ဝိရာမ
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။ |
ဝိရာမ (Virama) ဆိုတဲ့ အသုံးကို ယူနီကုဒ်စတင် သုံးမှ ကြားဖူးပါတယ်။ ဝိရာမ ဆိုတာ တကယ်တော့ မြန်မာ အပါအဝင် ဗြဟ္မီပွား အက္ခရာတွေမှာ အသုံးပြုကြပါတယ်။ မြန်မာ ဘာသာ အားဖြင့် ဝိရာမကို အသတ် ( ် ) လို့ ခေါ်ပါတယ်။ ဝိရာမ (विराम) ဆိုသည်မှာ သက္ကတဘာသာဖြင့် ရပ်တန့်ခြင်း၊ အဆုံးသတ်ခြင်း၊ အဆုံးဟု အဓိပ္ပာယ်ရသည်။ မြန်မာ ဘာသာဖြင့် အသတ် ဟု အဓိပ္ပာယ်ရသည်။
- ဝိရာမ (အသတ်) ဆိုသည်မှာ သတ်ခြင်း၊ ရပ်တန့်ခြင်း ဖြစ်သည်။
- ဘာကို သတ်သနည်း။ သရသံကို သတ်ပါသည်။
- ဘာသရကို သတ်သနည်း။ 'အ' သရသံကို သတ်ပါသည်။
- မည်သည့် 'အ'သရကို သတ်သနည်း။ ဗျည်းအတွင်း တိမ်မြုပ်နေသော 'အ' သရကို သတ်ခြင်း ဖြစ်သည်။
ဗျည်းအတွင်း တိမ်မြုပ်နေသော'အ'
[ပြင်ဆင်ရန်]မြန်မာအပါအဝင် ဗြဟ္မီပွားအက္ခရာများ၏ ထူးခြားသော ဝိသေသတစ်ခုမှာ 'အ' သည် ဗျည်းများအတွင်း တိမ်မြုပ်နေခြင်းဖြစ်သည်။ အဓိပ္ပာယ် သတ်မှတ်ချက်အရ ဗျည်းသည် ကိုယ်ပိုင်အသံ မထုတ်နိုင်၊ သရ တစ်ခုခုနှင့်ပေါင်းမှသာ အသံထွက်နိုင်သည်။ က၊ ခ၊ ဂ၊ ဃ၊ င စသော မြန်မာဗျည်းများကို ရွတ်ဆိုကြည့်ပါက အသံပြည့်ထွက်နိုင်သည်ကို တွေ့ရပါမည်။ အကြောင်းမှာ ဗျည်းများ အတွင်း 'အ' သရ ပေါင်းစပ်ထားပြီး ဖြစ်သောကြောင့် ဖြစ်သည်။ ဗျည်းအတွင်း တိမ်မြုပ်နေသော 'အ'သရသံ မပါဘဲ ဗျည်းသက်သက်ပြလိုပါက ဝိရာမ သို့မဟုတ် အသတ်ကိုတင်၍ ပြကြသည်။ ဗြဟ္မီပွားအက္ခရာများတွင် ဤကဲ့သို့ တိမ်မြုပ်နေသော 'အ'သရ ပါရှိကြသည်။
ဗျည်းများနှင့် သရ တွဲဆက်ကြပုံ။
[ပြင်ဆင်ရန်]'က' သည် အမှန်စင်စစ် 'က်'ဗျည်းနှင့် 'အ'သရ ပေါင်းစပ်ထားခြင်းဖြစ်သည်။ အင်္ဂလိပ် အက္ခရာ ဖလှယ်ပါက က=ka ဖြစ်ပြီး က်=k နှင့် အ= a တို့ ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ဒေဝနာဂရီအက္ခရာတွင် क=က,ka ဖြစ်ပြီး क्=က်,k ဖြစ်သည်။
အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ အဲ၊ ဩ၊ ဪ၊ အို ဟူသော မြန်မာ သရ ၁၁ လုံးကို ဗျည်းများနှင့် ပေါင်းစပ်ပါက အောက်ပါအတိုင်း ရသည်။
