မာတိကာသို့ ခုန်သွားရန်

ဝိသာခသူဌေး

ဝီကီပီးဒီးယား မှ

ဝိသာခသူဌေး

[ပြင်ဆင်ရန်]

ဂေါတမ မြတ်စွာဘုရား လက်ထက်တော်တွင် ဓမ္မ ကထိကအရာ၌ ဧတဒဂ်ရသော ဓမ္မဒိန္နာထေရီလောင်း၏ခင်ပွန်းမှာ ဝိသာခ သူဌေးဖြစ်သည်။ ဝိသာခသည် ရာဇဂြိုဟ်ပြည့်ရှင် ဗိမ္ဗသာရမင်း၏ ငယ်သူငယ်ချင်း ဖြစ်သည့်အပြင် တက္ကသိုလ်ပြည်၌ အတူပညာသင်ဖက်လည်းဖြစ်သည်။ ရာဇဂြိုဟ်ပြည်သို့ မြတ်စွာဘုရားရှေးဦးစွာ ကြွလာသောအခါ ဝိသာခသူဌေး သည် ဗိမ္ဗိသာရမင်းနှင့်အတူသွားရောက်၍ တရားနာရာ တရားတော်၏အဆုံး တွင် သောတာပတ္တိဖိုလ်တည်သူဖြစ်သည်။

ဓမ္မဒိန္နာသည်လည်း ရာဇဂြိုဟ်ပြည် သူဌေးကြီးတစ်ဦး၏ သမီး ဖြစ်သည်။ အရွယ်ရောက်သောအခါ ဓမ္မဒိန္နာအားသူဌေးအမြောက်အမြားက ထိမ်းမြားရန် စကားကမ်းလှမ်းခဲ့ကြသော်လည်း ဗိမ္ဗိသာရမင်းက ပညာသင် ဖက် မိတ်ဆွေ ဝိသာခသူဌေးနှင့်သာ ဓမ္မဒိန္နာကို လက်ထပ်ပေးသည်။ ဝိသာခသူဌေးသည် အိမ်ထောင်သည်ဘဝနှင့် နေသော်လည်း မြတ်စွာဘုရား၏ ကျောင်းတော်သို့ မပြတ်တရားနာသွားလေ့ရှိသည်။ ဇနီးဖြစ်သူ ဓမ္မဒိန္နာကို မြတ်စွာဘုရားထံ၌ တရားနာလိုက်ပါရန် မကြခဏ ခေါ်ဖူးသော်လည်း ဓမ္မဒိန္နာသည် တစ်ကြိမ်တ်စခါမျှ မလိုက်ပါဘဲ နေခဲ့၏။ တစ်နေ့တွင် ဝိသာခသူဌေးသည် ဘုရားကျောင်းတော်သို့ သွား ကာ တရားကိုနာယူရာ နက်နဲသည့် ရုပ်တရားနာမ်တရားများကို နာကြားရ သဖြင့် ဉာဏ်နှင့်အခန့်သင့်ပြီးလျှင် အနာဂါမိဖိုလ်သို့တည်လေသည်။ ထိုသို့ အနာဂါမ် ပုဂ္ဂိုလ်ဖြစ်သွားသဖြင့် ဇနီးဖြစ်သူ ဓမ္မဒိန္နာနှင့် ဆက်ဆံခြင်းသည် ယခင်သောတာပန်ပုဂ္ဂိုလ်ဖြစ်စဉ်က ဆက်ဆံခြင်းမျိုးနှင့်လုံးဝမတူတော့ချေ။ ဓမ္မဒိန္နာအကျိုးအကြောင်းမေးမြန်းသည့်အခါဝယ် ဝိသာခသူဌေးက မိမိသည် အနာဂါမ်အဖြစ်ကို ရရှိပြီးဖြစ်ကြောင်း၊ သို့ဖြစ်၍ မိမိကိုမောင်ဖွားကဲ့သို့ အောက်မေ့၍ ဓမ္မဒိန္နာ နောက်ထပ်အိမ်ထောင်ပြုလိုက ပြုနိုင်ကြောင်းပြောပြ လေသည်။

ထိုအခါ ဓမ္မဒိန္နာသည် ပူဆွေးငိုယိုပြီးနောက် မခံချင်စိတ်ကြောင့် ဘုရားကျောင်းတော်သို့သွား၍ ဘိက္ခုနီမပြုလုပ်ပြီးလျှင် တရားကို အားထုတ် ရာ အာသဝေါကုန်ခမ်းသည့်ရဟန္တာမအဖြစ်သို့ရောက်ရှိသွားသည်။ အနာဂါမ် ပုဂ္ဂိုလ်ဖြစ်သော ဝိသာခသူဌေးမှာ ရဟန်းမပြုနိုင်သည့်အတွက် အိမ်၌ ဝတ် ကြောင်ဖြင့်ကျန်ရစ်လေသည်။ ထိုနောက် ဓမ္မဒိန္နာထေရီသည် ဝိသာခ သူဌေးအား စူဠဝေဒလ္လသုတ်ကိုဟောကြေားသည်။


ဝိသာခ သူဌေးကြီးကဲ့သို့ အနာဂါမ်အဖြစ်သို့ ရောက်သော်လည်း လူဝတ်ကြောင်နှင့်နေသည့် ပုဂ္ဂိုလ်များမှာ အများအပြားပင်ဖြစ်သည်။ ရှေးရှေးဘဝများတွင် ရဟန်းမပြုဖူးသူများ၊ သင်္ကန်းမလှူဖူးသူများသည် ရဟန်းဘဝကိုမရနိုင်ကြဟု အဋ္ဌကထာဆရာကြီးများက အကြောင်းပြကြလေ သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)