ဝှေ့တတ်သည့် နွားကို ရှောင်ပြန်၊ ကန်တတ်သည့် နွားနှင့် ညား

ဝီကီပီးဒီးယား မှ

ဝှေ့တတ်သည့် နွားကို ရှောင်ပြန်၊ ကန်တတ်သည့် နွားနှင့် ညား သည် မြန်မာ စကားပုံတစ်ခု ဖြစ်သည်။

အဓိပ္ပာယ်[ပြင်ဆင်ရန်]

ဝှေ့တတ်သည့် နွားကို မဝယ်မိအောင် ရှောင်ကာမှ ကန်တတ်သည့် နွားကို ဝယ်မိလျက်သား ဖြစ်သည် ဆိုသကဲ့သို့ အဆိုးတစ်ခုမှ လွတ်အောင် ရှောင်ကွင်းကာမှ အလားတူ အဆိုးတစ်ခုနှင့် ပက်ပင်း တိုးပြန်သည်။

"ဝှေ့တတ်သည့် နွားကို ရှောင်ပြန်၊ ကန်တတ်သည့် နွားနှင့် ညား၊ ကျားကို ကြောက်၍ ရှင်ကိုကိုး၊ ရှင်ညို ကျားထက်ဆိုး။"

ကိုးကား[ပြင်ဆင်ရန်]