မာတိကာသို့ ခုန်သွားရန်

ဝေသိန္နီပင်

ဝီကီပီးဒီးယား မှ

ဝေသိန္နီပင်သည် ကြီးလွယ်၍အမြင့်ပေ ၇ဝ မှ ၈ဝ အထိမြင့်သည်။ အကိုင်းကြီးများသည်လည်းဖြာထွက်ပြီးလျှင် အချိုးအစားကျ စွာပေါက်လေ့ရှိသည်။ ထိုအပင်သည် နှစ်ပေါင်း ၂ဝဝ အထိ အသက်ရှည် ၏။ တောင်ထူထပ်သော ဂရိ၊ ပါးရှားနှင့် အိန္ဒိယနိုင်ငံမြောက်ပိုင်းတို့သည် ထိုအပင်၏ မူလပေါက်ရောက်ရာဒေသများဖြစ်သည်။ သို့သော် ယခုအခါ တွင် ထိုဝေသိန္နီပင်ကို အခြားဒေသများတွင်လည်း စိုက်ပျိုးယူကြလေသည်။ ထိုအပင်မှ သစ်ကြားသီးနှင့်တူသော အသီးများကို သီးလေ့ရှိသော် လည်း ထိုအသီးများကို သစ်ကြားသီးကဲ့သို့ မစားနိုင်ချေ။ ထိုသို့ဖြစ်ရသည် မှာ ဝေသိန္နီသီးသည် အလွန်ခါးသောကြောင့်ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုတွင် ပေါက်ရောက်သောဝေသိန္နီပင်သည် ဝေသိန္နီပင်အစစ်နှင့် အဆက်အစပ်မရှိချေ။ အမေရိကန်ပြည်ထောင်စု အတွင်း၌ပေါက်ရောက်သော ဝေသိန္နီပင်ကို ဗတ်အိုင်းဟုခေါ်သည်။ ထိုသို့ ခေါ်ခြင်းမှာ ထိုအပင်၏ အစေ့တွင်အညိုဖျော့ရောင်နှင့် အနည်းငယ်ပွင့်နေ ပုံရသော ဒရယ်၏မျက်စိနှင့်တူခြင်းကြောင့်ဖြစ်သည်။ အမေရိကန်ပြည် ထောင်စု၊ မစ္စစ္စပီမြစ်ဝှမ်းတွင် ပေါက်လေ့ရှိသော ဗတ်အိုင်းခေါ် သစ်ပင် တစ်မျိုးသည် ဝေသိန္နီပင်နှင့်အတူ မျိုးစုတစ်ခုတည်းတွင်ပါဝင်လေသည်။ ထို သို့သောအပင်မျိုးပေါက်ရောက်ခြင်းကြောင့် အိုဟိုင်းအိုပြည်နယ်ကို ဗတ်အိုင်း ပြည်နယ်ဟုပင် ခေါ်လေ့ရှိကြသည်။

ဥရောပတိုက်၌ပေါက်သော သာမန်ဝေသိန္နီပင်များကို လမ်ဘေးနှင့် ခြံများတွင် အထူးစိုက်ပျိုးလေ့ရှိကြသည်။ ထိုသို့စိုက်ပျိုးကြခြင်းမှာ ထိုအပင် မှ အစိမ်းရင့်ရောင်အရွက်များ ထူထပ်စွာပေါက်ခြင်းနှင့် ယင်းတို့မှပွင့်သော ပန်းများကြောင့်ဖြစ်သည်။ အပင်များ၏အရောင်မှာ ဆွတ်ဆွတ်ဖြူရောင်သော် လည်းကောင်း၊ အစိမ်းရောင်သန်းသည့် အဖြူရောင်သော်လည်းကောင်း၊ အဝါရောင်သော်လည်းကောင်း ဖြစ်တတ်သည်။ ထိုအပင်မှ သီးသောအသီးကို ခါးသဖြင့် မစားနိုင်ကြသော်လည်း ယင်းမှ စတာ့(ကစီ) ပြုလုပ်နိုင်လေ သည်။ ထို့အပြင် ထိုအသီးမှ စက္ကူကပ်ကော်ပြုလုပ်သောအခါ ထိုကော်က စာကြည့်တိုက်အတွင်းရှိ ပိုးကောင်များကို နှင်ထုတ်ပစ်သည်ဟုဆိုသည်။ ထိုအပင်၏သစ်သားမှာပေါ့၍ နူးညံ့သဖြင့်အသုံးမဝင်လှချေ။ မီးဖိုအသုံး အဆောင်ပစ္စည်းများနှင့် ကစားစရာများသာ ပြုလုပ်နိုင်သည်။ အပင်၏ အခေါက်ကိုမူ သားရေနယ်ရာတွင် အသုံးပြုနိုင်လေသည်။

ဝေသိန္နီပင်တွင် အရွက်မြွာကြီးများရှိသည်။ ထိုအရွက်မြွာကြီးများ သည် တစ်နေရာတည်းမှ စု၍ထွက်လေ့ရှိသည်။ အစေ့ကြီးများသည် ဆူးများ ရှိသောအခွံများအတွင်း၌ ရှိကြလေသည်။ ဗတ်အိုင်းပင်တွင် အရွက်မြွာ ငါး ခုသာရှိ၍ ဝေသိန္နီပင်တွင်မူ အရွက်မြွာခုနစ်ခုရှိလေသည်။ ပြည်ထောင်စုမြန်မာနိုင်ငံ မေခမြစ်ဝှမ်း၊ မေမြို့နှင့် တောင်ကြီးမြို့ များတွင် ဝေသိန္နီပင်ကို တွေ့မြင်နိုင်ပေသည်။

အက်စကူလပ်မျိုးစုဝင် ဝေသိန္နီပင်သည် ဟစ်ပိုကက်စတာ နေစီ အီးမျိုးရင်းတွင်ပါဝင်သည်။ အမေရိကန်ပြည်ထောင်စု အိုဟိုင်းအိုပြည်နယ် တွင် ပေါက်ရောက်သော ဝေသိန္နီပင်ကို အက်စကူလပ်ဂလေဗရာဟုခေါ်၍ ရိုးရိုးဝေသိန္နီပင်ကိုမူ အက်စကူလပ်ဟစ်ပိုကက်စတာနမ်ဟုခေါ်သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)