ဝဲ

ဝီကီပီးဒီးယား မှ
ဝဲနာ

ဝဲ( Scabies )[ပြင်ဆင်ရန်]

သန့်သန့်ရှင်းရှင်းမနေတဲ့ကလေးတွေ ၊ သန့်ရှင်းရေးကို မိဘတွေက ဂရုတစိုက်ပြုလုပ်ပေးနိုင်ခြင်းမရှိတဲ့ ကလေးတွေမှာ အဖြစ်များပါသည်။ တချို့ လူလတ်ပိုင်း ၊ လူငယ်ပိုင်းတွေမှာလည်းဖြစ်တက်ပါသည်။

ဝဲရောဂါပိုးကောင် Sarcoptes scabiei

ဝဲရောဂါပိုးကောင် Sarcoptes scabiei[ပြင်ဆင်ရန်]

ဝဲ က ဘက်တီးရီးယားကြောင့် ဖြစ်တာလဲ မဟုတ်ပါ၊ ဗိုင်းရပ်စ်ကြောင့်လဲ မဟုတ်ပါ။ Sarcoptes scabiei လို့ခေါ်တဲ့ အကောင်လေးတွေကြောင့်ဖြစ်သည်။ ထိုအကောင်တွေက အရေပြားအောက်ကို ဝင်ပြီး လှိုဏ်ခေါင်းတွေတူးပြီး တွားသွားနေကြတဲ့အခါ အရေပြားက ယားလာသည်။

ယားတော့ကုတ် ၊ ကုတ်တော့ အရေပြားက ပွန်းပဲ့ပြီး တခြား ဗက်တီးရီးယားပိုးတွေ ဝင်လာပြီး အနာဖြစ် ၊ အရည်တရွှဲရွှဲ နဲ့ အနာကတော့ ဝဲစိုပေါ့ ၊ ခြောက်ပြီး ယားနေတဲ့ ဝဲ ကတော့ ဝဲခြောက်ပေါ့ ။ ဝဲက နေရာတော်တော်များများမှာ ဖြစ်နိုင်ပါတယ် ။ အဖြစ်များတာက ခြေချောင်း ၊ လက်ချောင်းလေးတွေ ၊ ဦးခေါင်း ၊ လည်ပင်း ၊ ချိုင်းကြားတွေ မှာ ဖြစ်တက်ပါတယ် ။ ဝဲ ကို ကုလို့ရပါတယ် ။

ကုရတာလွယ်သလား ခက်သလားဆိုတော့ လူနာရဲ့ အနေအထားပေါ်မူတည်ပါတယ် ။ လူနာရဲ့ တကိုယ်ရေ သန့်ရှင်းမှု ၊ ပတ်ဝန်းကျင်သန့်ရှင်းမှု ၊ ဆရာဝန် ညွှန်ကြားချက်အပေါ်လိုက်နာမှု စသည်ဖြင့် အချက်များကြီးရှိပါတယ် ။ ဝဲ ဟာ ညဘက်မှာ ပိုပြီး ယားယံတက်ပါတယ် ။ နေ့ဘက်မှာ မကုတ်မိအောင် သတိထားနိုင်ပေမယ့် ညဘက်အိပ်ရင် အမှတ်မထင် ကုတ်မိတာကနေ အနာစို ဖြစ်သွားတက်ပါတယ် ။ သတိထားဖို့ လိုပါမယ် ။ လက်သည်းကိုသေချာညှပ်ထားရပါမယ် ။ လက်သည်းရှည်ကနေ ကုတ်မိလို့ အနာစိုဖြစ်ပြီး ကုသရ တာရှည်တက်ပါတယ် ။

မိမိဝတ်တဲ့ အဝတ်အစား တွေ ကို သေချာလျှော်ဖွတ် ၊ နေလှမ်း ၊ မီးပူတိုက်ဖို့ လိုအပ်ပါတယ် ။ ဒါမှသာ ဝဲရောဂါကို ဖြစ်စေတဲ့ Sarcoptes scabiei ဆိုတဲ့ အကောင်တွေ သေသွားမှာဖြစ်ပါတယ် ။ အဝတ်အစားယူဝတ်တာ ၊ ရောဂါရှိသူ ကုတင်အိပ်ယာမှာ အိပ်တာ ၊ အဝတ်အထည် ၊ အသုံးအဆောင်တွေကနေ ကူးစက်နိုင်ပါတယ် ။ ဆေးကုသမှူအနေနဲ့ကတော့ ရောဂါဖြစ်စေတဲ့ အကောင်ကို သတ်ရပါမယ် ။ ဘီပီအိုင်က ထုတ်တဲ့ Burscabies က မြန်မာပြည်မှာ ဝဲအတွက် အသင့်တော်ဆုံးဆေးဝါးပါပဲ ။ ဆေးကို အနာဖြစ်နေတဲ့ နေရာတင်မကပဲ ခြေဆုံးခေါင်းဆုံးလိမ်းသင့်ပါတယ် ။ သောက်ဆေးအနေနဲ့ကတော့ သာမန်အနေအထားမှာ မလိုအပ်ပါဘူး ။ ကုတ်မိလို့ အနာက ဗက်တီးရီးယားပိုးတွေဝင်ပြီ အရေ တရွှဲရွဲနဲ့ စိုနေရင်တော့ အနာခြောက်အောင် ၊ အနာထပ်မပွားအောင် လိုအပ်တဲ့ ဆေးဝါးတွေနဲ့ သေချာကုသပေးရပါမယ် ။ အိမ်မှာ အတူနေတဲ့ တခြားသူတွေလဲ တပြိုင်နက်တည်း ကုသမှုခံယူသင့်ပါတယ် ။ ဒါမှသာ ရောဂါပိုးခိုကပ်ကျန်မနေပဲ အမြစ်ပြတ် သုတ်သင်နိုင်မှာပါ ။ တကိုယ်ရေသန့်ရှင်းရေးကို သေချာဂရုပြုမယ် ၊ အဝတ်အစား ၊ အသုံးအဆောင်တွေကိုပါ တခါတည်းနေလှမ်း ၊ လျှော်ဖွတ် ၊ မီးပူတိုက်မယ်ဆိုရင် ဝဲရောဂါက မကြာခင်ပျောက်သွားနိုင်ပါတယ် ။ ဝဲရောဂါက ပြန်ဖြစ်တက်ပါတယ် ။ Sarcoptes scabiei အမ ဟာ အရေပြားအောက်မှာ ဥဥ ပြီး ၂၁ ရက်ကြာရင်အကောင်ပေါက်ပါတယ် ။ ကလေးအချင်းချင်း ၊ မိသားစု ဝင်တွေ အချင်းချင်း တစ်ယောက်ဆီက တစ်ယောက်ကူးလိုက် ပျောက်လိုက် သံသရာလည်နေတက်ပါတယ် ။ ကုသမှုမှန်ကန်ဖို့ လိုအပ်သလို လူနာရှင်ဘက်ကလည်း သေချာလိုက်နာဆောင်ရွက်တက်ဖို့ အရေးကြီးပါတယ် ။

