ဝီကီပီးဒီးယား:ဆောင်းပါးကောင်းများ

ဝီကီပီးဒီးယား မှ
(ဝီကီပီးဒီးယား:GA မှ ပြန်ညွှန်းထားသည်)
ပင်မအင်္ဂါရပ်များလမ်းညွှန်ချက်များအမည်စာရင်းတင်သွင်းခြင်းများဆွေးနွေးချက်များပြန်လည်အကဲဖြတ်ခြင်းအစီရင်ခံခြင်း

ဆောင်းပါးကောင်းတစ်ပုဒ်ဆိုသည်မှာ ဝီကီပီးဒီးယား၏ တည်းဖြတ်မှုစံနှုန်းများ၊ ဆောင်းပါးကောင်း အင်္ဂါရပ်များနှင့် ပြည့်စုံကိုက်ညီပြီး၊ ဆောင်းပါးကောင်းတစ်ပုဒ်အဖြစ် အမည်စာရင်းတင်သွင်းခြင်း လုပ်ငန်းစဉ်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်သည့် ဆောင်းပါးကို ဆိုလိုသည်။

ကောင်းမွန်စွာရေးသားထားသော၊ ယုံကြည်ကိုးစားနိုင်သော ရင်းမြစ်များမှ မှန်ကန်တိကျသည့် အချက်အလက်များပါဝင်သော၊ အထိုက်အလျောက် ကျယ်ပြန့်မှုရှိသော၊ ဘက်လိုက်မှုကင်းသော၊ မူပိုင်ခွင့်ကင်းလွတ်သည့် ရုပ်ပုံများကို (ဖြစ်နိုင်သရွေ့) ဆီလျော်စွာ အသုံးပြုထားသော ဆောင်းပါးများ ဖြစ်ရမည်။ ဆောင်းပါးကောင်းများသည် အထူးဆောင်းပါး (FA) များကဲ့သို့ လုံးဝဥဿုံ ပြည့်စုံကောင်းမွန်နေရန် မလိုသော်ငြား၊ လိုအပ်သည့် အဓိကအချက်အလက်များကိုမူ ပြေလည်ရန်လိုအပ်သည်။

ဆောင်းပါး၏ ညာဘက်ထိပ်တွင် စက်ဝိုင်းအတွင်း အပေါင်းလက္ခဏာပုံပါရှိသည့် သင်္ကေတ () ပေါ်နေပါက ဆောင်းပါးကောင်းဟု သိနိုင်သည်။

ဆောင်းပါးကောင်းတစ်ပုဒ်အဖြစ် အမည်စာရင်းတင်သွင်းခြင်းသည် ရိုးစင်းလွယ်ကူလှသည်။ ဆောင်းပါးကို ဖန်တီးသူ သို့မဟုတ် အဓိကမွမ်းမံသူ မည်သည်မဆို သတ်မှတ်ချက်များနှင့် ကိုက်ညီသည်ဟု ယူဆပါက အမည်စာရင်းတင်သွင်းနိုင်ပြီး၊ မည်သူမဆို သတ်မှတ်ချက်များနှင့်အညီ ဆောင်းပါးအရည်အသွေး ပိုမိုကောင်းမွန်စေရန် ဆန်းစစ်အကဲဖြတ် (review) နိုင်သည်။ Reviewer က လက်ခံပါက အဆိုပါ အမည်စာရင်းတင်သွင်းခံထားရသည့် ဆောင်းပါးသည် ဆောင်းပါးကောင်းစာရင်းဝင်မည် ဖြစ်သည်။ ထိုနည်းတူစွာ ဆောင်းပါးကောင်းတစ်ပုဒ်သည် သတ်မှတ်အရည်အချင်းများနှင့် မကိုက်ညီဟု ယူဆပါက စာရင်းမှဖယ်ရှားရန် မည်သူမဆို အဆိုပြုနိုင်သည်။

ဆောင်းပါးကောင်းများ

မြန်မာဝီကီပီးဒီးယားရှိ ဆောင်းပါးကောင်းများစာရင်းကို ဤနေရာတွင် ကြည့်ရှုပါ။

ဆက်စပ်အကြောင်းအရာများ