ဝေါဟာရလီနတ္ထဒီပနီ

ဝီကီပီးဒီးယား မှ

ဝေါဟာရလီနတ္ထဒီပနီ သည် လှေသင်းအတွင်းဝန် မင်းကြီးမဟာဇေယသင်္ခယာ ရေးသားသော ကျမ်းတစောင် ဖြစ်သည်။

ရေးသားဖြစ်ပုံ[ပြင်ဆင်ရန်]

မှန်နန်းရာဇဝင် ပြုစုစဉ် ပါဝင်ခဲ့သော မဟာဇေယသင်္ခယာကို မကွေးမြို့စား ဝန်ထောက် မင်းကြီးမဟာစည်သူက ဝေါဟာရများ ဖြစ်ပေါ်ပုံနှင့် ပတ်သက်၍ ကျမ်းပြုရန် တောင်းပန်သည်။ ထိုစဉ်မှစ၍ အားလပ်သလို ရေးသားခဲ့ရာ ၁၁၉၂ ခု၊ တပေါင်းလပြည့်ကျော် ၅ ရက်နေ့တွင် ပြီးသည်။ ၁၁ ကြောင်းရေ ပေနှင့် ၁၄ အင်္ဂါ ရှိသည်။

ပုံနှိပ်မူ ဖြစ်လာခြင်း[ပြင်ဆင်ရန်]

၁၂၆၁ ခုတွင် မန္တလေးမြို့ မြန်မာ့တာရာ သတင်းစာတိုက်မှ တိုက်ရှင် ဦးညွန့်၊ ကုန်သည် ဦးမောင်ကြီး၊ ကုန်သည် ဦးကာတို့ သုံးဦးစပ်ကာ ပေမူကို စာအုပ်ထုတ်သည်။

၁၉၅၉ ခုတွင် ရှားနေသော အထက်ပါစာအုပ်ကို ပြန်ရိုက်ရင် ဟံသာဝတီ ဦးဘခင်က ကြံသည်။ ဦးမောင်မောင်ကြီး (မဟာဝိဇ္ဇာ) ကို တည်းဖြတ်ပေးရန် တောင်းပန်သည်။ ဦးမောင်မောင်ကြီးက မြန်မာ့တာရာမူကို အခြေထားကာ ပေမူနှင့်တိုက်၍ တည်းဖြတ်သည်။ သက္ကဋ၊ မာဂဓ စကားလုံးများကို ဟံသာဝတီ ပါဠိဆရာအဖွဲ့နှင့် ညှိနှိုင်းသည်။ သို့ဖြင့် ၁၉၆၀ ခု၊ ဇူလိုင်လတွင် ဟံသာဝတီတိုက်မှ ဝေါဟာရလီနတ္ထဒီပနီ ပြန်ထွက်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ဦးမောင်မောင်ကြီး (မဟာဝိဇ္ဇာ)။ "ဝေါဟာရလီနတ္ထဒီပနီ"။ ဟံသာဝတီ စာအုပ်တိုက်။ ၁၉၆၀၊ ဇူလိုင်။