ဝီကီပီးဒီးယား:ဆောင်းပါးကောင်း အမည်စာရင်းတင်သွင်းခြင်း/လမ်းညွှန်ချက်များ

ဝီကီပီးဒီးယား မှ
ပင်မအင်္ဂါရပ်များလမ်းညွှန်ချက်များအမည်စာရင်းတင်သွင်းခြင်းများဆွေးနွေးချက်များပြန်လည်အကဲဖြတ်ခြင်းအစီရင်ခံခြင်း
Good article nominations
Good article nominations

ဆောင်းပါးကောင်း အင်္ဂါရပ်များနှင့်အညီ ဆောင်းပါးကောင်းတစ်ပုဒ်ဖြစ်လာစေရန် ဆောင်းပါးကောင်း အမည်စာရင်းတင်သွင်းရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဤစာမျက်နှာတွင် အသေးစိတ် လမ်းညွှန်ပြထားသည်။ အောက်တွင် အမည်စာရင်းတင်သွင်းသူ (nominator) အတွက်ရော ဆန်းစစ်အကဲဖြတ်သူ (reviewer) အတွက်ပါ ဖော်ပြထားသည်။

ဆောင်းပါးပါ အကြောင်းအရာနှင့် အကျွမ်းတဝင်ရှိသူ၊ ဆောင်းပါးဖန်တီးသူ၊ ဆောင်းပါးကို သိသိသာသာ မွမ်းမံထားသူ မည်သူမဆို အမည်စာရင်းတင်သွင်းနိုင်သည်။ Nominator မှအပ ဆောင်းပါးနှင့် သက်ဆိုင်မှုမရှိသည့် အသုံးပြုသူမည်သူမဆို review လုပ်နိုင်သည်။

အမည်စာရင်းတင်သွင်းခြင်း

အဆင့် (၁)၊ ပြင်ဆင်ခြင်း

ဘက်လိုက်မှုကင်းခြင်းစိစစ်အတည်ပြုခံနိုင်ခြင်းကိုယ်တိုင်ထုတ်ဖော်ထားသည့် အချက်အလက်များ မပါဝင်ခြင်းထင်ရှားအရေးပါခြင်း စသည့် ဝီကီပီးဒီးယား၏ မူဝါဒများ၊ လမ်းညွှန်းချက်များနှင့် ကိုက်ညီမှုရှိကြောင်း သေချာအောင်ပြုလုပ်ပါ။ ၎င်းနောက် ဆောင်းပါးကောင်း အင်္ဂါရပ် ၆ ချက်နှင့် တိုက်ဆိုင်ညှိနှိုင်းပြီး လိုအပ်သည်များ မွမ်းမံပါ။ အသေးစိတ်ကို ဆောင်းပါးကောင်း အမည်စာရင်းတင်သွင်းခြင်း လမ်းညွှန်တွင် ဆက်လက်ဖတ်ရှုပါ။ မည်သူမဆို nominate လုပ်နိုင်သော်လည်း nominator အနေဖြင့် ဆောင်းပါးကို သိသိသာသာ မွမ်းမံထားသူ၊ ဆောင်းပါးပါအကြောင်းအရာ၊ ဆောင်းပါးပါကိုးကားချက်များနှင့် အကျွမ်းတဝင်ရှိသူဖြစ်ဖို့ မျှော်လင့်သည်။ ဆောင်းပါးနှင့် အကျွမ်းတဝင်မရှိပါက အမည်စာရင်းမတင်သွင်းမီ ဆောင်းပါး၏ ဆွေးနွေးချက်စာမျက်နှာတွင် ဆောင်းပါးကို ပုံမှန်မွမ်းမံတည်းဖြတ်နေသူနှင့် ဆွေးနွေးစေလိုပါသည်။ Reviewer က လုပ်ငန်းစဉ်တစ်လျှောက် လိုအပ်သည်များ ဝေဖန်ထောက်ပြမည်ဖြစ်သောကြောင့် nominator အနေဖြင့် ပူးပေါင်းဆောင်ရွက်စေလိုပါသည်။ အမည်စာရင်းမတင်သွင်းမီ မိမိက reviewer ၏ မှတ်ချက်များကို အလေးထားတုံ့ပြန်နိုင်ကြောင်း သေချာပါစေ။

