သက္ကပဉှသုတ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဤသုတ်ကားသည် သိကြားမင်းနှင့် ပဉ္စသီခနတ်သားကိုအကြောင်းပြု၍ ပေါ်ပေါက်လာရသည်။ အခါတပါး ၌ သိကြားမင်းသည် ဈာန်ဝင်စားနေတော်မူသော ဘုရားမြတ်စွာကို ချဉ်းကပ်ရန် မစွမ်းနိုင်ရကား စောင်းအရာတွင်ကျွမ်းကျင်လှသော ပဉ္စသီခ နတ်သားကို အကူအညီတောင်းကာ ပဉ္စသီခ၏ ငြိမ့်ငြောင်းသာယာလှသော စောင်းသံဖြင့် ဘုရားမြတ်စွာကို ဈာန်သမာပတ်မှ ထစေတော်မူသည်။ သာယာငြိမ့်ငြောင်းလှသော စောင်းသံကို ကြားတော်မူရာတွင် ဘုရားမြတ်စွာသည် ပဉ္စသီခနတ်သားအား နှုတ်ခွန်းဆက်တော်မူသည်။ ထိုအခါ ပဉ္စသီခနတ်သားက သိကြားမင်းသည် ဘုရား မြတ်စွာအား ဖူးတွေ့လိုကြောင်း လျှောက်ထားသဖြင့် ဤသက္ကပဉှ သုတ်ကို ဘုရားမြတ်စွာက ဟောကြားတော်မူလေသည်။ ဘုရားမြတ်စွာသည် ဤသုတ်တွင် ကမ္ဘာ့ငြိမ်းချမ်းရေးအစစ်အမှန် မရနိုင်ခြင်း၏အကြောင်းများကို အသေးစိတ်အကြောင်း အကျိုးဆက်၍ ပြသတော်မူသည့်ပြင် ထာဝရငြိမ်းချမ်းရေး၏ အဓိက အကြောင်းအချက်များကိုလည်း ရှင်းပြထားတော်မူလေသည်။[၁]

အကိုးအကား[ပြင်ဆင်ရန်]

  1. ပါဠိစာပေသမိုင်း။ ဒေါ်အုန်း မဟာဝိဇ္ဇာ။ ဒုကြိမ်၊ ဇန်နဝါရီလ ၁၉၈၁။ သာသနာရေးဦးစီးဌာန။ ရန်ကုန်။