သက်သာလောနိတ်ဩဝါဒစာဒုတိယစောင်

ဝီကီပီးဒီးယား မှ

၁။ စံတော်မီဝီသေသလက္ခဏာ

ဤကျမ်းစာစောင်ငယ်တွင် တွေ့ရှိသည့် အရေးကြီးသော အချက်မှာ မူဝါဒနှင့် လက်တွေ့အသက်တာ ဖြစ်သည်။ ကိုယ်တော်ဘုရား ကြွလာမည့်အကြောင်းနှင့် လူ၏အပြစ်များကို သက်သာလောနိတ်သားများအား ရှင်းပြထားသည်။ မစားမသောက်လဲငုတ်တုတ်ထိုင်၍ ဒုတိယအကြိမ်ကြွလာခြင်းကို စောင့်မျှော်သူများအား ခိုင်မာသော အကြံပြုချက်များ ပေးခဲ့သည်။

၂။ ကျမ်းရေးသူ

ဒုတိယဩဝါဒစာစောင်သည် ပထမစာစောင်ထက် အပြင်ပန်းလက္ခဏာ ပိုမိုခိုင်လုံသည်။ Polyecarp Ignatius နှင့် Justin (Marcionite Prologue နှင့် Muratorian Canon တွင်လည်း တွေ့ရသည်)တို့က ကိုးကားအသိအမှတ်ပြုမည်သာမက Irenaeus ကလည်း ဤစာစောင်ရှိ အမည်နာမများကို ကိုးကားထားသည်။

စာစောင်တိုသည့်အတိုင်း ပြင်ပလက္ခဏာလည်း အထူးဖော်ပြစရာ မရှိပါ။ ကျမ်းစာ ပညာရှင်များကလည်း ရှင်ပေါလု၏ လက်ရာမွန်ဖြစ်ကြောင်း အသိအမှတ်ပြုကြသည်။

၃။ အချိန်ကာလ

ဤစာစောင်သည် ပထမ ဩဝါဒစာစောင်ကိုနားလည်မှု လွဲနိုင်သော မရှင်းလင်းသည့်အချက်များအား ထပ်မံရှင်းပြခြင်း ဖြစ်သည်။ လပိုင်းအတွင်းမှာ ထပ်ရေးသောစာ ဖြစ်သည်။ ပေါလု၊ သိလွှာနုနှင့်တိမောသေတို့ အတူတူ ရှိနေကြသေးသည် (၁:၁)။ ကောရိသန္တုတွင် တပည့်တော်များ အတူတကွနေကြစဉ်ရေးသားခြင်း ဖြစ်သည်(တ၁၈:၁-၅)။ အေဒီ၅ဝနှစ်ဦး၊ အေဒီ၅ဝ နှင့် ၅၁ခန့်တွင်ဖြစ်သည်။

၄။ နောက်ခံသမိုင်းနှင့်ရည်ရွယ်ချက်

ပထမစာစောင်ရေးပြီးနောက်တွင် ဤစာစောင် ထပ်မံရေးသားရသည့် အကြောင်းရင်း(၃)ခုရှိသည်။ ထိုကာလတွင် သန့်ရှင်းသူများသည် ညှဉ်းပန်းနှိပ်စက်ခြင်းခံနေရသဖြင့် တိုက်တွန်း အားပေးရန်လိုသည်။ (အခန်း၁)။ သခင်ဘုရား၏ နေ့ရက်အတွက် အယူမှားကြသဖြင့် အလင်းပေးရန်လိုသည် (အခန်း၂)။ အချို့လူများသည် ကိုယ်တော်ဘုရား ကြွလာမည့်အချိန်ကို မျှော်လင့်လျက် မစားမသောက် အလုပ်မလုပ်ဘဲနေကြသဖြင့် ပဲ့ပြင်ရန် လိုအပ်သည် (အခန်း၃)။

သခင်ဘုရား၏ နေ့ရက်ကို တွေးပူကြသဖြင့် အဆင်သင့်စောင့်နေကြသည်။ ရှင်ပေါလုကိုယ်တိုင် ထိုနေ့ရက်သည် ယခုခေတ်ကာလမှာ ဖြစ်မည်ဟု သွန်သင်ထားခဲ့သဖြင့် ကောလဟလ နောက်သို့ ပါသွားမှာ စိုးရိမ်သည်။ ထို့ကြောင့် တမန်တော်ကြီးက ပြန်လည်တည့်မတ်ပေးခြင်းဖြစ်သည်။