- က်+အ =က
- က်+အာ =ကာ
- က်+ဣ =ကိ
- က်+ဤ =ကီ
- က်+ဥ =ကု
- က်+ဦ =ကူ
- က်+ဧ =ကေ
- က်+အဲ =ကဲ
- က်+ဩ =ကော
- က်+ဪ =ကော်
- က်+အို =ကို
- (ဣ၊ဤ၊ဥ၊ဦ၊ဧ၊ဩ၊ဪ ကို လုံးချင်း သရဟုခေါ်ပါသည်။ ိ ီ ု ူ ေ ော ော် စသည်တို့မှာ ဗျည်းယှဉ်သရဟုခေါ်ပါသည်။ တနည်း သရသင်္ကေတဟု ခေါ်ပါသည်)
ဝိရာမ အသုံး ၂ မျိုး
[ပြင်ဆင်ရန်]မြန်မာစာတွင် ဝိရာမအသုံး ၂ မျိုးရှိသည်။
- အသတ်အနေဖြင့် သုံးခြင်း၊
- သံယုတ်ခေါ် ဗျည်းဆင့်များတွင် သုံးခြင်း တို့ ဖြစ်သည်။
ဗျည်းဆင့်
[ပြင်ဆင်ရန်]သံယုတ်တွင်သုံးရာမှာ ရှေ့ဗျည်းနှင့် နောက်ဗျည်းကြားမှာ ဝိရာမ ခံရသည်။ လက်ရေးဖြင့်ရေးရာတွင် မသိကြတာများပါတယ်။ ငယ်စဉ်ကတည်းက စာလုံးဆင့်ဖတ်လျင် အပေါ်ဗျည်းကို အသတ်သံဖတ် အောက်ဗျည်းကို သရနဲ့တွဲဖတ်လို့ သင်ခဲ့ဖူးတာ မှတ်မိပါလိမ့်မယ်။
မန္တလေး ကို ပေါင်းပါက အသံအရ မန်+တလေး လို့ ထွက်ကြသည်။ အသတ်နေရာတွင် ဝိရာမ အစားထိုးပါက မန္တလေး ဆိုတဲ့ ပုံစံအတိုင်း ထွက်လာတာ မြင်ရမှာဖြစ်သည်။ ကင်းစီး င်္ ကို ငသတ်ရိုက်ပြီးမှ ဝိရာမ ရိုက်ရသည်။
- ဗုဒ်-ဓ= ဗုဒ္ဓ
- မန်-တလေး= မန္တလေး
- အတ်-တ= အတ္တ
- ခြင်-သေ့= ခြင်္သေ့
- သင်-ဘော= သင်္ဘော
- ဘန်-တေ= ဘန္တေ
မြန်မာယူနီကုဒ်နှင့် ဝိရာမ
[ပြင်ဆင်ရန်]ပထမပိုင်း မြန်မာယူနီကုဒ်တွင် ဝိရာမ တစ်မျိုးသာ ရှိသည်။ ဝိရာမ တစ်မျိုးကပဲ အသတ်နေရာတွင် အသတ် ဗျည်းဆင့်နေရာတွင် ဗျည်းဆင့် လိုအပ်သလို ပြောင်းလဲရသည်။ ဤစနစ်မှာ ဒေဝနာဂရီကဲ့သို့ အက္ခရာများတွင်လဲ ရှိသည်။ ဥပမာ- (कक्)ကက် (कक्क)ကက္က ယပင့်၊ ရရစ်၊ ဝဆွဲ၊ ဟထိုး ကို မူလက မပါဝင်သေးပါ။ ပင့်ရစ်ဆွဲထိုးသည် ယရဝဟ ၏ စာလုံးဆင့်ပုံစံဖြစ်သောကြောင့် သတ်ဆိုင်ရာဗျည်းနှင့် ဝိရာမပေါင်းရိုက်ရန် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ဝိရာမ+ယ= ျ
ဝိရာမ+ရ= ြ
ဝိရာမ+ဝ= ွ
ဝိရာမ+ဟ= ှ
သို့သော်မြန်မာစာ၏ သဘောသဘာဝအရ အဆင်မပြေမှုများ ရှိသဖြင့် နောက်ပိုင်းတွင် အသတ်နှင့် ပင့်ရစ်ဆွဲထိုး ကို ထည့်ပေးရသည်။