ဝိဿသန္တိစေတီတော်

ဝီကီပီးဒီးယား မှ
Vishwa Shanti Stupa
Vishwa Shanti Stupa at Ratnagiri Hills in 2019

ဝိဿသန္တိစေတီတော် (သက္ကတ:ဝိၐွၐာန္တိ၊ ဟိန္ဒီအသံထွက်: ဗစ်ဝရှန်တီ) သည် အိန္ဒိယနိုင်ငံ၊ Gitai Mandir အနီး, မဟာရဋ္ဌ (Maharashtra), Wardha ခရိုင်တွင် တည်ရှိသည့် စေတီတော်တစ်ဆူ ဖြစ်သည်။ ကမ္ဘာ့ငြိမ်းချမ်းရေးကို ရည်စူး၍ တည်ခဲ့သည့် ငြိမ်းချမ်းရေးစေတီတော်လည်း ဖြစ်သည်။ စေတီတော်သည် အဖြူရောင် ဖြစ်သည်။ စေတီတော်၏ အရပ်လေးမျက်နှာတွင် ဗုဒ္ဓရုပ်ပွားတော်များကို ထားရှိသည်။ ၎င်းနေရာတွင် ပန်းခြံကြီးတစ်ခုနှင့်အတူ ဂျပန်ဗုဒ္ဓဘာသာကျောင်းတော်ငယ်တစ်ခု ရှိသည်။ စေတီတော်၏ အနီးအနားတွင် ကမ္ဘာကြီးငြိမ်းချမ်းရေးအတွက် ဆုတောင်းဝတ်ပြုနိုင်ရန် ကျောင်းတော်တစ်ခု ရှိသည်။ မူလစေတီတော်သည် ၁၉၆၉ ခုနှစ်တွင် ပြီးစီးခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် စေတီတော်ကို ပြင်ဆင်မှုအသစ်များ လုပ်ဆောင်ခဲ့ပြီး ယနေ့ကာလမြင်တွေ့နေရသည့် ပုံစံဖြစ်သည်။[၁] ကမ္ဘာတစ်ဝန်းတွင် ငြိမ်းချမ်းရေးစေတီတော်ပေါင်း ၈၀ ကို Nipponzan Myohoji ဗုဒ္ဓဘာသာအဖွဲ့အစည်းက တည်ထားသည်။[၂] Fujii Nichidatsu ၏ စိတ်ကူးအိပ်မက်ဖြစ်ပြီး Mohandas K. Gandhi ၏ တိုက်တွန်းမှုဖြင့် ဂျပန်နိုင်ငံအနုမြူဗုံးကြဲခံရမှုကို တန်ပြန်သည့်အနေဖြင့် စေတီတော်ကို တည်ခဲ့သည်။ ပထမဆုံးဖြစ်ပြီး လူသိပိုများသည် ငြိမ်းချမ်းရေးစေတီတော်ကို Rajgir ရှိ Ratnagiri တောင်ကုန်းတွင် တည်ထားခဲ့သည်။<ref>Aruna Deshpande, Buddhist India Rediscovered, Jaico Publishing House, 2013 ISBN 8184952473.</ref

ပြင်ပလင့်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. M. V. Kamath, Gandhi's Coolie: Life & Times of Ramkrishna Bajaj, p. 354, Allied Publishers, 1988 ISBN 8170234875.
  2. J.A. Kempf, Silicon Valley Monk: From Metaphysics to Reality on the Buddhist Path, Dharma Gates Publishing, 2014 ISBN 0990895106.