ဝိုင်ဝိုင်း
| ဝိုင်ဝိုင်း | |
|---|---|
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ၂၈ ဖေဖော်ဝါရီ မြစ်ကြီးနားမြို့၊ မြန်မာနိုင်ငံ |
| ဂီတဟန် | ရော့ခ် |
| အလုပ်အကိုင် | အဆိုတော် |
| တူရိယာ | အသံ |
| တက်ကြွသည့်နှစ်များ | ၁၉၉၈–လက်ရှိ |
| တေးသံသွင်း ကုမ္ပဏီ | Iron Cross Entertainment The Legacy Music Network The Sun Music |
| ပူးတွဲ ပါဝင်မှု | အိုင်းရင်းခရော့စ်အဖွဲ့ |
ဝိုင်ဝိုင်း ( ၂၈ ဖေဖော်ဝါရီ ) သည် မြန်မာနိုင်ငံသား ရော့ခ်အဆိုတော် တစ်ဦးဖြစ်၍ အိုင်းရင်းခရော့စ်ဂီတဝိုင်း၏ ပင်တိုင်အဆိုတော်တစ်ဦးလည်း ဖြစ်သည်။ဝိုင်ဝိုင်းသည် ဂီတလောကတွင် ဆယ်စုနှစ်နှစ်ခုကျော်ကြာ အောင်မြင်စွာ ရပ်တည်လာနိုင်ခဲ့သူ ဖြစ်သည်။[၁][၂]
အစောပိုင်းဘဝနှင့် ပညာရေး
[ပြင်ဆင်ရန်]ဝိုင်ဝိုင်းသည် မြန်မာနိုင်ငံ၊ မြစ်ကြီးနားမြို့တွင် မွေးဖွားကြီးပြင်းခဲ့သည်။[၃][၄][၅]သူသည် မန္တလေးမြို့ရှိ ရတနာပုံတက္ကသိုလ်တွင် အင်္ဂလိပ်ဘာသာရပ်ကိုအဓိထား၍ပညာသင်ကြားခဲ့သည်။ တက္ကသိုလ်တက်ရောက်နေစဉ်အတွင်း ဂီတကို စိတ်ဝင်စားလာခဲ့ပြီး လေးဖြူ အပါအဝင် အခြားသော ဂီတဝါသနာရှင်များနှင့် ရင်းနှီးကျွမ်းဝင်ခဲ့သည်။[၆]
ဝိုင်ဝိုင်းသည် သူ၏ဂီတခရီးလမ်းကို ၁၉၉၈ ခုနှစ်တွင် "နေဆယ်စင်း" အယ်လ်ဘမ်ဖြင့် ဂီတလောကသို့ ပထမဆုံး စတင်ဝင်ရောက်ခဲ့သည်။ သူသည် ရော့ခ်ဂီတနှင့် မြန်မာသံစဥ် ပေါင်းစပ်ဖန်တီးမှုကြောင့် ပရိသတ်အသိအမှတ်ပြုခံရသော အိုင်းရင်းခရော့စ် အဖွဲ့၏ ပင်တိုင်အဆိုတော်အဖြစ် သီဆိုခဲ့ပြီး ယင်အဖွဲ့ နှင့်အတူတေးစီးရီးအယ်လ်ဘမ်များစွာကို ထုတ်ဝေခဲ့ပြီး မြန်မာ့ဂီတလောကတွင် အောင်မြင်ကျော်ကြားလာခဲ့သည်။[[၇]ဝိုင်ဝိုင်းသည် တစ်ကိုယ်တော် အယ်လ်ဘမ်အများအပြားထုတ်ဝေခဲ့ပြီးသူ၏ တစ်ကိုယ်တော် တေးစီးရီးများကို Iron Cross Entertainment၊ The Legacy Music Network နှင့် The Sun Music ကဲ့သို့သော ပြည်တွင်းတေးထုတ်လုပ်ရေးကုမ္ပဏီများမှတစ်ဆင့် ဖြန့်ချိခဲ့သည်။[၈][၉][၁၀][၁၁]
ထွက်ရှိခဲ့သော အယ်လ်ဘမ်များ
[ပြင်ဆင်ရန်]- နေဆယ်စင်း (၁၉၉၈) – ဂီတလောကသို့ ပထမဆုံး စတင်ဝင်ရောက်ခဲ့သည့် ပွဲဦးထွက်အယ်လ်ဘမ်[၁၂]
- လမင်းနဲ့ပင်လယ် (၂၀၀၁) – Iron Cross အဖွဲ့နှင့် ပူးပေါင်းဖန်တီးသော အယ်လ်ဘမ်[၁၃]
- ကြိုးမဲ့စွန် (၂၀၀၃) – တစ်ကိုယ်တော် အယ်လ်ဘမ်[၁၄]
- အချစ်ငှက် (၂၀၀၄) – တစ်ကိုယ်တော် အယ်လ်ဘမ်