သခင်ဘုရား၏ နေ့ရက်သည် ကိုယ်တော်ဘုရား ကြွလာမည့် နေ့ရက်နှင့် မတူပါ။ ကိုယ်တော်ဘုရား ကြွလာမည့် နေ့ရက်သည် ချီဆောင်ခြင်းဖြစ်သည်။ သန့်ရှင်းသူများသည် ကိုယ်တော်ဘုရားကြွလာခြင်းကို မ

ကြောက်ကြပါ။ ဘေးဒဏ်ကြီးကာလ ပထမပိုင်းရှိ သခင်ဘုရား၏ နေ့ရက်ကိုသာ တွေးပူကြသည်။

ချီဆောင်ခြင်းကာလမရောက်မီ မည်သည့်ထူးဆန်း အဖြစ်အပျက်ရှိမည်မဟုတ်ဟု ပေါလုကသွန်သင်ခဲ့သည်။ သို့သော် မိစ္ဆာဆရာများ၊ ဝေဖန်စစ်ကြောသူများ မှိုကဲ့သို့ ပေါ်ထွန်း၍ လူများ အပြစ်နောက်သို့ ပါသွားကြမည့်ဟန်ရှိသဖြင့် ထပ်မံသတိပေးသည်။

အဓိကနားလည်ရန်မှာ ချီဆောင်ခြင်း၊ သခင်ဘုရားနေ့နှင့် ခရစ်တော် ကြွရောက် အုပ်စိုးခြင်းထက်

အရေးကြီးသောအရာ မရှိကြောင်း၊ သွန်သင်ခြင်း ဖြစ်သည်။ သခင်ဘုရား၏ နေ့ရက်အကြောင်းကို ၁သက်၅:၂တွင်ရှင်းပြထားသည်။ ချီဆောင်ခြင်းနှင့် ဗျာဒိတ်ပြခြင်း အကြောင်းကို ၂သက်၁:ရ တွင်တွေ့ရသည်။

ပါဝင်သည့်အချက်များ

၁။ နှုတ်ခွန်းဆက်ခြင်း(၁:၁–၂)

၂။ ပေါလုနှင့် သက်သာလောနိတ်သားများ(၁:၃–၁၂)

(က) ပေါလု၏ကျေးဇူးဆပ်စရာအကြွေး(၁:၃-၅)

(ခ) ဘုရားသခင်၏ ဖြောင့်မတ်မှန်ကန်သောတရားစီရင်ခြင်း(၁:၆-၁၀)

(ဂ) သန့်ရှင်းသူများအတွက် ပေါလု၏ ဆုတောင်းချက်(၁:၁၁-၁၂)

၃။ သခင်ဘုရား၏နေ့ရက်အကြောင်း(၂:၁–၁၂)

(က) ရင့်ကျက်တည်ငြိမ်ဖို့ဆွဲဆောင်စည်းရုံးခြင်း(၂:၁-၂)

(ခ) ဒုစရိုက်လူ(၂:၃-၁၂)

၄။ ကျေးဇူးချီးမွမ်းခြင်း၊ ဆုတောင်းခြင်း(၂:၁၃–၁၇)

(က) သန့်ရှင်းသူများအပြစ်မှကင်းလွတ်သောကြောင့် ကျေးဇူးတော်ချီးမွမ်းခြင်း(၂:၁၃-၁၄)

(ခ) သန့်ရှင်းသူများတည်ငြိမ်ရင့်ကျက်ခြင်းရှိရန်ရှင်ပေါလု၏ ဆုတောင်းချက်(၂:၁၅-၁၇)

၅။ လက်တွေ့ကျကျတိုက်တွန်းနိုးဆော်ချက်(၃:၁–၁၅)

(က) အပြန်အလှန်ဆုတောင်းပေးခြင်း(၃:၁-၅)

(ခ) မကျိုးနွံသူများနှင့်ဆက်ဆံခြင်း(၃:၆-၁၅)

၆။ ကောင်းကြီးပေးနှုတ်ဆက်ခြင်း(၃:၁၆–၁၈)

TAGS: သက်သာလောနိတ်ဩဝါဒစာဒုတိယစောင်

ကိုးကား[ပြင်ဆင်ရန်]