ဝါလိုက်ပါ့မိုး

ဝီကီပီးဒီးယား မှ

ဝါလိုက်ပါ့မိုး ကဗျာကို အမည်မသိရှေးစာဆို ရေးသားခဲ့သည်။ ကဗျာအမျိုးအစားမှာ ထားဝယ်တေး ဖြစ်သည်။


မိုးမဝါဘဲ ကြာလေပြီ
မိုးကီးလေကီး လာလေပြီ
မိုး မိုး ဝါလိုက်ပါတော့မိုး။

အီမိုး ခေါင်မြှောန်း ထောန်ရအောင်
မိုး မိုး ဝါလိုက်ပါတော့မိုး။

ပိတော့ပန်မှာ မီးတစ်ကလယ်
သတ်ပါလေ မိုးမင်းကီး။

မိုးထိအောန် လေကားထောန်
မထောင်နိုင်ဘဲ ခေတွဲလဲ
အာလော့ကလီး မိုးမင်းကီး။

မိုး မိုး ကြိုးပါလေ
ရွှေကိုင်းမိုး ကြိုးပါလေ။

မိုး မိုး မိုးရိဆင်
အီမလေ ပလန်မှာ ဝါတဲ့မိုး
မိုးမဝါဘဲ ကြာလေပြီ
မိုးကီး လေကီး လာလေပြီ
မိုး မိုး ဝါလိုက်ပါတော့မိုး။

ခက်ဆစ်

၁။ မိုးမဝါ = မိုးမရွာ။

၂။ မိုးကီးလေကီး = မိုးကြီးလေကြီး။

၃။ အီမိုးခေါင် = အိမ်မိုးခေါင်။ အိမ်ခေါင်မိုး။

၄။ မြှောန်း = မြှုံး။

၅။ ပိတော့ပန် = ပိတောက်ပင်။

၆။ မီးတစ်ကလယ် = မီးတစ်ကျည်။

၇။ သတ်ပါ​လေ = ဆင်းပါလေ။

၈။ အောန် = အောင်။

၉။ ထောန် = ထောင်။

၁၀။ ခေ = ခြေ(ထောက်)။

၁၁။ ကလီး = ကျီးငှက်။

၁၂။ မိုးရိဆင် = မိုးရိပ်ဆင်။

၁၃။ အီမလေပလန် = ဤမြေပြင်။

ခက်ဆစ်အဖွင့်[ပြင်ဆင်ရန်]

ခက်ဆစ် အဖွင့် မှတ်ချက်
မိုးမဝါ မိုးမရွာ ထားဝယ်စကားဖြစ်သည်။
မိုးကီးလေကီး မိုးကြီးလေကြီး
အီမိုးခေါင် အိမ်မိုးခေါင်၊ အိမ်ခေါင်မိုး
မြှောန်း မြှုံး
ပိတော့ပန် ပိတောက်ပင်
မီးတကလယ် မီးတကျည်
သတ်ပါလေ ဆင်းပါလေ
အောန် အောင်
ထောန် ထောင်
ခေ ခြေ(ထောက်)
ကလီး ကျီးငှက်
မိုးရိဆင် မိုးရိပ်ဆင်
အီမလေပလန် ဤမြေပြင်

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာကဗျာလက်ရွေးစင် − အဋ္ဌမတန်း