာလတွင် စစ်အစိုးရက ဖမ်းဆီးပြီး နိုင်ငံတော်ပုန်ကန်မှုဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံခဲ့ရသည်။ တစ်နှစ်ခွဲခန့် ဖမ်းစီးခံရပြီးနောက် ပြန်လည်လွတ်မြောက်ခဲ့သည်။ ၁၉၉၈-ခုနှစ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော် ခေါ်ယူရေး ကာလတွင် စစ်အစိုးရ၏ လိုက်လံဖမ်းဆီးမှုကြောင့် ရန်ကုန်မြို့သို့ တိမ်းရှောင်ရင်း နိုင်ငံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့သည်။


ကိုးကား[ပြင်ဆင်ရန်]