အဆင့် (၂)၊ အမည်စာရင်းတင်သွင်းခြင်း

  1. အမည်စာရင်းတင်သွင်းထားသည့် ဆောင်းပါးစာရင်း၌ သက်ဆိုင်ရာခေါင်းစဉ်အောက်တွင် အောက်ပါအတိုင်း ဖြည့်သွင်းပါ။
    # '''[[အမည်စာရင်းတင်သွင်းမည့် ဆောင်းပါးအမည်]]'''
    :* တင်သွင်းသူ: ~~~~
  2. (ဖြစ်နိုင်ပါက) မိမိ၏ nomination တစ်ခုစီအတွက် သူတစ်ပါး၏ nomination နှစ်ခုကို review ပြန်လုပ်ပေးပါ။[၁]

အဆင့် (၃)၊ စောင့်ဆိုင်းခြင်း

Reviewer ကို စောင့်ရသည့် ကာလသည် လအတန်ငယ်ထိကြာနိုင်သလို ရက်ပိုင်းအတွင်းလည်း ဖြစ်နိုင်သည်။ Review စာမျက်နှာကို မိမိဘာသာ မစလိုက်ပါနှင့်။ အခြားသော reviewer များက ဆောင်းပါးကို review လုပ်မည့်သူရှိပြီဟု ယူဆပြီး ကျော်သွားနိုင်သည်။

Reviewer အတွက် မှတ်စုချန်ထားခြင်း

ရီဗျူးနှင့်သက်ဆိုင်ရာ မှတ်ချက်ပြုလိုပါက :* တင်သွင်းသူ: ~~~~ ​အောက်တွင် :* မှတ်ချက်: ဟူ၍ ​ပြောချင်သောအကြောင်းအရာကို ထပ်ထည့်ပါ။ သာဓက :* မှတ်ချက်: ဒီတစ်ပတ်လုံး အကြောင်းမပြန်နိုင်သေးပါ။

ပြန်လည်ရုတ်သိမ်းခြင်း

Review မစတင်မီ အမည်စာရင်းတင်သွင်းခြင်းကို ပြန်လည်ရုတ်သိမ်းလိုပါက ဆောင်းပါး ဆွေးနွေးချက်စာမျက်နှာရှိ {{GA nominee}} တမ်းပလိတ်ကို ပြန်ဖျက်လိုက်ပါ။ Review စတင်ပြီးမှ ပြန်လည်ရုတ်သိမ်းလိုပါက reviewer ကို အသိပေးပါ၊ reviewer က အကျပေးပါလိမ့်မည်။

အဆင့် (၄)၊ ရီဗျူးကာလ

ဆောင်းပါးကို GA အဆင့်မီစေရန် Reviewer က အကြံပေးသည်ကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်မွမ်းမံပါ။ (မိမိမလုပ်နိုင်ပါက လုပ်နိုင်သူနောက်တစ်ယောက်ထံ အကူအညီတောင်းပါ။) အခြားမည်သည့်တည်းဖြတ်သူမဆို မှတ်ချက်ပြုခြင်း၊ မွမ်းမံခြင်းများ ဖြည့်သွင်းဆောင်ရွက်နိုင်သော်လည်း နောက်ဆုံးအဆုံးအဖြတ်ကို ပထမဆုံး Reviewer ကသာ ဆောင်ရွက်ရမည်။ review ကာလမှာ တစ်ဦးနှင့်တစ်ဦး ကြာမြင့်ချိန်မတူနိုင်သော်လည်း လျင်လျင်မြန်မြန် တိတိပပ ဆောင်ရွက်တတ်သူများ ဖြစ်ပါက ၇ ရက်ခန့်အတွင်း ပြီးစီးနိုင်သည်။ ပြည့်ပြည့်စုံစုံ မွမ်းမံနိုင်ရန် Reviewer က "ဆိုင်းငံ့" အမှတ်အသားပြ၍ ခုနစ်ရက်ခန့် အချိန်ပေးပါလိမ့်မည်။[၂] မူလ Reviewer ၏ အထင်အမြင်၊ အဆုံးအဖြတ်ကို လက်မခံနိုင်ပါက အမည်စာရင်းပြန်လည်တင်သွင်းခြင်း သို့မဟုတ် အကြံဉာဏ်ထပ်မံတောင်းခံခြင်းကို ဆောင်ရွက်နိုင်သည်။ သို့မဟုတ် ဆောင်းပါးကောင်း အမည်စာရင်းတင်သွင်းခြင်း ဆွေးနွေးချက်စာမျက်နှာတွင် တင်ပြနိုင်သည်။

