ဝါပင်
| Cotton plant | |
|---|---|
| Flower of en:Gossypium herbaceum | |
| မျိုးရိုးခွဲခြားခြင်း | |
| လောက: | Plantae |
| Clade: | Angiosperms |
| Clade: | Eudicots |
| Clade: | Rosids |
| မျိုးစဉ်: | Malvales |
| မျိုးရင်း: | Malvaceae |
| မျိုးရင်းသေး: | Malvoideae |
| မျိုးဇာတ်: | Gossypieae |
| မျိုးစု: | Gossypium L.[၁] |
| အမျိုးအစား မျိုးစိတ် | |
| en:Gossypium arboreum | |
| မျိုးစိတ် | |
|
See text. | |
| Synonyms[၁] | |
| |
ပုံသဏ္ဌာန်
[ပြင်ဆင်ရန်]အပင်
[ပြင်ဆင်ရန်]တစ်နှစ်ခံ သို့မဟုတ် နှစ်ရှည်ခံပင်များ ဖြစ်သည်။ အမြင့် ၄ ပေ ခန့်ထိ ရှိသည်။ အကိုင်း ဖြာသည်။ အမွှေးထူ သို့မဟုတ် ပြောင်ချောသည်။ အခေါက် အရောင် ညိုမည်း၏။ အမြစ် အလွန်ဖွာ၍ ဖြူဝါရောင်ရှိ၏။
အရွက်
[ပြင်ဆင်ရန်]ရွက်လွှဲ ထွက်သည်။ လက်ဝါးပုံဖြစ်ပြီး အဝိုက်များ ၃-၅ ခုထိ ပါသည်။ ရွက်ထိပ်ချွန်ပြီး ရွက်ရင်းဝိုင်းသည်။ အရွက်ထက်အောက် မျက်နှာပြင် နှစ်ဖက်လုံး၌ အမွေးနု များရှိ၍ နူးညံ့၏။ ရွက်စွယ် လှံစွပ်ပုံ ဖြစ်သည်။
အပွင့်
[ပြင်ဆင်ရန်]ပွင့်တည်း ဖြစ်၏။ အဝါရောင် သို့မဟုတ် အဖြူရောင် သို့မဟုတ် ပန်းရောင် ဖြစ်၏။ ခေါင်းလောင်း ပုံသဏ္ဌာန် ရှိသည်။ ချဉ်ပေါင်ပွင့်နှင့် ဆင်၏။
အသီး
[ပြင်ဆင်ရန်]အက်ကွဲသီး ဖြစ်သည်။ ဘဲဥပုံ ဖြစ်ပြီး လုံးဝိုင်းသည်။ ၃-၅ မြောင်း ရှိသည်။ အစေ့ ၂၅-၄၀ ထိပါ၍ အညိုရောင်ရှိသည်။
အသုံးပြုနိုင်သည့်အစိတ်အပိုင်းများ
[ပြင်ဆင်ရန်]အစေ့၊ အမြစ်၊ အပွင့် ၊ အရွက်။
မြန်မာနိုင်ငံတွင်တွေ့နိုင်သောနေရာများ
[ပြင်ဆင်ရန်]မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သော်လည်း မိုးနည်းသော အရပ်တွင် ပိုမို ဖြစ်ထွန်းသည်။
ပေါက်ရောက်ပုံ
[ပြင်ဆင်ရန်]စိုက်ပျိုးပင် ဖြစ်သည်။
စိုက်ပျိုးပုံ
[ပြင်ဆင်ရန်]- (က)မြေပြုပြင်ခြင်း-- စိုက်ခင်းမြေ အားကောင်းစွာ မှုန့်ညက်အောင် ပြုပြင်သင့်သည်။
- (ခ)စိုက်ပျိုးခြင်း--အတန်းလိုက် စိုက်ပျိုးရန် လိုအပ်သည်။ တစ်တန်းနှင့် တစ်တန်း ၂-၄ ပေ၊ တစ်ပင်နှင့် တစ်ပင် ၂-၄ ပေ မြေ၏ အခြေအနေ ကိုကြည့်၍ စိုက်သင့်သည်။ နှမ်း ၊ ပဲ စသည် တို့နှင့်လည်း သီးညှပ် အဖြစ် ရောနှော စိုက်နိုင်သည်။
- (ဂ)ပြုစုဂရုစိုက်ခြင်း-- ပေါင်းသင်ခြင်း၊ ပိုးမွှား ကာကွယ်ခြင်း၊ ပင်ကျပ် နုတ်ခြင်းတို့ကို လိုအပ်သလို ပြုစုပေးရမည်။