မိမိပတ်ဝန်းကျင်မှာ မိဘတွေမသိနားမလည်လို့ အရေတရွှဲရွှဲနဲ့ ဝဲ စွဲနေတဲ့ ကလေးတွေတွေ့မိရင် မိဘတွေကို နားလည်အောင်ရှင်းပြပြီး ကုသမှူခံယူဖို့ တိုက်တွန်းပေးစေလိုပါတယ် ။ မိမိကိုယ်တိုင်တက်နိုင်ရင်လည်း ပါဝင်ကူညီဆောင်ရွက်ပေးစေလိုပါတယ် ။ မိဘတွေရဲ့ ဂရုစိုက်မှုနဲ့ကင်းကွာပြီး ဖြစ်သလိုနေတက်တဲ့ကလေးလေးတွေမှာ အဖြစ်များတက်တဲ့ ရောဂါဖြစ်လို့ပါ ။ မသိနားမလည်တဲ့ ကလေးလေးတွေက သနားဖို့ အရမ်းကောင်းပါတယ် ။ သေချာကုရင်ပျောက်ကင်းနိုင်သလို ၊ တကိုယ်ရေသန့်ရှင်းမှုပေါ်မူတည်ပြီး ပြန်လည်ကူးစက်နိုင်တက်ရောဂါလည်းဖြစ်တာမို့ ကျနော်တို့ပတ်ဝန်းကျင်မှာ ဝဲ ဖြစ်နေတဲ့သူကို တွေ့မိရင် ကိုယ်တက်နိုင်သလောက် ၊ ကိုယ်သိသလောက် ကျန်းမာရေး ဗဟုသုတလေး ဖြန့်ဝေရင်း ကုသိုလ်ယူကြပါစို့ …..။။

အနှစ်ချုပ်[ပြင်ဆင်ရန်]

  • ဝဲဆိုတာ အဏုကြည့် မှန်ဘီလူးနဲ့ ကြည့်မှ မြင်ရတဲ့ အကောင်လေးတွေကြောင့်ဖြစ်တာပါ ။
  • အဲဒီအကောင်လေးတွေက အရေပြားအောက်မှာ တိုးဝင်သွားနေလို့ ယားယံတာပါ ။
  • အရေပြားကိုသေချာကြည့်ရင် နီရဲနေတက်ပြီး အကောင်လေးတွေ သွားတဲ့ လမ်းကြောင်းတလျှောက်မှာ ဖောင်းနေတက်ပါတယ် ။
  • ( နှင်းခူလို အခြားအရေပြားရောဂါတွေမှာလဲ အရေပြားလေးဖောင်းနေတက်တာမို့ မသေချာရင် ၊ တစ်ကိုယ်လုံးကို * ကူးစက်နေတာ ၊ အနာစိုဖြစ်နေတာဆိုရင် ကျန်းမာရေးဝန်ထမ်းနဲ့ပြသသင့်ပါတယ် ။ )
  • ဘီပီအိုင်က ထုတ်တဲ့ ဘာစကေဘီလိမ်းဆေးနဲ့ ကုသနိုင်ပါတယ် ။
  • အရေတွေထွက်ပြီး အနာအစိုဖြစ်တာက ကုတ်မိလို့ အရေပြားပေါက်ပြဲပြီး တခြားရောဂါပိုးဝင်သွားလို့ပါ ။
  • ကလေးအချင်းချင်း ၊ အဝတ်အထည် ၊ မျက်နှာသုတ်ပုဝါ ၊ အိပ်ယာ ၊ စတာတွေကနေကူးစက်နိုင်ပါတယ် ။
  • အဝတ်အထည်အားလုံးကို နေလှမ်းလျှော်ဖွတ် ၊ မီးပူတိုက်ရပါမယ် ။
  • တစ်ကိုရေသန့်ရှင်းရေးကို ဂရုပြုခြင်းဖြင့် ဝဲရောဂါပြန်လည်ကူးစက်ခြင်းကို ကာကွယ်နိုင်ပါတယ် ။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. Dr Zero