Reviewer နှုတ်ထွက်သွားခြင်းဖြစ်စဉ်

Reviewer အနေဖြင့် မိမိ ကျန်းမာရေးအခြေအနေကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် နှုတ်ထွက်သွားပါက ၎င်းကို အကျိုးအကြောင်းမေးမြန်းကြည့်ပါ။ အဆင်မပြေပါက အသစ်တစ်ယောက်ထပ်ရှာရန် လိုအပ်မည်။ ဆောင်းပါး ဆွေးနွေးချက်စာမျက်နှာရှိ Review ဆွေးနွေးချက်ဟောင်းကို ဖယ်ရှားလိုက ဖယ်ရှားနိုင်သည်။ ဆောင်းပါးကောင်း အမည်စာရင်း၏ တန်းစီဇယားတွင် ပြန်လည်ဖြည့်သွင်းပါ။

Reviewer က Review စာမျက်နှာကို ဖွင့်သွားရုံမှအပ အတန်ကြာသည်အထိ မည်သည်ကိုမျှ ပြောဆိုထောက်ပြခြင်းမရှိပါက ၎င်းစာမျက်နှာကို G6 အရ ဖျက်ပေးရန်တောင်းဆိုပြီး အစက ပြန်စပါ။

အဆင့် (၅)၊ ရီဗျူးကာလ ပြီးသည့်နောက်

Review ဖြစ်စဉ်အဆုံးတွင် reviewer က အအောင်၊ အကျ ဆုံးဖြတ်ပေးမည်။ ကျရှုံးပါက လိုအပ်သည်များ မွမ်းမံပြီး အမည်စာရင်း ပြန်လည်တင်သွင်းနိုင်သည်။ သင့်လျော်သော မှတ်ချက်တစ်စုံတစ်ရာ မရခဲ့ဟု ယူဆပါက ထပ်မံဆွေးနွေးဖြေရှင်းနိုင်သည်။

ဆောင်းပါးကောင်းတစ်ပုဒ်အဖြစ် သတ်မှတ်ခံရပါက ဆောင်းပါးမှ စိတ်ဝင်စားဖွယ် အချက်တစ်ချက်ကို ဗဟိုစာမျက်နှာပေါ်ရှိ သင်သိပါသလား ကဏ္ဍအတွက် အမည်စာရင်းတင်သွင်းနိုင်သည်။

ဆန်းစစ်ခြင်း

အဆင့် (၁)၊ ဆောင်းပါးကောင်းအင်္ဂါရပ်များနှင့် အကျွမ်းတဝင်ရှိခြင်း

ရီဗျူးမစတင်ခင် ဆောင်းပါးကောင်းအင်္ဂါရပ်များနှင့် အကျွမ်းတဝင်ရှိအောင် ပြုလုပ်ထားသင့်ပါသည်။ ဆောင်းပါးကောင်းအင်္ဂါရပ်များသည် ဆောင်းပါးတစ်ပုဒ်ကို ဆောင်းပါးကောင်းအဖြစ် သတ်မှတ်ရာတွင် တိုင်းတာသည့် စံနှုန်းများပင် ဖြစ်သည်။ ​ဆောင်းပါးကောင်း ဆန်းစစ်ခြင်း လမ်းညွှန် နှင့် ဆောင်းပါးကောင်းအင်္ဂါရပ်များက မည်သည့်အရာမဟုတ်ကြောင်း အက်ဆေးကို ဖတ်ထားဖို့ အကြံပြုပါသည်။ ဆောင်းပါးသည် ဘက်မလိုက်အရေးအသားစိစစ်အတည်ပြုခံနိုင်မှုကိုယ်တိုင်ထုတ်ဖော်ထားသည့် အချက်အလက်များမပါခြင်းထင်ရှားအရေးပါမှုစသည့် ဝီကီပီးဒီးယား၏ မူဝါဒများ၊ လမ်းညွှန်ချက်များနှင့် ကိုက်ညီကြောင်း သေချာပါစေ။ ရီဗျူးလုပ်နေစဉ်အတွင်း အကူအညီပေးရန် ဆောင်းပါးကောင်း မန်တာများလည်း ရှိပါသည်။ ဆောင်းပါးကောင်း အမည်စာရင်းတင်သွင်းခြင်း ဆွေးနွေးချက်စာမျက်နှာတွင်လည်း အကူအညီများ တောင်းခံနိုင်သည်။