- (ဃ)ကောက်သိမ်းခြင်း-- ဝါပေါက် ကောင်းစွာ ကွဲအက်လာသော အခါတွင် ကောက်ယူရမည်။
အသုံးဝင်ပုံ
[ပြင်ဆင်ရန်]မြန်မာ ဆေးကျမ်း များအလို အရ ဝါဖူးသည် ချို၏။ အေး၏။ ၀ဖြိုးစေ၏။ နို့ကို ပွားစေ၏။ သည်းခြေ ရောဂါ ၊ သလိပ်ရောဂါများကို ကင်းဝေးစေ၏။ ရေငတ်ခြင်းကို ပြေပျောက်စေ၏။ စိတ်ပျံ့လွင့်ခြင်း၊ သတိမေ့ခြင်းများကို ကင်းဝေးစေ၏။ အရွက်သည် လေရောဂါကိုနိုင်၏။ သွေးကို တိုးပွားစေ၏။ ဆီးရွှင် စေ၏။ နားရောဂါနှင့် စပ်လျဉ်းသော ရောဂါများကို ကင်းဝေးစေ၏။ အစေ့သည် နို့ကိုပွားစေ၏။ ကာမအား ကိုတိုးစေ၏။ ဝါပင်၏ အစိတ်အပိုင်း အားလုံးသည် အရေပြားရောဂါ၊ မြွေဆိပ်၊ ကင်းဆိပ်နှင့် သားအိမ်၌ ထိုးကျင်ခြင်းတို့ကို ပျောက်ကင်းစေ၏။
အသုံးပြုပုံ
[ပြင်ဆင်ရန်]အစေ့--
- ဝါစေ့အဆံကို ကြိတ်၍ မီးလောင်နာများကို လိမ်းပေးက ပူလောင်ခြင်းပျောက်၏။
- ဝါစေ့အတွင်းသား အဆံကို နွားနို့နှင့် ကျိုစားက ဦးနှောက် အားနည်းခြင်းပျောက်၏။
- ဝါစေ့နှင့် ချင်းခြောက်ကို ရေနှင့် သွေးလိမ်းသော် လိင်ဥရောင်ခြင်း ပျောက်၏။
- ဝါစေ့ကို ပြုတ်ငုံသော် သွားနာသွားကိုက် ပျောက်၏။
- ဝါစေ့ကို ကြိတ်၍ မီးကင်ပြီး အပြားလေးများ ပြုကာ အသမာနှင့် သွေးစုနာများကို အုံပေး၊ ကပ်ပေးပါက အနာများ ပျောက်၏။
အမြစ်--
- ဝါမြစ်ကို ကျက်ကျက် ပြုတ်သောက်က ဆီးပူရောဂါ နှင့် ဆီးသွားသောအခါ နာကျင်ခြင်းပျောက်၏။
- ဝါမြစ်ခေါက်ကို ပြုတ်သောက်သော် မီးယပ်လာစဉ် သွေးလွန်သောရောဂါ ပျောက်၏။
- ဝါမြစ်ကို ဆန်ဆေးရည်နှင့် သွေးသောက်သော် မီးယပ်ဖြူဆင်းသောရောဂါ ပျောက်၏။
အပွင့်--
- ဝါပွင့်ကို ရှာလပတ်ရည် လုပ်သောက်သော် စိတ်နောက်ခြင်း၊ ရူးသွပ်ခြင်း ပျောက်၍ စိတ်ကို ရွှင်လန်းစေသည်။
- ဝါပွင့်ကို ပြာချ၍ သိပ်ပေးပါက အနာစိမ်း အနာစက် များ အသားနုတက်၍ ပျောက်၏။
အရွက်--
- ဝါရွက်ကို ကြိတ်ညှစ်၍ သောက်သော် အစာမကြေ ဝမ်းသွားရောဂါ ပျောက်၏။ [၂]
ကိုးကား
[ပြင်ဆင်ရန်]- 1 2 Genus: Gossypium L။ Germplasm Resources Information Network။ United States Department of Agriculture (2007-03-12)။ 17 July 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 November 2021 တွင် ပြန်စစ်ပြီး။
- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 25 December 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 November 2011 တွင် ပြန်စစ်ပြီး။