ဝါသနာဘာဂီ၊ ဆက်တိုင်းမှီ
ပုံပန်းသွင်ပြင်
ဝါသနာဘာဂီ၊ ဆက်တိုင်းမှီ သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[၁]
အဓိပ္ပာယ်
[ပြင်ဆင်ရန်]“ဝါသနာဘာဂီ ဆက်တိုင်းမှီ” ဆိုသည်မှာ “ဝါသနာဘာဂီ” (ဝါသနာသည် အမွေအနှစ်ကဲ့သို့) “ဆက်တိုင်းမှီ” (ဘဝအဆက်ဆက် လိုက်ပါလာတတ်သည်) ဟု ဆိုလိုသည်။ ဆိုလိုသည်မှာ ယခင်ဘဝများမှ ပြုခဲ့သော အလေ့အကျင့်၊ ဝါသနာများသည် ယခုဘဝတွင်လည်း ဆက်လက် ပါလာတတ်သည်ဟု ယုံကြည်ကြသည်။ ဤဆိုရိုးစကားသည် ဗုဒ္ဓဘာသာ၏ သံသရာစက်ဝန်းနှင့် ကံ၏ အကျိုးပေးခြင်း သဘောတရားကို ထင်ဟပ်စေသည်။ ယခင်ဘဝများတွင် ပြုခဲ့သော အကျင့်ကောင်းများ သို့မဟုတ် အကျင့်ဆိုးများသည် နောက်ဘဝများတွင် အကျိုးသက်ရောက်မှုများ ရှိနိုင်ကြောင်းကို ဖော်ပြသည်။
ကိုးကားချက်များ
[ပြင်ဆင်ရန်]- "ယခုကလျှင်၊ စဦးတင်၍၊ ချစ်ကြင်ပါရ၊ ကံကိစ္စကြောင့်၊ ဘဝနောင်ခါ၊ သံသရာလည်း၊ ဝါသနာဘာဂီ၊ ဆက်တိုင်းမှီ၍၊ ချစ်ညီတူကွ၊ မခွဲကြပြီ၊" [၂]
- "ဝါသနာဘာဂီ၊ ဆက်တိုင်းမှီ ဆိုတဲ့ စကားဟာ လွန်စွာ မှန်သနော်။ ဘဝတစ်ခုက စွဲလမ်းခဲ့တဲ့ ဝါသနာမျိုးဟာ နောက်ဘဝတစ်ခုသို့ လိုက်ပါတတ်တယ်။" [၃]
- "ဗြဟ္မဒတ်မင်းရာဇာမှာ ဝါသနာအတိုင်း ဝါသနာဘာဂီ၊ ဆက်တိုင်းမှီဆိုသလို သားသမင်ကို စားချင်သောက်ချင်တဲ့စိတ် ပေါက်လာတော့…၊" [၄]