အဆင့် (၂)၊ ရီဗျူး စတင်ခြင်း

ဆောင်းပါးတစ်ပုဒ်ကို ဆန်းစစ်ရန်

  • စာရင်းသွင်းထားသော အသုံးပြုသူ (registered user) ဖြစ်ရမည်။ လော့ဂ်အင်ဝင်ထားကြောင်း သေချာပါစေ။
  • အမည်စာရင်းတင်သွင်းသူ သို့မဟုတ် ရီဗျူးမစခင် ဆောင်းပါးကို သိသိသာသာ မွမ်းမံထားသူ မဖြစ်ရပါ။ မိမိ အမည်စာရင်းတင်သွင်းထားသော ဆောင်းပါးကို မိမိကိုယ်တိုင် ပြန်၍ ဆန်းစစ်မှုကို လက်မခံပါ။
  1. အမည်စာရင်းတင်သွင်းထားသော ဆောင်းပါးများ အနက် ဆန်းစစ်လိုသော တစ်ပုဒ်ကို ရွေးချယ်ပါ။ အောက်ပါတို့ကိုလည်း မှတ်သားထားပါ။
    • နှစ်သက်ရာတစ်ပုဒ်ကို ရွေးနိုင်သော်လည်း ထိပ်ဆုံးတွင်ရှိသည့် တင်သွင်းမှုများသည့် လနှင့်ချီ၍ စောင့်ဆိုင်းနေရသည်မျိုးဖြစ်နိုင်သဖြင့် ၎င်းတို့ကို ဦးစားပေးရွေးချယ်ပါ။
    • ဆန်းစစ်သူရှိနှင့်ပြီးသား တင်သွင်းမှုတွင် ဝင်ရောက်အကြံပြုနိုင်သော်လည်း နောက်ဆုံးအဆုံးအဖြတ်ကို ပထမဆုံးဆန်းစစ်သူကသာ ပြုလုပ်ရမည်။
  2. ရီဗျူးကို စတင်ရန် ဆောင်းပါးကောင်းအမည်စာရင်း တင်သွင်းထားသည့်
    :* တင်သွင်းသူ: ~~~~
    ၏ အောက်တစ်ကြောင်းတွင်
    :* ဆန်းစစ်သူ: ~~~~ ဟူ၍ ဖြည့်သွင်းပါ။ တင်သွင်းထားသည့် ဆောင်းပါး၏ ဆွေးနွေးချက်စာမျက်နှာတွင် {{GAList}} နှင့် ရီဗျူးစတင်ခြင်းမှတ်ချက်တို့ကို "GA Review" ခေါင်းစဉ်ဖြင့် အကြောင်းအရာသစ် ထည့်ပါ။
  3. တင်သွင်းသူ၏ ဆွေးနွေးချက်စာမျက်နှာတွင်လည်း ရီဗျူးစတင်ကြောင်း အသိပေးပါ။
  4. သတိပြုရန်မှာ ရီဗျူးစတင်သည်နှင့် အပြည့်အစုံပြီးစီးသည်အထိ တာဝန်ယူရမည်။ တစ်ဝက်တစ်ပျက်နှင့် ရပ်နားခြင်းမျိုး မရှိစေရပါ။တစ်ကြိမ်လျှင် ဆောင်းပါး တစ်ပုဒ်၊ နှစ်ပုဒ်ခန့်သာ ရီဗျူးလုပ်ပြီး၊ ရီဗျူးများကို ခုနစ်ရက်ခန့်အတွင်း အပြီးသတ်နိုင်အောင် ဆောင်ရွက်ပါ။ မဖြစ်မနေသာ၍ ရပ်နားတော့မည်ဆိုပါက တင်သွင်းသူကို ဆက်သွယ်ပါ။ ဆန်းစစ်သူအသစ်ကို ကူညီရှာဖွေပေးပါ။ လိုအပ်လျှင် ဆောင်းပါးကောင်း အမည်စာရင်းတင်သွင်းခြင်း ဆွေးနွေးချက်စာမျက်နှာတွင် မှတ်စုချန်ခဲ့ပါ။

မှတ်ချက်

  1. လတ်တလော မြန်မာဝီကီတွင် ထိုသို့ပြန်လုပ်ပေးရလောက်အောင် nomination မများသေးပါ။ သို့သော် နောင်တွင် လိုအပ်လာနိုင်သည်။
  2. လိုအပ်သလို အတိုးအလျှော့ ပြုလုပ်နိုင်ပါသည်။