မာတိကာသို့ ခုန်သွားရန်

သက်ကြီးရွယ်အိုများနေ့

ဝီကီပီးဒီးယား မှ
သက်ကြီးရွယ်အိုများနေ့
Respect for the Aged Day
တရားဝင်အမည်敬老の日 (Keirō no Hi?)
လိုက်နာကျင့်သုံးသူများJapan
အမျိုးအစားPublic
အရေးပါမှုHonor elderly citizens
ရက်စွဲThird Monday in September
ပြန်လည်ကျင်းပမှုအကြိမ်ရေannual

သက်ကြီးရွယ်အိုများနေ့ (敬老の日, Keirō no Hi) သည် ဂျပန်နိုင်ငံ၏ တရားဝင်အစိုးရရုံးပိတ်ရက် ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း သက်ကြီးရွယ်အိုများကို ဂုဏ်ပြုသည့်အနေဖြင့် ကျင်းပကြသည်။ ဤရုံးပိတ်ရက်ကို ၁၉၆၆ ခုနှစ်တွင် စတင်ခဲ့ကာ နှစ်စဉ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကျင်းပကြသည်။ သို့သော် ၂၀၀၃ ခုနှစ်ကတည်းက ဂျပန်နိုင်ငံ၏ ပျော်ရွှင်ဖွယ်ရာတနင်္လာနေ့စနစ် ((ハッピーマンデー制度, Happī Mandē Seido) အရ ပိတ်ရက်ကို စက်တင်ဘာလ တတိယပတ်၏ တနင်္လာနေ့အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်။

ဤပိတ်ရက်သည် ၁၉၄၇ ခုနှစ်တွင် မူရင်းအစပျိုးခဲ့သည်။ ဟယောဂေါ့စီရင်စု၊ တခမြို့ရှိ နိုမဒနိရွာသည် စက်တင်ဘာလ ၁၅ ရက်နေ့ကို သက်ကြီးရွယ်အိုများနေ့အဖြစ် သတ်မှတ်ကြေညာခဲ့သည်။ ၎င်းသည် နိုင်ငံတစ်ဝန်းပြန့်နှံ့သွားခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် လက်ရှိအချိန်ကာလအမည်သို့ ပြောင်းလဲခဲ့သည်။ နှစ်စဉ် ဂျပန်နိုင်ငံ၏ မီဒီယာများတွင် သက်ကြီးရွယ်အိုများအတွက် အခွင့်အလမ်းများ၊ လူဦးရေဆိုင်ရာ တင်ပြချက်များနှင့် အသက်ကြီးဆုံးသူများကို ကြေညာခြင်း စသည်တို့ကို ပြုလုပ်လေ့ရှိသည်။

အမှတ်တရငွေရောင်အရက်ခွက်များ

[ပြင်ဆင်ရန်]

၁၉၆၃ ခုနှစ်ကတည်းက ဂျပန်အစိုးရသည် အသက် ၁၀၀ ပြည့်သည့်သက်ကြီးရွယ်အိုများကို အမှတ်တရငွေအရက်ခွက်များ ပေးခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ပေးခဲ့သည့် အရေအတွက်သည် ၁၅၃ ခွက် ရှိသည်။ သို့သော်လည်း အရေအတွက်သည် တဖြည်းဖြည်းတိုးပွားလာသည့်အတွက် ၂၀၀၉ ခုနှစ်တွင် အစိုးရသည် ကျန်ကျစရိတ်မများပြားစေရန်အတွက် ခွက်၏ အရွယ်အစားကို လျှော့ချခဲ့သည်။[] ၂၀၁၄ ခုနှစ်တွင် ၂၉၃၅၇ ဦး ခွက်များ ရရှိခဲ့ကြသည်။[] ၂၀၁၇ ခုနှစ်တွင် ဂျပန်နိုင်ငံတွင် အသက် ၁၀၀ ပြည့်သူ အမျိုးသမီး ၂၇,၄၆၇၁ ဦး၊ အမျိုးသား ၄၆,၃၆ ဦး၊ စုစုပေါင်း ၃၂,၀၉၇ ဦးတို့သည် ဝန်ကြီးချုပ်ထံမှ လက်ဆောက်အရက်ခွက်နှင့် ဂုဏ်ပြုစာလွှာများ ရရှိခဲ့ကြသည်။ တင်ပြချက်များအရ သန့်စင်သည့်ငွေသားခွက်များနေရာတွင် နီကယ်သတ္ထုစပ်ထားသည့် ငွေအရက်ခွက်များဖြင့် အစားထိုးပေးအပ်ခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ခွက်တစ်ခွက်ထုတ်လုပ်မှု၏ ကုန်ကျစရိတ်သည် ထက်ဝက်လျော့ကျသွားပြီး နှစ်စဉ်အသုံးစရိတ်ဘတ်ဂျက် အမေရိကန်ဒေါ်လာ ၁ သန်း ချွေတာနိုင်သည်။[]

ဆင်နွှဲမှု

[ပြင်ဆင်ရန်]

ဤရုံးပိတ်ရက်နေ့တွင် အများပြည်သူများသည် နေအိမ်သို့ ပြန်ကြပြီး သက်ကြီးရွယ်အိုများကို အရိုအသေပေးခြင်းများ ပြုလုပ်ကြသည်။ အချို့သော စေတနာ့ဝန်ထမ်းများသည် နေ့လယ်စာထမင်းဘူးများကို စီစဉ်ကာ အသက်ကြီးသူများကို အခမဲ့ လှူဒါန်းကြသည်။ ဆယ်ကျော်သက်များနှင့် ကလေးငယ်များသည် keirokai ဖျော်ဖြေတင်ဆက်မှုများဖြင့် ဖျော်ဖြေကြသည်။ ဂျပန်နိုင်ငံ၏ မီဒီယာများတွင် ဤရုံးပိတ်ရက်တွင် အထူးအစီအစဉ်များကို ထည့်သွင်းတင်ဆက်လေ့ ရှိသည်။

သက်ကြီးရွယ်အိုများနေ့ ဖြစ်ပေါ်မွေးဖွားလာရာနေရာဖြစ်သည့် ဟယောဂေါ့စီရင်စုရှိ တခမြို့သည် သက်ကြီးရွယ်အိုများအတွက် ဂုဏ်ပြုသည့်သီချင်းဖြစ်သည့် Kitto Arigatō (ခစ်တို အရိဂတိုး၊ တကယ့်ကို ကျေးဇူးပါ) သီချင်းကို ၂၀၁၃ ခုနှစ်တွင် ဖန်တီးခဲ့သည်။[]

ပြင်ပလင့်များ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]