ဝိသကြုံ

ဝီကီပီးဒီးယား မှ

ဝိသကြုံ သည် သိကြားမင်း၏ လက်စွဲတော် နတ်သားကြီးဖြစ်ကာ နတ်ပြည်တွင် သိကြားမင်းကြီး စေခိုင်းသည့် အဆောက်အအုံဗိမာန်များကို ဖန်ဆင်းဆောက်လုပ်ပေးရသည့် နတ်သား ဖြစ်သည်။[၁]

အမည်နာမ[ပြင်ဆင်ရန်]

ဝိသကြုံနတ်သားကို ပါဠိဘာသာဖြင့် "သိသုကမ္မဒေဝပုတ္တ" ဟူ၍လည်းကောင်း၊ "သိဿကမ္မဒေဝပုတ္တ" ဟူ၍ လည်းကောင်း ခေါ်သည်။ ထိုပါဠိများမှ ဆင်းသက်လာကာ မြန်မာဘာသာဖြင့် "ဝိသကြုံနတ်သား" ဟူ၍ ဖြစ်လာခဲ့သည်။ အဓိပ္ပာယ်မှာ အဆောက်အအုံများကို ကောင်းမွန်စွာ ဖန်ဆင်းပြုလုပ်နိုင်သည့် နတ်သား ဟု အဓိပ္ပာယ်ရသည်။[၁]

ဘဝဖြစ်စဉ်[ပြင်ဆင်ရန်]

ဝိသကြုံနတ်သားသည် လူ့ဘဝက သိကြားမင်းကြီး မာဃလုလင်နှင့်အတူ သုဓမ္မာဇရပ်ကြီးကို တည်ဆောက်ခဲ့သည့် ခေါင်းဆောင်လက်သမားကြီးတစ်ဦး ဖြစ်သည်။ လူ့ဘဝမှ သေလွန်ခဲ့ပြီးနောက်တွင် နတ်ပြည်တွင် နတ်သားဖြစ်လာခဲ့သည်။ နတ်ပြည်တွင်လည်း အဆောက်အအုံများကို ဆောက်လုပ်ရသည်။ သိကြားမင်းက ဆောက်လုပ်စေခိုင်းသည့် အဆောက်အအုံများကို ဝိသကြုံနတ်သားသည် ဖန်ဆင်းဆောက်လုပ်ပေးရသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ဓမ္မာစရိယဦးအေးနိုင် (ဘီအေ) (ဩဂုတ်လ ၂၀၁၀)။ ဗုဒ္ဓကျမ်းလာ နတ်ဒေဝါများ။ အခန်း - ၄၀၄၊ တိုက် - ၆၊ ညောင်တန်းအိမ်ရာ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့: အလင်းသစ်စာပေ။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)