- သမင်လည်ပြန် unplugged live (၂၀၀၆) – တိုက်ရိုက်ဖျော်ဖြေမှု (Live) အယ်လ်ဘမ်
- ထာဝရ (၂၀၀၇) – တစ်ကိုယ်တော် အယ်လ်ဘမ်
- အိုင်းရင်းခရော့စ် အနှစ် ၂၀ ပြည့် (၂၀၀၉) – အမှတ်တရ အဖွဲ့လိုက်အယ်လ်ဘမ်
- အတုံ့အလှည့် (၂၀၁၁) – တစ်ကိုယ်တော် အယ်လ်ဘမ်
- ခရီးရှည် (၂၀၁၉) – တစ်ကိုယ်တော် အယ်လ်ဘမ်
ကိုးကား
[ပြင်ဆင်ရန်]- ↑ Iron Cross အဖွဲ့ကို ပြည်ပြေးတွေ ဘာကြောင့် ရှုတ်ချနေကြသလဲ ("Why Are Refugees Condemning the Iron Cross?") (in my) (1 December 2024)။
- ↑ Thu Thu Thar။ "ဖြေသိမ့်လိုက်" (in my)၊ The Irrawaddy၊ 20 August 2015။
- ↑ Kyaw Kha။ "အဆိုတော် လေးဖြူက NLD ပညာရေး ရန်ပုံငွေပွဲမှာ သီဆိုဖြစ်တဲ့ အကြောင်း မသီဆိုခင် အရင်ရှင်းပြ" (in my)၊ The Irrawaddy၊ 15 January 2015။
- ↑ Myat Thu Aung။ "သင်္ကြန်မှာ အနုပညာရှင်တွေနဲ့ တီးဝိုင်းတွေ ဘယ်မှာရှိမလဲ" (in my)၊ The Irrawaddy၊ 10 April 2014။
- ↑ Wei Yan Aung (27 September 2016)။ Ten Things to Do in Rangoon This Week (in en)။
- ↑ Maskay၊ Yuko (8 July 2015)။ The Sounds of Iron Cross (in en)။ 13 August 2026 တွင် ပြန်စစ်ပြီး။
- ↑ "အဆိုတော်မျိုးကြီးနှင့် ဝိုင်ဝိုင်းတို့ ဖျော်ဖြေမည့် လူရှစ်ဦးလျှင် ကျပ် ၂၅ သိန်းတန် ရှိုးပွဲ ရွှေ့ဆိုင်း" (in my)၊ Eleven Media Group၊ ၄ ဇူလိုင် ၂၀၂၃။
- ↑ De Hlaing Win။ "နှစ်သစ်ကူးပွဲမှာ လူထုရှေ့ ပြန်ပေါ်လာသည့် မန္တလေးတိုင်း ဝန်ကြီးချုပ်" (in my)၊ The Irrawaddy၊ ၁ ဇန်နဝါရီ ၂၀၂၀။
- ↑ "မျိုးကြီးနှင့် IC အဖွဲ့တွေ့" (in my)၊ The Irrawaddy၊ ၂၇ ဒီဇင်ဘာ ၂၀၁၁။
- ↑ Nadi Htike။ "သင်္ကြန်မှာ အနုပညာရှင်တွေ ဘယ်မှာရှိကြမလဲ" (in my)၊ The Irrawaddy၊ ၁၀ ဧပြီ ၂၀၁၃။
- ↑ Nadi Htike။ "Air Supply & IC တပိုင်းစီ ဖျော်ဖြေပြီး အလှူလုပ်ကြမယ်" (in my)၊ The Irrawaddy၊ ၉ ဩဂုတ် ၂၀၁၃။
- ↑ From Rock to Romance (in en) (December 2008)။ 21 February 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 August 2026 တွင် ပြန်စစ်ပြီး။
- ↑ Htike၊ Nadi။ "Australian Rockers Air Supply to Play Rangoon Charity Gig" (in en)၊ The Irrawaddy၊ 13 August 2013။
- ↑ Spain၊ Mike (13 August 2012)။ 'Iron Cross' at University of Maryland's Clarice Smith Performing Arts Center by Mike Spain (in en)။[လင့်ခ်သေ]