သင်သေသွားသော်

ဝီကီပီးဒီးယား မှ

သင်သေသွားသော်သည် ဆရာဇော်ဂျီ၊ စာရေးဆရာ၏ ကဗျာတစ်ပုဒ်ဖြစ်သည်။ ၁၉၃၅ ခုနှစ် ဒီဇင်ဘာလထုတ် အိုးဝေမဂ္ဂဇင်းတွင် ပါဝင်ခဲ့သည်။

သင်သေသွားသော်[ပြင်ဆင်ရန်]

ဩော်...

လူ့ပြည်လောက၊ လူ့ဘဝကား
အိုရနာရ၊ သေရဦးမည်
မှန်ပေသည်တည့်။

သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။

သင်၏မျိုးသား၊ စာစကားလည်း
ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏။

သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဉာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း။ ။

ကဗျာ တည်ဆောက်ပုံ[ပြင်ဆင်ရန်]

သင်သေသွားသော်ကဗျာသည် လင်္ကာ အမျိုးအစား ဖြစ်ပြီး အပိုဒ်လေးပိုဒ်ဖြင့် ဖွဲ့စည်းထားသည်။